(Zawgyi/Unicode)
ခရိုေအးရွားနိုင္ငံမွာ အဂၤါေန႔က ရစ္ခ်္တာစေကး ၆ ဒႆမ ၄အင္အားရွိတဲ့ ျပင္းထန္တဲ့ ေျမငလ်င္လႈပ္ခဲ့တာေၾကာင့္ ၁၂ ႏွစ္အရြယ္ မိန္းကေလးတစ္ဦး အပါအဝင္ လူ ၅ ဦး ေသဆုံးသလို လူ ၂၀ ထက္မနည္း ဒဏ္ရာ ရရွိတယ္လို႔ တာဝန္ရွိသူေတြက ေျပာပါတယ္။
ငလ်င္ဒဏ္ေၾကာင့္ အေဆာက္အဦး အမ်ားအျပား ၿပိဳပ်က္ခဲ့ၿပီး လူ ၂၅,၀၀၀ ေနထိုင္ရာ ငလ်င္ဗဟိုျပဳလႈပ္ခဲ့တဲ့ Petrinja ၿမိဳ႕မွာ ထိ ခိုက္မႈအမ်ားဆုံး ျဖစ္ခဲ့ပါတယ္။ Petrinja ၿမိဳ႕က ၿမိဳ႕ေတာ္ Zagreb နဲ႔ ကီလိုမီတာ ၅၀ ကြာေဝးမွာ ရွိတာပါ။ ငလ်င္က ေျမေအာက္ ၆ မိုင္အနက္မွာ လႈပ္ခဲ့တာလို႔ ဂ်ာမန္ ပထဝီသိပၸံ သုေတသနဌာန GFZ က ေျပာပါတယ္။ တနလၤာေန႔ကလည္း ရစ္ခ်္တာ စေကး ၅ ဒႆမ ၂ ရွိတဲ့ ငလ်င္ လႈပ္ခဲ့တာပါ။
Petrinja ၿမိဳ႕ကို သြားေရာက္ခဲ့တဲ့ ခရိုေအးရွားဝန္ႀကီးခ်ဳပ္ Andrej Plenkovic ကေတာ့ အကူအညီေပးေရး လုပ္ငန္းေတြ အဆင့္သင့္ရွိေနၿပီလို႔ ေျပာပါတယ္။
ဒီႏွစ္ကမတ္လတုန္းက Zagreb ၿမိဳ႕မွာ ငလ်င္နဲ႔စခဲ့သလို အခုလည္း ငလ်င္နဲ႔ပဲ အဆုံးသတ္ခဲ့ရပါတယ္။ နိုင္ငံရဲ့ဝန္ေဆာင္မႈလုပ္ငန္း ေတြကို နိုင္ငံသားေတြ အလိုက် သုံးနိုင္ေအာင္ အဆင္သင့္လုပ္ေဆာင္ထားသလို အမ်ိဳးသားအေစာင့္တပ္ဖြဲ႕ေတြလည္း အကူအညီေပး ဖို႔ ဒီၿမိဳ႕ကို ေရာက္ရွိေနပါၿပီလို႔ ခရိုေအးရွားဝန္ႀကီးခ်ဳပ္ Plenkovic က ေျပာပါတယ္။
ဒါ့အျပင္၊ Petrinja ၿမိဳ႕ အစိတ္အပိုင္း ေတာ္ေတာ္မ်ားမ်ားက အႏၲရာယ္ဇုံထဲမွာ ရွိၿပီး အေဆာက္အဦး အမ်ားစုကို အသုံးမျပဳနိုင္ေတာ့ဘူးလို႔လည္း သူက ေျပာပါတယ္။
အိမ္နီးခ်င္း စလိုေဗးနီးယားနိုင္ငံကေတာ့ ငလ်င္ဗဟိုနဲ႔ ကီလိုမီတာ ၁၀၀ အကြာမွာ ရွိတဲ့ န်ဴးကလီးယားစက္႐ုံကို ႀကိဳတင္ကာကြယ္ တဲ့ အေနနဲ႔ ပိတ္ပစ္ခဲ့တယ္လို႔ စလိုေဗးနီးယား သတင္းဌာနျဖစ္တဲ့ STA က ေျပာပါတယ္။
ငလ်င္လႈပ္တာကို ၿမိဳ႕ေတာ္ Zagreb မွာ သိသိသာသာ ခံစားရသလို အိမ္နီးခ်င္း ေဘာ့စနီးယားနဲ႔ ဆားဘီယားနိုင္ငံေတြမွာလည္း ခံစားခဲ့ရတာပါ။
ဒီႏွစ္ မတ္လတုန္းကလည္း ခရိုေအးရွားနိုင္ငံ ၿမိဳ႕ေတာ္ မွာ ရစ္ခ်္တာစေကး ၅ ဒႆမ ၃ အင္အားရွိတဲ့ ငလ်င္လႈပ္ခဲ့လို႔ လူ ၁ ဦး ေသၿပီး ၂၇ ဦး ဒဏ္ရာရရွိခဲ့ပါတယ္။
ခရိုေအးရွား ျပည္ထဲေရး ဝန္ႀကီး Davor Bozinovic ကEU ဥေရာပ သမဂၢဆီကေန အကူအညီ ရယူဖို႔ ႀကိဳးစားေနတယ္လို႔ ေျပာသလို ဥေရာပ ေကာ္မရွင္ Ursula von der Leyen ဥကၠဌ EU က အဖြဲ႕တစ္ဖြဲ႕ အျမန္ဆုံးသြားေရာက္နိုင္ေရး ညႊန္ၾကားထားေၾကာင္း တြစ္တာမွာ ေရးထားပါတယ္။
............
