သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်ဖွန်း Jebi ကြောင့် ဂျပန်မှာ လူတသန်းကျော် ဘေးလွတ်ရာပြောင်းရွှေ့


ဂျပန်နိုင်ငံ အနောက်ဖက် ကမ်းရိုးတန်း နေရာတော်တော်များများကို Jebi တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်လာတဲ့အတွက် လူပေါင်း တသန်းကျော်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးထားရပါတယ်။ မုန်တိုင်းကြောင့် လူ ၆ ယောက်ထက်မနည်းလည်း သေဆုံးခဲ့တာပါ။ တနာရီလေတိုက်နှုန်း ကီလိုမီတာ ၁၆၀ နဲ့ ဒီနေ့အစောပိုင်းမှာပဲ Shikoku ကျွန်းကို ဝင်ရောက်လာတဲ့ မုန်တိုင်းဟာ မိုးသက်လေပြင်းကျစဉ် တနာရီ ၂၁၅ ကီလိုမီတာအထိ ရှိခဲ့ပြီး ၁၉၉၃ ခုနှစ်ကစလို့ ဂျပန်နိုင်ငံမှာ အင်အားအပြင်းဆုံး မုန်တိုင်းတခုလည်း ဖြစ်ပါတယ်။

Shikoku ကျွန်းကို ဝင်ရောက်ခဲ့တဲ့ မုန်တိုင်းဟာ Honshu ကျွန်း အရှေ့မြောက်ဖက်ကို ရွှေ့လျားပြီးနောက်မှာတော့ Kobe မြို့အနီး ကုန်းတွင်းကို ဝင်ရောက်ခဲ့ပါတယ်။ Jebi မုန်တိုင်းကြောင့် မိုးသည်းထန် လေပြင်းတိုက်ခတ်ပြီး ရေကြီး၊ မြေပြိုမှုတွေ ကြုံရနိုင်ကြောင်းလည်း သတိပေးထားတာပါ။

ဒေသတွင်းမှာရှိတဲ့ လေယာဉ်ခရီးစဉ်ပေါင်း ၇၀၀ ကျော်အပြင်၊ ကူးတို့သင်္ဘောနဲ့ ဒေသခံရထား ပြေးဆွဲမှုတွေကိုလည်း အာဏာပိုင်တွေ ရပ်ဆိုင်းလိုက်သလို၊ တိုကျိုမြို့တော်နဲ့ ဟီရိုရှီးမားကြား ပြေးဆွဲနေတဲ့ ကျည်ဆံအမြန်ရထားကိုလည်း ရပ်နားထားပါတယ်။ မုန်တိုင်းကြောင်း အိုဆာကာမြို့က နာမည်ကျော် Universal Studios အပမ်းဖြေ လည်ပတ်ရာ နေရာကိုလည်း ပိတ်ထားရပါတယ်။ ဂျပန်နိုင်ငံ အနောက်ဖက်တလျှောက်မှာ လူပေါင်းတသိန်း ၇ သောင်း လောက်ဟာလည်း လျှပ်စစ်မီးပြတ်တောက်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG