သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားက လက်နက်ဝယ်မယ့် တူရကီသမ္မတနဲ့ Donald Trump တွေ့မည်


Louisiana တွင် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေသည့် အမေရိကန်သမ္မတ Donald Trump. (နိုဝင်ဘာ ၆၊ ၂၀၁၉)
Louisiana တွင် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေသည့် အမေရိကန်သမ္မတ Donald Trump. (နိုဝင်ဘာ ၆၊ ၂၀၁၉)

(Zawgyi / Unicode)

အမေရိကန်သမ္မတ အိမ်ဖြူတော်မှာ တူရကီသမ္မတနဲ့ လာမယ့် ဗုဒ္ဓဟူးနေ့ တွေ့ဆုံဆွေးနွေးတဲ့အခါမှာ ရုရှားရဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်ကို ဝယ်ဖို့ တူရကီခေါင်းဆောင်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး သမ္မတ Donald Trump က ထိပ်တိုက်ပြောဆိုဖို့ ရှိတယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးက ပြောဆိုပါတယ်။

ရုရှားရဲ့ S-400 စနစ်ကို တူရကီက ဝယ်ယူခဲ့တဲ့အပေါ် အမေရိကန်က အင်မတန် စိတ်ဆိုးတယ်လို့လည်း အမျိုးသားလုံခြုံရေး အကြံပေး O’Brien က CBS ရုပ်သံရဲ့ Face the Nation အစီအစဉ်မှာ ပြောဆိုခဲ့တာပါ။

တူရကီဘက်က ဒီစနစ်ကို ဖယ်ရှားမပစ်ရင်တော့ အမေရိကန်ရဲ့ ဒဏ်ခတ်အရေးယူမှုနဲ့ ကြုံတွေ့ရနိုင်တယ်လို့လည်း အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးက ပြောပါတယ်။ သမ္မတ Trump က တူရကီသမ္မတ Recep Tayyip Erdogan ကို အခုလို ပြောဆိုမှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ရုရှားရဲ့ S-400 လေကြောင်းရန် ကာကွယ်ရေးစနစ်က မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ NATO တပ်ဖွဲ့တွေနဲ့ မကိုက်ညီဘူး၊ F-35 တိုက်လေယာဉ် အစီအစဉ်ကို ထိခိုက်နိုင်ပြီး ရုရှား ထောက်လှမ်းရေးအတွက် အထောက်အပံ့ ဖြစ်သွားနိုင်တယ်လို့ အမေရိကန်ဘက်က ပြောဆိုထားတာပါ။

F-35 အစီအစဉ်ကနေ တူရကီကို ပြီးခဲ့တဲ့ ဇူလိုင်လမှာ အမေရိကန်အစိုးရက ဖယ်ရှားခဲ့တာပါ။ လာမယ့် ကြာသပတေးနေ့မှာပဲ NATO အဖွဲ့ အတွင်းရေးမှူးချုပ် Jens Stoltenberg နဲ့လည်း အမေရိကန်သမ္မတ Trump တွေ့ဆုံဖို့ ရှိပါတယ်။

-------------------------------------

(Unicode)

ရုရှားက လကျနကျဝယျမယ့ျ တူရကီသမ်မတနဲ့ Donald Trump တှေ့မညျ






တိုက်ရိုက် လင့်ခ်


XS
SM
MD
LG