သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Aegean ငလ်င္ကယ္ဆယ္ေရးမွာ ဂရိ-တူရကီ စိတ္ဝမ္းမကြဲသာ


တူရကီမွာ ငလ်င္ဒဏ္ေၾကာင့္ အပ်က္အစီးမ်ားၾကား ရွာေဖြကယ္ဆယ္ေရးလုပ္ေနတဲ့ျမင္ကြင္း။ (ေအာက္တုိဘာ ၃၁၊ ၂၀၂၀)

(Zawgyi / Unicode)

ေျမထဲပင္လယ္ေဒသ Aegean ပင္လယ္ တဖက္တခ်က္မွာရွိတဲ့ တူရကီနဲ႔ ဂရိ ႏိုင္ငံေတြက ရွာေဖြကယ္ဆယ္ေရး အဖြဲ႔ေတြဟာ ငလ်င္ဒဏ္ေၾကာင့္ ၿပိဳက်ေနတဲ့ အေဆာက္အဦေတြနဲ႔ အပ်က္အစီးပံုေတြၾကားမွာ အသက္မေသ က်န္ရစ္သူေတြကို စေနေန႔မွာ ရွာေဖြေနၾကပါတယ္။

ငလ်င္ဒဏ္ေၾကာင့္ ေသဆံုးခဲ့သူ ၂၇ ဦးရဲ႕ ႐ုပ္အေလာင္းေတြကို ရွာေဖြေတြ႔ရွိခဲ့ၿပီး ျဖစ္သလို ဒဏ္ရာရသူက ရာေပါင္းမ်ားစြာ ရွိေနပါတယ္။ အားျပင္းငလ်င္ဟာ တူရကီႏုိင္ငံ İzmir ၿမိဳ႕က အေဆာက္အဦးေးတြကို ၿပိဳက်ေစခဲ့သလို Aegean ပင္လယ္ထဲမွာရွိတဲ့ ဂရိကၽြန္း ၂ ကၽြန္းထက္မနည္းမွာလည္း ပင္လယ္ေရ ျမင့္တက္မႈေတြ ျဖစ္ပြားေစခဲ့ပါတယ္။

ျပင္းအား အဆင့္ ၇ ရွိတဲ့ အားျပင္းငလ်င္ လႈပ္ခတ္ခဲ့ၿပီးေနာက္ပိုင္းမွာ ဂရိႏိုင္ငံက Samos နဲ႔ Ikaria ကၽြန္း ၂ ကၽြန္းမွာ ေနာက္ဆက္တြဲ ငလ်င္ငယ္ေပါင္း ၆၀ ထက္မနည္း လႈပ္ခတ္ခဲ့တယ္လို႔ ေအသင္က ငလ်င္ဆိုင္ရာ ကၽြမ္းက်င္သူေတြက စေနေန႔မွာ ေျပာပါတယ္။

အားျပင္းငလ်င္လႈပ္ခတ္ခဲ့ၿပီး နာရီပိုု္င္းအတြင္းမွာပဲ ဂရိဝန္ႀကီးခ်ဳပ္ Kyriakos Mitsotakis က တူရကီသမၼတ Recep Tayyip Erdogan ကို တယ္လီဖုန္းနဲ႔ ဆက္သြယ္ၿပီး ဝမ္းနည္းေၾကာင္း ေျပာၾကားခဲ့သလို ၂ ႏို္င္ငံၾကား ကြဲျပားမႈေတြ ရွိေနေပမယ့္ ဒီအခ်ိန္မ်ိဳးမွာ ၂ ႏုိ္င္ငံ ျပည္သူေတြ အတူတကြ ရပ္တည္ဖို႔လိုေၾကာင္းလည္း တြစ္တာမွာ ေရးပါတယ္။

တူရကီသမၼတကလည္း အခက္အခဲကာလေတြမွာ ၂ ႏိုင္ငံၾကား စည္းစည္းလံုးလံုးနဲ႔ ကူညီပံ့ပိုးမႈေပးတာဟာ ဘဝမွာ တန္ဖိုးအရွိဆံုးျဖစ္ေၾကာင္း တြစ္တာကေန ျပန္လည္ေရးသားခဲ့တာပါ။

၂ ႏိုင္ငံၾကား တင္းမာမႈေတြ ေျပလည္ေရးအတြက္ အေမရိကန္ကေရာ အီးယူ ဥေရာပသမဂၢကပါ ႀကိဳးစားေနေပမယ့္ ေအာင္ျမင္မႈမရဘဲ ျဖစ္ေနခ်ိန္မွာ အခုလို ငလ်င္ဒဏ္ခံရမႈကေန ၂ ႏိုင္ငံဆက္ဆံေရး ျပန္ေႏြးေထြးမႈ ရွိလာႏုိင္မလား ဆိုတာကေတာ့ ေသေသခ်ာခ်ာ မေျပာႏိုင္ေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

Aegean ငလျင်ကယ်ဆယ်ရေးမှာ ဂရိ-တူရကီ စိတ်ဝမ်းမကွဲသာ

မြေထဲပင်လယ်ဒေသ Aegean ပင်လယ် တဖက်တချက်မှာရှိတဲ့ တူရကီနဲ့ ဂရိ နိုင်ငံတွေက ရှာဖွေကယ်ဆယ်ရေး အဖွဲ့တွေဟာ ငလျင်ဒဏ်ကြောင့် ပြိုကျနေတဲ့ အဆောက်အဦတွေနဲ့ အပျက်အစီးပုံတွေကြားမှာ အသက်မသေ ကျန်ရစ်သူတွေကို စနေနေ့မှာ ရှာဖွေနေကြပါတယ်။

ငလျင်ဒဏ်ကြောင့် သေဆုံးခဲ့သူ ၂၇ ဦးရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့ပြီး ဖြစ်သလို ဒဏ်ရာရသူက ရာပေါင်းများစွာ ရှိနေပါတယ်။ အားပြင်းငလျင်ဟာ တူရကီနိုင်ငံ İzmir မြို့က အဆောက်အဦးေးတွကို ပြိုကျစေခဲ့သလို Aegean ပင်လယ်ထဲမှာရှိတဲ့ ဂရိကျွန်း ၂ ကျွန်းထက်မနည်းမှာလည်း ပင်လယ်ရေ မြင့်တက်မှုတွေ ဖြစ်ပွားစေခဲ့ပါတယ်။

ပြင်းအား အဆင့် ၇ ရှိတဲ့ အားပြင်းငလျင် လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်းမှာ ဂရိနိုင်ငံက Samos နဲ့ Ikaria ကျွန်း ၂ ကျွန်းမှာ နောက်ဆက်တွဲ ငလျင်ငယ်ပေါင်း ၆၀ ထက်မနည်း လှုပ်ခတ်ခဲ့တယ်လို့ အေသင်က ငလျင်ဆိုင်ရာ ကျွမ်းကျင်သူတွေက စနေနေ့မှာ ပြောပါတယ်။

အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီး နာရီပိုင်းအတွင်းမှာပဲ ဂရိဝန်ကြီးချုပ် Kyriakos Mitsotakis က တူရကီသမ္မတ Recep Tayyip Erdogan ကို တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး ဝမ်းနည်းကြောင်း ပြောကြားခဲ့သလို ၂ နိုင်ငံကြား ကွဲပြားမှုတွေ ရှိနေပေမယ့် ဒီအချိန်မျိုးမှာ ၂ နိုင်ငံ ပြည်သူတွေ အတူတကွ ရပ်တည်ဖို့လိုကြောင်းလည်း တွစ်တာမှာ ရေးပါတယ်။

တူရကီသမ္မတကလည်း အခက်အခဲကာလတွေမှာ ၂ နိုင်ငံကြား စည်းစည်းလုံးလုံးနဲ့ ကူညီပံ့ပိုးမှုပေးတာဟာ ဘဝမှာ တန်ဖိုးအရှိဆုံးဖြစ်ကြောင်း တွစ်တာကနေ ပြန်လည်ရေးသားခဲ့တာပါ။

၂ နိုင်ငံကြား တင်းမာမှုတွေ ပြေလည်ရေးအတွက် အမေရိကန်ကရော အီးယူ ဥရောပသမဂ္ဂကပါ ကြိုးစားနေပေမယ့် အောင်မြင်မှုမရဘဲ ဖြစ်နေချိန်မှာ အခုလို ငလျင်ဒဏ်ခံရမှုကနေ ၂ နိုင်ငံဆက်ဆံရေး ပြန်နွေးထွေးမှု ရှိလာနိုင်မလား ဆိုတာကတော့ သေသေချာချာ မပြောနိုင်သေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG