သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ်တွင်း အမေရိကန်-ဂျပန် ပူးတွဲစစ်ရေးလေ့ကျင့်


USS Ronald Reagan
USS Ronald Reagan

အမေရိကန်နဲ့ ဂျပန် ရေတပ်ဖွဲ့တွေပူးတွဲပြီး သောကြာနေ့က တောင်တရုတ်ပင်လယ်ထဲမှာ စစ်ရေးလေ့ကျင့်ကြတယ်လို့ အမေရိကန်ရေတပ်ရဲ့ တရားဝင် သတင်းထုတ်ပြန်ချက်တခုမှာ ဖော်ပြထားပါတယ်။

အမေရိကန်ရေတပ်က USS Ronald Reagan လေယာဉ်တင်သင်္ဘောဦးဆောင်တဲ့ ရေတပ်အုပ်စုနဲ့ ဂျပန် ရေကြောင်း ကာကွယ် ရေးတပ်ဖွဲ့က Escort Flotilla 4 ရေတပ်အုပ်စုတို့ ပူးတွဲပြီး နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ထဲမှာ စစ်ရေးလေ့ကျင့်ကြတာပါ။

ဒီလေ့ကျင့်မှုမှာ တိုက်သင်္ဘောတွေ၊ ဖျက်သင်္ဘောတွေ၊ ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘောတွေ၊ တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ စသည်အားဖြင့် ပါဝင်ပါတယ်။ “လွတ်လပ်ပြီး လမ်းဖွင့်ထားတဲ့ အင်ဒို-ပစိဖိတ်ဒေသ” ဆိုတဲ့ အမေရိကန်ရဲ့ မျှော်မှန်းချက်ကို ပြည့်မီစေဖို့ရည်ရွယ်ချက်နဲ့ ဒီလို ပူးတွဲ စစ်ရေးလေ့ကျင့်တာပါ။ အမေရိကန်ရဲ့ အဲဒီအမြင်ကို မဟာမိတ်တွေက လက်ခံထားပေမဲ့ တရုတ်နိုင်ငံနဲ့တော့ လုံးဝကွဲပြားပါတယ်။

တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်ထဲက သူတို့ထိန်းချုပ်ထားတဲ့နေရာတွေမှာ ဆက်သွယ်ရေးတွေကို ကြားဖြတ်နှောင့်ယှက် တဲ့ စနစ်တွေ၊ သင်္ဘောဖျက် ခရုဇ်ဒုံးကျည်တွေ၊ မြေပြင်က ဝေဟင်ပစ် ဒုံးကျည်တွေနဲ့ ဗုံးကျဲလေယာဉ်ကြီးတွေ ချထားတယ်ဆိုတဲ့ သတင်းတွေက ထွက်ထားတာပါ။

တရုတ်ရဲ့ အဲဒီလုပ်ရပ်ဟာ “ခြိမ်းခြောက် ဖိအားပေး အကျပ်ကိုင်” တဲ့လုပ်ရပ်ဖြစ်တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Jim Mattis က ပြောဆိုထားပါတယ်။

တောင်တရုတ်ပင်လယ်တွင်း အမေရိကန်-ဂျပန် ပူးတွဲစစ်ရေးလေ့ကျင့်
please wait

No media source currently available

0:00 0:01:00 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG