သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ်တွင်း အငြင်းပွါးကျွန်းတွေနား ကန်စစ်ရေယာဉ် ခုတ်မောင်း


USS Mustin စစ်သင်္ဘော တောင်တရုတ်ပင်လယ်ထဲ စစ်ရေးလေ့ကျင့်စဉ်။ ဧပြီ ၂၁၊ ၂၀၁၅။
USS Mustin စစ်သင်္ဘော တောင်တရုတ်ပင်လယ်ထဲ စစ်ရေးလေ့ကျင့်စဉ်။ ဧပြီ ၂၁၊ ၂၀၁၅။

မြောက်ကိုရီးယားနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လုပ်ဖို့ အမေရိကန် သမ္မတ Donald Trump ကလုပ်ဆောင် နေချိန်မှာပဲ အမေရိကန် ရေတပ်သဘောၤကြီး ၂ စင်း တရုတ်အစိုးရပိုင်ဆိုင်ကြောင်းကြေညာထားတဲ့ တောင်တရုတ်ပင်လယ်ပြင်ထဲက ကျွန်းတွေအနားမှာ ခုတ်မောင်း ခဲ့တယ်လို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။

ဒါဟာ မဟာဗျူဟာကျတဲ့ ရေကြောင်းလမ်းရဲ့ လွတ်လပ်စွာသွားလာခွင့်ကို တရုတ်က ကန့်သတ်တယ်လို့ မြင်တဲ့အတွက် အမေရိကန်ဘက် တုန့်ပြန်တဲ့ လုပ်ဆောင်မှုတခု ဖြစ်ပါတယ်။

ဒီလုပ်ဆောင်မှုအတွက် လအတော်ကြာ ကြိုတင်စီစဉ်ခဲ့တာ ဖြစ်ပြီး၊ အလားတူ ပုံမှန်လှုပ်ရှားမှုတွေ လုပ်ဖို့လည်း ရှိနေတာပါ။ ဒါပေမယ့် အခုအချိန်ဟာ တရုတ်နဲ့ အမေရိကန်တို့ကြား အမှားမခံတဲ့ အချိန်မျိုးဖြစ်နေသလို မကြာသေးခင်ကပဲ အမေရိကန်က တရုတ်ကို မဖိတ်ခေါ်ပဲ အဓိက ရေကြောင်းလေ့ကျင့်မှုကြီးကို ကမကထ လုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

တောင်တရုတ်ပင်လယ်ပြင်ထဲမှာ အိမ်နီးချင်းနိုင်ငံတွေနဲ့ တရုတ်တို့ နယ်မြေပိုင်နက်ဆိုင်ရာ အငြင်းပွါးနေတဲ့ Paracel ပါရာစဲလ် ကျွန်းစုတွေနား ရေမိုင် ၁၂ မိုင် အတွင်းမှာ အမေရိကန်က စစ်သင်္ဘောကြီးတွေဖြစ်တဲ့ Higgins နဲ့ Antietam တို့ ရောက်နေတာပါ။

"ၤFreedom of navigation" လို့သိကြတဲ့ အမေရိကန်ရဲ့ ရေကြောင်း လွတ်လပ်စွာသွားလာရေး အတွက် လုပ်ဆောင်နေတဲ့ စစ်ဆင်ရေးတွေ ကြောင့် တရုတ်ဘက်က ပြောင်းလဲလာတာမျိုးတော့ သိပ်မတွေ့ရဘူးလို့ အကဲခတ်တွေက ဝေဖန်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG