သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ်ကျွန်း တရုတ်ဗုံးကြဲလေယာဉ် ဆင်းသက်


H-6K parade 20150903 AP
H-6K parade 20150903 AP

တောင်တရုတ်ပင်လယ်တွင်း ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကျွန်းတကျွန်းပေါ်မှာ တည်ဆောက်ထားတဲ့ လေယာဉ်ကွင်းမှာ တရုတ် လေတပ်က တာဝေးသွား ဗုံးကြဲလေယာဉ်တွေ ပထမဆုံးအကြိမ် ဆင်းသက်လိုက်တယ်လို့ တရုတ်နိုင်ငံပိုင် CCTV ရုပ်သံသတင်း ဌာနက ပြောပါတယ်။ ဒီအခြေအနေဟာ နယ်မြေပိုင်ဆိုင်ကြောင်း တရုတ်ကပြောတာတွေ ပိုပြီးကျယ်ပြန့်လာနေတဲ့အပေါ် နောက်ထပ် စိုးရိမ်မှုတွေ တိုးလာနိုင်စေပါတယ်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA လေတပ်ရဲ့ လေ့ကျင့်မှုမှာ H-6K ဗုံးကြဲလေယာဉ်တွေ လေဆိပ်မှာ အတက် အဆင်းလုပ်တာ ပါဝင်တယ်လို့ CCTV ကပြောပါတယ်။

PLA လေတပ်ရဲ့ ဗုံးကြဲလေယာဉ်တပ်ဖွဲ့ တပ်ရင်းမှူး Wang Guosong က ဒီလေ့ကျင့်ခန်းဟာ “ဒေသအားလုံးကို ဝင်ထွက်သွား လာနိုင်တာနဲ့ အချိန်မရွေး နည်းလမ်းပေါင်းစုံနဲ့ တိုက်ခိုက်နိုင်စွမ်းတို့ကို ဦးတည်တဲ့ အရေးပါတဲ့ အဆင့်တဆင့်ဖြစ်တယ်” လို့ CCTV ကိုပြောပါတယ်။

တောင်တရုတ်ပင်လယ်တွင်းက ကျွန်းတွေ၊ သန္တာကျောက်တန်းတွေနဲ့ ရေငံအိုင်တွေကို ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေကြား အငြင်းပွားနေတာပါ။ တောင်တရုတ်ပင်လယ်ဟာ ကမ္ဘာလုံးဆိုင်ရာ ရေကြောင်းကုန်သွယ်ရေးအတွက် အရေးပါသလို ငါးသယံဇာတပေါကြွယ်ဝပြီး ရေနံနဲ့သဘာဝဓာတ်ငွေ့တွေ ရှိမယ်လို့လည်း ယူဆထားကြပါတယ်။

တောင်တရူတ်ပင်လယ်ကျွန်း တရုတ်ဗုံးကြဲလေယာဉ် ဆင်းသက်
please wait

No media source currently available

0:00 0:00:55 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG