သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ကာကွယ်ရေးအသုံးစရိတ် ၂ ဆကျော် ပိုတောင်း


ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနဟာ ဒုံးကျည်ကာကွယ်ရေးစနစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ကို နှစ်ဆကျော် တိုးပြီး တောင်းခံထားပါတယ်။ အဲဒီထဲမှာ မြောက်ကိုရီးယားရန်ကို ကာကွယ်ဖို့အတွက် ဈေးကြီးတဲ့ အမေရိကန် စစ်လက်နက်ပစ္စည်းတွေ ဝယ်ဖို့လည်း ပါဝင်ပါတယ်။

စံချိန်တင်လောက်အောင်များတဲ့ ၂၀၁၉ ခုနှစ် ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ် အမေရိကန်ဒေါ်လာ ၄၇ ဘီလီယံံကို ဂျပန်ကာကွယ်ရေးဌာနက သောကြာနေ့မှာ အတည်ပြုလိုက်တာပါ။ ဒီအသုံးစရိတ်ဟာ ပြီးခဲ့တဲ့နှစ်ကထက် ၂.၁၅% ပိုများပြီး ဝန်ကြီးချုပ် Shinzo Abe လက်ထက်မှာ ခုနစ်နှစ်မြောက်ဆက်တိုက် ပိုတိုးလာတာဖြစ်ပါတယ်။

ဒုံးကျည်ကာကွယ်ရေးအတွက်ဆိုရင် ပြီးခဲ့တဲ့ဘဏ္ဍာနှစ်မှာ ဒေါ်လာ ၁.၆ ဘီလီယံကျော် သုံးခဲ့တာကနေ လာမယ့်နှစ်မှာ ဒေါ်လာ ၃.၈ ဘီလီယံအထိ တိုးသွားတာပါ။ ဂျပန်အစိုးရတရပ်လုံးရဲ့ အသုံးစရိတ်အစီအစဉ်ကို အတည်ပြုဖို့အတွက် ဒီနှစ်နှောင်းပိုင်းမှာ အစိုးရအဖွဲ့နဲ့ လွှတ်တော်တို့ကို တင်သွင်းမှာဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာချထားတဲ့ အမေရိကန်တပ်ဖွဲ့ဝင် ၅၀,၀၀၀ ထဲက အများအပြားရှိနေတဲ့ အိုကီနာဝါကျွန်းရဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချဖို့ အသုံးပြုမယ့်ကုန်ကျစရိတ်နဲ့ တပ်ဖွဲ့ဝင်အရေအတွက် တစိတ်တပိုင်းကို ပစိဖိတ်သမုဒ္ဒရာထဲက အမေရိကန်ပိုင်နယ်ဖြစ်တဲ့ Guam ကျွန်းကို ရွှေ့ပြောင်းရေး ကုန်ကျစရိတ်တွေ အခုတွက်ချက်ထားတဲ့ အသုံးစရိတ်ထဲမှာ မပါသေးတဲ့အတွက် နောက်ဆုံး အတည် ဖြစ်မယ့် အသုံးစရိတ်ပမာဏဟာ ဒီ့ထက် ပိုများဖွယ်ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG