သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်ဖွန်း Koppu ကြောင့် ဖိလစ်ပိုင်မှာ ၁၁ ဦးသေ


ဖိလစ်ပိုင်နိုင်ငံမှာ တိုင်ဖုန်းမုန်တိုင်း Koppu ကြောင့် ရေလွှမ်းနေတဲ့ Zaragosa မြို့မြင်ကွင်း။ (အောက်တိုဘာ ၁၉၊ ၂၀၁၅)
ဖိလစ်ပိုင်နိုင်ငံမှာ တိုင်ဖုန်းမုန်တိုင်း Koppu ကြောင့် ရေလွှမ်းနေတဲ့ Zaragosa မြို့မြင်ကွင်း။ (အောက်တိုဘာ ၁၉၊ ၂၀၁၅)

ဖိလစ်ပိုင်နိုင်ငံ ကုန်းတွင်းပိုင်းကို တဖြည်းဖြည်းချင်း ဝင်ရောက်လာနေတဲ့ တိုင်ဖုန်း Koppu ကြောင့် လူပေါင်း ၁၁ ယောက်ထက်မနည်း သေဆုံးခဲ့ရသလို မုန်တိုင်းကြောင့် ကြုံရတဲ့ရေဘေးဒဏ်ကြောင့် ပိတ်မိနေတဲ့ ဒေသခံရွာသား ရာပေါင်းများစွာကို အကူအညီပေးဖို့ စစ်တပ်၊ ရဲနဲ့ စေတနာ့ဝန်ထမ်း အရေးပေါ် ကယ်ဆယ်ရေးတွေ ကြိုးပမ်းနေကြပါတယ်။

၂ ရက်ကြာ မိုးဆက်တိုက် ရွာသွန်းရာက အိမ်ခေါင်မိုးပေါ်မှာ တက်နေရသူတွေ အများအပြား အပါအဝင် နိုင်ငံမြောက်ပိုင်း Luzon ကျွန်း အတွင်းပိုင်းက နေအိမ်တွေမှာ ပိတ်မိနေသူတွေကို ကူညီနိုင်ဖို့ ကယ်ဆယ်ရေး လုပ်သားတွေ ရာဘာလှေတွေနဲ့ သွားနေကြတာပါ။ မုန်တိုင်းဟာ ကုန်းတွင်းကို ဝင်ရောက်လာရာက အနည်းငယ် အားပျော့လာပေမဲ့ လေပြင်းတွေနဲ့ မိုးသည်းထန်မှုကြောင့် လျှပ်စစ်ဓာတ်အားလိုင်းတွေ၊ ဆက်သွယ်ရေးတွေ ပြတ်တောက်ကုန် ပါတယ်။ မုန်တိုင်းနဲ့အတူ ဗုဒ္ဓဟူးနေ့အထိ မိုးဆက်ရွာမယ်လို့လည်း ခန့်မှန်းထားပါတယ်။

မုန်တိုင်းကြောင့် Luzon ကျွန်းက လေယာဉ်ခရီးစဉ်တွေနဲ့ ကူးတို့သင်္ဘော အသွားအလာတွေ ထိခိုက်ခဲ့ရသလို ထောင်နဲ့ချီတဲ့လူတွေဟာလည်း လျှပ်စစ်မီး ပြတ်လပ်မှုဒဏ် ခံနေရပါတယ်။

ကျွန်းရဲ့မြောက်ပိုင်းမှာ လေဖိအားများနေပြီး ပစိဖိတ်သမုဒ္ဒရာ အနောက်မြောက်ဘက် မှာ နောက်ထပ် တိုင်ဖုန်းမုန်တိုင်းတခု ဖြစ်ပေါ်နေတာကြောင့် Koppu တိုင်ဖုန်းမုန်တိုင်းဟာ Luzon ကျွန်းမှာ နောက်ထပ် ရက်အတော်ကြာ ရှိနေဦးမယ်လို့လည်း မိုးလေဝသ ပညာရှင်တွေက ခန့်မှန်းထားကြတာပါ။ မုန်တိုင်းကြောင့် နောက်လာမယ့်ရက်တွေအတွင်း မိုးရေချိန် ၂၃ လက်မခွဲကျော်နိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

XS
SM
MD
LG