သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေျမထဲပင္လယ္က နယ္ေျမပုိင္ဆုိင္မႈ အျငင္းပြားတဲ့ကိစၥ ေဆြးေႏြးဖုိ႔ ဂရိကုိ တူရကီ သတိေပး


တူရကီသမၼတ Recep Tayyip Erdogan. (စက္တင္ဘာ ၁၊ ၂၀၂၀)

(Zawgyi / Unicode)

ေျမထဲပင္လယ္ထဲမွာ နယ္ေျမပိုင္ဆိုင္မႈဆိုင္ရာ အျငင္းပြားေနတာနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးမႈေတြ စလုပ္ဖုိ႔နဲ႔ တကယ္လို႔ မလုပ္ဘူးဆိုရင္ ေနာက္ဆက္တြဲ အက်ိဳးဆက္ေတြ ရင္ဆိုင္ရမွာျဖစ္ေၾကာင္း တူရကီသမၼတ Recep Tayyip Erdogan က ဂရိကို သတိေပးလိုက္ပါတယ္။ Istanbul က ေဆးရံုဖြင့္ပြဲ အခမ္းအနားအတြင္း အခုလုိ ေျပာခဲ့တာပါ။

ေျမထဲပင္လယ္အေရွ႕ပိုင္းက ေရနံနဲ႔ သဘာဝဓာတ္ေငြ႔သိုက္ေတြ တူးေဖာ္ေရးနဲ႔ ပတ္သက္ၿပီး ဂရိနဲ႔ ဆုိက္ပရပ္စ္တို႔နဲ႔ တူရကီ အျငင္းပြားေနၾကတာျဖစ္ၿပီး သူတုိ႔အားလံုးဟာ ပိုင္နက္အျငင္းပြားေနတဲ့ ေနရာအတြက္ ေရတပ္ေရာ ေလတပ္ေတြပါ ခ်ထားၾကတာ ျဖစ္ပါတယ္။

ဒီေဒသအတြက္ ဂရိနဲ႔ ဆုိက္ပရပ္စ္တို႔က သူတို႔ရဲ႕ ေရျပင္စီးပြားေရးပိုင္နက္ဇုန္ေတြ ေရးဆြဲထားၾကတာပါ။

လက္ရွိေရးဆြဲထားတဲ့ တရားနည္းလမ္းမက်တဲ့ ေျမပံုေတြနဲ႔ စာရြက္စာတမ္းေတြကို ဖ်က္ပစ္ဖို႔ တူရကီမွာ ႏိုင္ငံေရး၊ စီးပြားေရးနဲ႔ စစ္ေရးအင္အားေတြ ရွိတယ္ဆိုတာကို သူတို႔ သေဘာေပါက္လာမွာ ျဖစ္ေၾကာင္းနဲ႔ တူရကီဘက္က ျဖစ္ႏိုင္ေျခအားလံုးနဲ႔ အက်ိဳးဆက္ေတြအတြက္ အသင့္ပဲလို႔လည္း တူရကီသမၼတ Erdogan က ေျပာပါတယ္။

ေဒသတြင္း လက္နက္ကိုင္ပဋိပကၡ ျဖစ္လာမယ့္ အႏၱရာယ္ကို ေလွ်ာ့ခ်ႏိုင္ဖုိ႔ ဂရိနဲ႔ တူရကီ စစ္တပ္တာဝန္ရွိသူေတြ စေဆြးေႏြးေနၿပီလို႔ NATO မဟာမိတ္အဖြဲ႔က ေျပာၾကားခဲ့တဲ့ေနာက္ တူရကီသမၼတက အခုလို ေျပာခဲ့တာပါ။

တူရကီဟာ ေျမထဲပင္လယ္ အေရွ႕ပိုင္း ေဒသတြင္းမွာ သူ႔ကိုဆန္႔က်င္မႈေတြ က်ယ္က်ယ္ျပန္႔ျပန္႔ ႀကံဳေနရတာပါ။ ျပင္သစ္၊ အီတလီနဲ႔ UAE အာရပ္ေစာ္ဘြားမ်ားသမၼတ ႏိုင္ငံေတြက မၾကာခင္ သီတင္းပတ္ေတြ အတြင္းမွာပဲ ဂရိတို႔ ဆုိက္ပရပ္စ္တို႔ဆီ တပ္ေတြ ေစလႊတ္ခဲ့ၾကပါတယ္။

အီးယူ ဥေရာပသမဂၢကလည္း တူရကီရဲ႕ တရားမဝင္ လုပ္ရပ္ေတြ လုပ္လာမွာကို ဆန္႔က်င္တဲ့ အေနနဲ႔ အေရးယူဒဏ္ခတ္ႏိုင္ေၾကာင္း ၿခိမ္းေျခာက္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

မြေထဲပင်လယ်က နယ်မြေပိုင်ဆိုင်မှု အငြင်းပွားတဲ့ကိစ္စ ဆွေးနွေးဖို့ ဂရိကို တူရကီ သတိပေး

မြေထဲပင်လယ်ထဲမှာ နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားနေတာနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ စလုပ်ဖို့နဲ့ တကယ်လို့ မလုပ်ဘူးဆိုရင် နောက်ဆက်တွဲ အကျိုးဆက်တွေ ရင်ဆိုင်ရမှာဖြစ်ကြောင်း တူရကီသမ္မတ Recep Tayyip Erdogan က ဂရိကို သတိပေးလိုက်ပါတယ်။ Istanbul က ဆေးရုံဖွင့်ပွဲ အခမ်းအနားအတွင်း အခုလို ပြောခဲ့တာပါ။

မြေထဲပင်လယ်အရှေ့ပိုင်းက ရေနံနဲ့ သဘာဝဓာတ်ငွေ့သိုက်တွေ တူးဖော်ရေးနဲ့ ပတ်သက်ပြီး ဂရိနဲ့ ဆိုက်ပရပ်စ်တို့နဲ့ တူရကီ အငြင်းပွားနေကြတာဖြစ်ပြီး သူတို့အားလုံးဟာ ပိုင်နက်အငြင်းပွားနေတဲ့ နေရာအတွက် ရေတပ်ရော လေတပ်တွေပါ ချထားကြတာ ဖြစ်ပါတယ်။

ဒီဒေသအတွက် ဂရိနဲ့ ဆိုက်ပရပ်စ်တို့က သူတို့ရဲ့ ရေပြင်စီးပွားရေးပိုင်နက်ဇုန်တွေ ရေးဆွဲထားကြတာပါ။

လက်ရှိရေးဆွဲထားတဲ့ တရားနည်းလမ်းမကျတဲ့ မြေပုံတွေနဲ့ စာရွက်စာတမ်းတွေကို ဖျက်ပစ်ဖို့ တူရကီမှာ နိုင်ငံရေး၊ စီးပွားရေးနဲ့ စစ်ရေးအင်အားတွေ ရှိတယ်ဆိုတာကို သူတို့ သဘောပေါက်လာမှာ ဖြစ်ကြောင်းနဲ့ တူရကီဘက်က ဖြစ်နိုင်ခြေအားလုံးနဲ့ အကျိုးဆက်တွေအတွက် အသင့်ပဲလို့လည်း တူရကီသမ္မတ Erdogan က ပြောပါတယ်။

ဒေသတွင်း လက်နက်ကိုင်ပဋိပက္ခ ဖြစ်လာမယ့် အန္တရာယ်ကို လျှော့ချနိုင်ဖို့ ဂရိနဲ့ တူရကီ စစ်တပ်တာဝန်ရှိသူတွေ စဆွေးနွေးနေပြီလို့ NATO မဟာမိတ်အဖွဲ့က ပြောကြားခဲ့တဲ့နောက် တူရကီသမ္မတက အခုလို ပြောခဲ့တာပါ။

တူရကီဟာ မြေထဲပင်လယ် အရှေ့ပိုင်း ဒေသတွင်းမှာ သူ့ကိုဆန့်ကျင်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ကြုံနေရတာပါ။ ပြင်သစ်၊ အီတလီနဲ့ UAE အာရပ်စော်ဘွားများသမ္မတ နိုင်ငံတွေက မကြာခင် သီတင်းပတ်တွေ အတွင်းမှာပဲ ဂရိတို့ ဆိုက်ပရပ်စ်တို့ဆီ တပ်တွေ စေလွှတ်ခဲ့ကြပါတယ်။

အီးယူ ဥရောပသမဂ္ဂကလည်း တူရကီရဲ့ တရားမဝင် လုပ်ရပ်တွေ လုပ်လာမှာကို ဆန့်ကျင်တဲ့ အနေနဲ့ အရေးယူဒဏ်ခတ်နိုင်ကြောင်း ခြိမ်းခြောက်ခဲ့ပါတယ်။

XS
SM
MD
LG