လူအသေအပျောက်ရှိတဲ့ ခရိုအေးရှားငလျင်
(Unicode)
ခရိုအေးရှားနိုင်ငံမှာ အင်္ဂါနေ့က ရစ်ချ်တာစကေး ၆ ဒဿမ ၄အင်အားရှိတဲ့ ပြင်းထန်တဲ့ မြေငလျင်လှုပ်ခဲ့တာကြောင့် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦး အပါအဝင် လူ ၅ ဦး သေဆုံးသလို လူ ၂၀ ထက်မနည်း ဒဏ်ရာ ရရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ငလျင်ဒဏ်ကြောင့် အဆောက်အဦး အများအပြား ပြိုပျက်ခဲ့ပြီး လူ ၂၅,၀၀၀ နေထိုင်ရာ ငလျင်ဗဟိုပြုလှုပ်ခဲ့တဲ့ Petrinja မြို့မှာ ထိ ခိုက်မှုအများဆုံး ဖြစ်ခဲ့ပါတယ်။ Petrinja မြို့က မြို့တော် Zagreb နဲ့ ကီလိုမီတာ ၅၀ ကွာဝေးမှာ ရှိတာပါ။ ငလျင်က မြေအောက် ၆ မိုင်အနက်မှာ လှုပ်ခဲ့တာလို့ ဂျာမန် ပထဝီသိပ္ပံ သုတေသနဌာန GFZ က ပြောပါတယ်။ တနင်္လာနေ့ကလည်း ရစ်ချ်တာ စကေး ၅ ဒဿမ ၂ ရှိတဲ့ ငလျင် လှုပ်ခဲ့တာပါ။
Petrinja မြို့ကို သွားရောက်ခဲ့တဲ့ ခရိုအေးရှားဝန်ကြီးချုပ် Andrej Plenkovic ကတော့ အကူအညီပေးရေး လုပ်ငန်းတွေ အဆင့်သင့်ရှိနေပြီလို့ ပြောပါတယ်။
ဒီနှစ်ကမတ်လတုန်းက Zagreb မြို့မှာ ငလျင်နဲ့စခဲ့သလို အခုလည်း ငလျင်နဲ့ပဲ အဆုံးသတ်ခဲ့ရပါတယ်။ နိုင်ငံရဲ့ဝန်ဆောင်မှုလုပ်ငန်း တွေကို နိုင်ငံသားတွေ အလိုကျ သုံးနိုင်အောင် အဆင်သင့်လုပ်ဆောင်ထားသလို အမျိုးသားအစောင့်တပ်ဖွဲ့တွေလည်း အကူအညီပေး ဖို့ ဒီမြို့ကို ရောက်ရှိနေပါပြီလို့ ခရိုအေးရှားဝန်ကြီးချုပ် Plenkovic က ပြောပါတယ်။
ဒါ့အပြင်၊ Petrinja မြို့ အစိတ်အပိုင်း တော်တော်များများက အန္တရာယ်ဇုံထဲမှာ ရှိပြီး အဆောက်အဦး အများစုကို အသုံးမပြုနိုင်တော့ဘူးလို့လည်း သူက ပြောပါတယ်။
အိမ်နီးချင်း စလိုဗေးနီးယားနိုင်ငံကတော့ ငလျင်ဗဟိုနဲ့ ကီလိုမီတာ ၁၀၀ အကွာမှာ ရှိတဲ့ နျူးကလီးယားစက်ရုံကို ကြိုတင်ကာကွယ် တဲ့ အနေနဲ့ ပိတ်ပစ်ခဲ့တယ်လို့ စလိုဗေးနီးယား သတင်းဌာနဖြစ်တဲ့ STA က ပြောပါတယ်။
ငလျင်လှုပ်တာကို မြို့တော် Zagreb မှာ သိသိသာသာ ခံစားရသလို အိမ်နီးချင်း ဘော့စနီးယားနဲ့ ဆားဘီယားနိုင်ငံတွေမှာလည်း ခံစားခဲ့ရတာပါ။
ဒီနှစ် မတ်လတုန်းကလည်း ခရိုအေးရှားနိုင်ငံ မြို့တော် မှာ ရစ်ချ်တာစကေး ၅ ဒဿမ ၃ အင်အားရှိတဲ့ ငလျင်လှုပ်ခဲ့လို့ လူ ၁ ဦး သေပြီး ၂၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ခရိုအေးရှား ပြည်ထဲရေး ဝန်ကြီး Davor Bozinovic ကEU ဥရောပ သမဂ္ဂဆီကနေ အကူအညီ ရယူဖို့ ကြိုးစားနေတယ်လို့ ပြောသလို ဥရောပ ကော်မရှင် Ursula von der Leyen ဥက္ကဌ EU က အဖွဲ့တစ်ဖွဲ့ အမြန်ဆုံးသွားရောက်နိုင်ရေး ညွှန်ကြားထားကြောင်း တွစ်တာမှာ ရေးထားပါတယ်။