သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုက်တာသတင်းထောက်နှစ်ဦးအမှု ကုလ လူ့အခွင့်အရေးမှူးတွေ စိုးရိမ်


ရခိုင်ပြည်နယ်က ပဋိပက္ခတွေနဲ့ ပတ်သက်တွေလို့ သတင်းယူရင်း ဖမ်းဆီးခံခဲ့ရတဲ့ Reuters သတင်းဌာနက မြန်မာသတင်းသမား ၂ ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားစွဲဆိုဖို့ တရားရုံးက ဆုံးဖြတ်လိုက်တဲ့အပေါ် အလွန်အမင်းစိုးရိမ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်တွေက ပြောဆိုလိုက်ကြပါတယ်။

စွပ်စွဲချက်တွေအားလုံး ရုပ်သိမ်းပြီး၊ အမြန်ဆုံး ပြန်လွှတ်ပေးဖို့လည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee နဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် အကာအကွယ်ပေးရေးနဲ့ မြှင့်တင်ရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် David Kaye တို့က ဒီနေ့ပဲ ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့ကြတာပါ။

Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကိုတော့ အမြင့်ဆုံးထောင်ဒဏ် ၁၄ နှစ်အထိ ကျခံရနိုင်တဲ့ ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ လျို့ဝှက်ချက် အက်ဥပဒေနဲ့ အရေးယူဖို့ ရန်ကုန်တိုင်းမြောက်ပိုင်းခရိုင်တရားရုံးက တနင်္လာနေ့မှာပဲ ဆုံးဖြတ်ချက် ချခဲ့တာ ဖြစ်ပါတယ်။ ဖမ်းဆီးခံ သတင်းထောက်တွေဟာ ပြင်ပနဲ့ ဆက်သွယ်ခွင့်မရကြသလို၊ ကျန်းမာရေးအတွက် ဆေးကုသခွင့်် မရတာ၊ အိပ်ရေးပျက်တာ အပါအဝင် ဆိုးရွားတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့အပေါ်မှာလည်း စိတ်ပျက်မိကြောင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တွေက ကြေညာချက်မှာ ပြောဆိုခဲ့ကြတာပါ။

သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ အများပြည်သူ သတင်းတွေ သိရှိခွင့်ရရေးအပေါ် မြန်မာအာဏာပိုင်တွေ အနေနဲ့ လေးစားလိုက်နာဖို့၊ မီဒီယာလုပ်ငန်းတွေ ဘေးအန္တရာယ်ကင်းကင်း လုပ်နိုင်အောင် သတင်းသမားတွေကို အကာအကွယ်ပေးဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။ သတင်းသမားတွေ အပါအဝင် တက်ကြွလှုပ်ရှားသူတွေ အရေးယူခံရလေ့ ရှိတတ်တဲ့ မြန်မာနိုင်ငံ လျို့ဝှက်ချက် အက်ဥပဒေကိုလည်း ပြန်လည်သုံးသပ်ပြီး၊ နိုင်ငံတကာဥပဒေတွေအရ တာဝန်ရှိတဲ့အတိုင်း ပြင်ဆင်ဖို့လည်း တိုက်တွန်းခဲ့ကြပါတယ်။

ရိုက်တာသတင်းထောက်နှစ်ဦးအမှု ကုလ လူ့အခွင့်အရေးမှူးတွေ စိုးရိမ်
please wait

No media source currently available

0:00 0:01:35 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG