သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တူရကီမွာ ေရွးေဟာင္းခရစ္ယာန္ဘုရားေက်ာင္းကုိ မြတ္ဆလင္ဗလီအျဖစ္ ေျပာင္းလဲ


Turkey ေရွးေဟာင္းခရစ္ယာန္ဘုရားေက်ာင္း

(Zawgyi/Unicode)

တူရကီနိုင္ငံ အစၥတန္ဘူလ္ၿမိဳ႕က ေရွးေဟာင္း Orthodox ခရစ္ယာန္ ဘုရားေက်ာင္းႀကီး ေနာက္ထပ္ တစ္ခုနဲ႔ လူႀကိဳက္မ်ားတဲ့ ျပတိုက္တစ္ခုကို မြတ္ဆလင္ ဝတ္ျပဳရာ ဗလီေတြအျဖစ္ ေျပာင္းလဲပစ္ဖို႔ တူရကီ ဝန္ႀကီးခ်ဳပ္ Recep Tayyip Erdogan က ေသာၾကာေန႔ က အမိန္႔ေပးလိုက္ပါတယ္။

နာမည္ႀကီး Hagia Sophia Orthodox ခရစ္ယာန္ ဘုရားေက်ာင္းႀကီးကို ဗလီအျဖစ္ ေျပာင္းလဲၿပီး တလအၾကာမွာ အခုလို ခရစ္ယာန္ ဘုရားေက်ာင္းနဲ႔ျပတိုက္ေတြကို ဗလီအျဖစ္ ထပ္မံ ေျပာင္းလဲပစ္ လိုက္တာလည္း ျဖစ္ပါတယ္။​ Hagia Sophia Orthodox ခရစ္ယာန္ ဘုရားေက်ာင္းႀကီးဟာ ကုလသမဂၢလက္ေအာက္ခံ UNESCO အဖြဲ႕ႀကီးက ကမၻာ့ အေမြအႏွစ္ အျဖစ္ သတ္မွတ္ထားတဲ့ ဘုရားေက်ာင္းလည္း ျဖစ္ပါတယ္။​

နိုင္ငံအတြင္း ကုန္ေဈးႏႈန္း ႀကီးျမင့္မႈနဲ႔ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ စီးပြားေရး မေရမရာ မႈေတြ ရင္ဆိုင္ေနရခ်ိန္မွာ အခုလို ေရွးေဟာင္း အေဆာက္အဦးေတြကို ဗလီအျဖစ္ ေျပာင္းလဲပစ္ေနတာဟာ နိုင္ငံအတြင္းက ေရွးရိုးဆန္ဝါဒီေတြနဲ႔ အမ်ိဳးသားေရး ဝါဒီေတြရဲ့ ေထာက္ခံ မႈ ပိုၿပီးရလာေအာင္ ဝန္ႀကီးခ်ဳပ္ Erdogan ရဲ့ ႀကိဳးပမ္းမႈတရပ္လည္း ျဖစ္ပါတယ္။

ဒါေပမဲ့ နိုင္ငံ ျပင္ပက Orthodox နဲ႔ ကက္သလစ္ ခရစ္ယာန္ဘာသာဝင္ေတြ အၾကားမွာေတာ့ သူ႔လုပ္ရပ္က ျပႆနာေတြကိုသာ ဖန္တီးေစပါတယ္။ ဒါဟာ ေနရာတိုင္းမွာ ရွိတဲ ဘာသာေရးဆိုင္ရာ ပုဂၢိဳလ္ေတြကို တူရကီ အစိုးရက ေနာက္ထပ္ ရန္စလိုက္တာလို႔လည္း ဂရိ နိုင္ငံ ျခားေရး ဝန္ႀကီးဌာနက ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

Holy Saviour in Chora လို႔ ေခၚတဲ့ Orthodox ခရစ္ယာန္ ဘုရားေက်ာင္းဟာ Byzantine ေခတ္က တည္ေဆာက္ခဲ့တာ ျဖစ္ၿပီး ၁၄ ရာစုႏွစ္က နံရံ ေဆးေရး ပန္းခ်ီေတြနဲ႔ အလွဆင္ထားတာ ျဖစ္ပါတယ္။

ျပတိုက္ကေန ဗလီအျဖစ္ ေျပာင္းလိုက္တဲ့ သမိုင္းဝင္ Kariye အေဆာက္အဦးကေတာ့ Hagia Sophia ဘုရားေက်ာင္းလို ႏွစ္ေပါင္း ၁၀၀၀ သက္တမ္းရွိၿပီ ျဖစ္ၿပီး ေအာတိုမန္ တာ့ခ္ေတြက ဗလီအျဖစ္ ရာစုႏွစ္ တစ္ဝက္ၾကာ အသုံးျပဳခဲ့ပါတယ္။​ ဒုတိယ ကမၻာစစ္ အၿပီးမွာေတာ့ တူရကီနိုင္ငံကို ဘာသာေရးကို အေျခမခံတဲ့နိုင္ငံ secular state အျဖစ္ ထူေထာင္ဖို႔ ႀကိဳးပမ္းခ်ိန္မွာ ျပတိုက္အျဖစ္ ေျပာင္းလဲပစ္ခဲ့တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

တူရကီမှာ ရှေးဟောင်းခရစ်ယာန်ဘုရားကျောင်းကို မွတ်ဆလင်ဗလီအဖြစ် ပြောင်းလဲ
(Unicode)

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့က ရှေးဟောင်း Orthodox ခရစ်ယာန် ဘုရားကျောင်းကြီး နောက်ထပ် တစ်ခုနဲ့ လူကြိုက်များတဲ့ ပြတိုက်တစ်ခုကို မွတ်ဆလင် ဝတ်ပြုရာ ဗလီတွေအဖြစ် ပြောင်းလဲပစ်ဖို့ တူရကီ ဝန်ကြီးချုပ် Recep Tayyip Erdogan က သောကြာနေ့ က အမိန့်ပေးလိုက်ပါတယ်။

နာမည်ကြီး Hagia Sophia Orthodox ခရစ်ယာန် ဘုရားကျောင်းကြီးကို ဗလီအဖြစ် ပြောင်းလဲပြီး တလအကြာမှာ အခုလို ခရစ်ယာန် ဘုရားကျောင်းနဲ့ပြတိုက်တွေကို ဗလီအဖြစ် ထပ်မံ ပြောင်းလဲပစ် လိုက်တာလည်း ဖြစ်ပါတယ်။ Hagia Sophia Orthodox ခရစ်ယာန် ဘုရားကျောင်းကြီးဟာ ကုလသမဂ္ဂလက်အောက်ခံ UNESCO အဖွဲ့ကြီးက ကမ္ဘာ့ အမွေအနှစ် အဖြစ် သတ်မှတ်ထားတဲ့ ဘုရားကျောင်းလည်း ဖြစ်ပါတယ်။

နိုင်ငံအတွင်း ကုန်ဈေးနှုန်း ကြီးမြင့်မှုနဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေး မရေမရာ မှုတွေ ရင်ဆိုင်နေရချိန်မှာ အခုလို ရှေးဟောင်း အဆောက်အဦးတွေကို ဗလီအဖြစ် ပြောင်းလဲပစ်နေတာဟာ နိုင်ငံအတွင်းက ရှေးရိုးဆန်ဝါဒီတွေနဲ့ အမျိုးသားရေး ဝါဒီတွေရဲ့ ထောက်ခံ မှု ပိုပြီးရလာအောင် ဝန်ကြီးချုပ် Erdogan ရဲ့ ကြိုးပမ်းမှုတရပ်လည်း ဖြစ်ပါတယ်။

ဒါပေမဲ့ နိုင်ငံ ပြင်ပက Orthodox နဲ့ ကက်သလစ် ခရစ်ယာန်ဘာသာဝင်တွေ အကြားမှာတော့ သူ့လုပ်ရပ်က ပြဿနာတွေကိုသာ ဖန်တီးစေပါတယ်။ ဒါဟာ နေရာတိုင်းမှာ ရှိတဲ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်တွေကို တူရကီ အစိုးရက နောက်ထပ် ရန်စလိုက်တာလို့လည်း ဂရိ နိုင်ငံ ခြားရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

Holy Saviour in Chora လို့ ခေါ်တဲ့ Orthodox ခရစ်ယာန် ဘုရားကျောင်းဟာ Byzantine ခေတ်က တည်ဆောက်ခဲ့တာ ဖြစ်ပြီး ၁၄ ရာစုနှစ်က နံရံ ဆေးရေး ပန်းချီတွေနဲ့ အလှဆင်ထားတာ ဖြစ်ပါတယ်။

ပြတိုက်ကနေ ဗလီအဖြစ် ပြောင်းလိုက်တဲ့ သမိုင်းဝင် Kariye အဆောက်အဦးကတော့ Hagia Sophia ဘုရားကျောင်းလို နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိပြီ ဖြစ်ပြီး အောတိုမန် တာ့ခ်တွေက ဗလီအဖြစ် ရာစုနှစ် တစ်ဝက်ကြာ အသုံးပြုခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ် အပြီးမှာတော့ တူရကီနိုင်ငံကို ဘာသာရေးကို အခြေမခံတဲ့နိုင်ငံ secular state အဖြစ် ထူထောင်ဖို့ ကြိုးပမ်းချိန်မှာ ပြတိုက်အဖြစ် ပြောင်းလဲပစ်ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG