သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ် တရုတ်စစ်ရေးတည်ဆောက်မှု ကန်သတိပေး


တောင်တရုတ်ပင်လယ်ထဲမှာ တရုတ်က လက်နက်အသစ်တွေ ချထားတယ်ဆိုတဲ့သတင်းတွေ ထွက်နေချိန်မှာပဲ တောင်တရုတ် ပင်လယ်တွင်း စစ်ရေးတည်ဆောက်မှုနဲ့ပတ်သက်ပြီး အကျိုးဆက်တွေဖြစ်လာလိမ့်မယ်လို့ အမေရိကန်က တရုတ်ကို သတိပေး လိုက်ပါတယ်။

ဒါ့အပြင် ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ရေပြင်နယ်နမိတ်တွေမှာ ကင်းလှည့်တဲ့နှုန်းနဲ့ အကြိမ်အရေအတွက်ကိုလည်း သမ္မတထရမ့်ပ် အစိုးရက တိုးမြှင့်လုပ်ဆောင်နေပါတယ်။ ဒါဟာ “လွတ်လပ်ပြီး ဖွင့်ထားတဲ့ အင်ဒို-ပစိဖိတ် မဟာဗျူဟာ” ဆိုတဲ့ အာရှဆိုင်ရာ မူဝါဒအရ လုပ်ဆောင်တာဖြစ်ပြီး သူတို့ပိုင်ဆိုင်တဲ့ ရေပြင်နယ်နိမိတ်ဆိုပြီး နိုင်ငံတွေက အလွန်အကျွံပြောတာကို ကန့်ကွက်တဲ့ သဘောပြတာဖြစ်တယ်လို့ အမေရိကန်အစိုးရက ပြောပါတယ်။

“ဒီအခြေအနေနဲ့ပတ်သက်ပြီး စိုးရိမ်ချက်တွေကို တရုတ်နဲ့ တိုက်ရိုက်ပြောထားပါတယ်။ သိပ်မကြာခင်ကာလနဲ့ ရေရှည်မှာ အကျိုး ဆက်တွေရှိလာပါလိမ့်မယ်” ဆိုပြီး အိမ်ဖြူတော်ပြောခွင့်ရ Sarah Huckabee Sanders က ဗွီအိုအေရဲ့ မေးခွန်းကိုဖြေထားပါ တယ်။

တောင်တရုတ်ပင်လယ်ထဲက ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ Spratly ကျွန်းစုတွေမှာ သင်္ဘောဖျက် ခရုဇ်ဒုံးကျည်တွေနဲ့ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်တွေကို တရုတ်က ချထားတယ်ဆိုတဲ့သတင်းတွေ ထွက်နေချိန်မှာပဲ အိမ်ဖြူတော်ပြောခွင့်ရက အဲဒီလိုပြော တာပါ။ အဲဒီလို ဒုံးကျည်တွေ ချထားတာဟာ စစ်ရေးတည်ဆောက်တာနဲ့ ဘာမှမဆိုင်ဘူးလို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Hua Chunying က သောကြာနေ့မှာ ငြင်းပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG