သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဂျပန်ငလျင် ၇ ဦးထက်မနည်း သေဆုံး


ဂျပန်နိုင်ငံမြောက်ပိုင်း Hokkaido ကျွန်းမှာ ပြင်းအား ၆.၇ ရှိတဲ့ ငလျင်တခု ဒီနေ့လှုပ်ခတ်ခဲ့ရာက သေဆုံးသူအဖြစ် တရားဝင် အတည်ပြုနိုင်သူ ၇ ဦးအထိ ရှိသွားပါပြီ။ ငလျင်ဟာ Tomakomai မြို့ အရှေ့ဖက် မြေအောက် ကီလိုမီတာ ၄၀ အနက်မှာ ဗဟိုပြုလှုပ်ခတ်ခဲ့တာ ဖြစ်ကြောင်းလည်း ဂျပန်နိုင်ငံမိုးလေ၀သဌာနက ပြောပါတယ်။ ပြင်းထန်တဲ့ ငလျင်ကြောင့် ရာနဲ့ချီတဲ့အိမ်တွေ မြေအောက်ရောက်ကုန်သလို၊ ဒေသခံကျေးရွာ လမ်းတွေပေါ်မှာလည်း ရွှံ့ရေတွေနဲ့ ပြည့်နှက်နေခဲ့တာပါ။

ကျွန်းပေါ်မှာရှိတဲ့ အိမ်ထောင်စု ၃ သန်းနီးပါးဟာလည်း လျှပ်စစ်မီးတွေ ပြတ်တောက်နေပါတယ်။ ကျွန်းပေါ်မှာ ပြေးဆွဲနေတဲ့ ရထားနဲ့ Chitose နိုင်ငံတကာ လေဆိပ်ကိုလည်း ပိတ်ထားရပါတယ်။ ငလျင်ကြောင့် လူပေါင်း ၁၄၀ လောက် ထိခိုက်ဒဏ်ရာ ရခဲ့ကြပြီး၊ အပျက်အစီးတွေကြားမှာ လူ ၄၀ လောက် ပျောက်ဆုံးနေကြောင်းလည်း နိုင်ငံပိုင် NHK သတင်းကကြေညာထားပါတယ်။ ငလျင်ဒဏ်သင့် Hokkaido ကျွန်းကို ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ သောင်းခွဲလောက် စေလွှတ်ထားပြီး၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် ထောင်ချီတဲ့တပ်ဖွဲ့ဝင်တွေ ထပ်မံစေလွှတ်သွားမှာ ဖြစ်ကြောင်းလည်း ၀န်ကြီးချုပ် Shinzo Abe ကပြောဆိုထားတာပါ။ ငလျင်လှုပ်ခဲ့တဲ့အတွက် ဘေးကင်းလုံခြုံမှုရှိမရှိ စစ်ဆေးဖို့ Tomari နျူကလီးယား စက်ရုံက ဓာတ်ပေါင်းဖို ၃ ခုကိုလည်း ရပ်နားထားပါတယ်။

စက်ရုံမှာအသုံးပြုနေတဲ့ နျူကလီးယားလောင်စာတွေကို အအေးခံဖို့အတွက် အရံဓာတ်အားပေးစက်ကို သုံးနေကြောင်းလည်း စက်ရုံတာဝန်ရှိသူတွေက ပြောဆိုထားတာပါ။ ဂျပန်နိုင်ငံ အရှေ့မြောက်ဖက်မှာ ၂၀၁၁ ခုနှစ် မတ်လတုန်းက ငလျင်နဲ့ဆူနာမီရေလှိုင်းဒဏ် ခံခဲ့ရစဉ်တုန်းက Fukushima Dai-ichi နျူကလီးယားစက်ရုံမှာ ပင်မဓာတ်အားပေးစက်နဲ့ အရံဓာတ်အားပေးစက် ၂ ခုစလုံး ပျက်စီးသွားခဲ့တဲ့အတွက် နျူကလီးယားလောင်စာတွေ အရည်ပျော်ကျခဲ့ပြီး၊ ရေဒီယိုသတ္တိကြွဓာတ်တွေလည်း ပျံ့နှံ့ခဲ့ပါတယ်။

ဂျပန်ငလျင် ၇ ဦးထက်မနည်း သေဆုံး
please wait

No media source currently available

0:00 0:01:22 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG