သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာဒ်တွေကို တိုက်ခိုက်မှုမလုပ်ဖို့ သမ္မတ Trump တူရကီကို သတိပေး


ဆီးရီးယားကနေ အမေရိကန်တပ်တွေ ရုပ်သိမ်းလို့ Kurd လက်နက်ကိုင်အဖွဲ့တွေအပေါ် တူရကီကတိုက်ခိုက်လာရင် စီးပွားအရအကြီးအကျယ် ထိခိုက်ပျက်စီးမှုတွေရင်ဆိုင်ရမယ်လို့ သမ္မတ Donald Trump ကသတိပေးလိုက်ပါတယ်။မိုင် ၂၀ လုံခြုံရေးဇုံသတ်မှတ်ဖို့နဲ့ Kurd တပ်တွေ ဖက်ကလည်း တူရကီကို ရန်မစဖို့ သမ္မတ Trump က Twitter ပေါ်မှာ ရေးသားခဲ့တာပါ။

IS စစ်သွေးကြွတွေ ခြေမှုန်းရေး အမေရိကန်ရဲ့ရေရှည်မူဝါဒ ကနေ အကျိုးအမြတ်ထွက်နေတာက ရုရှား၊ အီရန်နဲ့ ဆီးရီးယားဖြစ်တယ် လို့လည်း သမ္မတက Twitter ပေါ်မှာ တနင်္ဂနွေနေ့ညက ရေးခဲ့ပါတယ်။ ခုလိုခြိမ်းခြောက်လို့ နာခံမှာ မဟုတ်ဘူးဆိုတာကို တူရကီက အကြိမ်ကြိမ်ပြောပြီးသားဖြစ်တယ်၊ တူရကီစီးပွားရေးကို ခြိမ်းခြောက်လို့လည်း ဘာအကျိုးအမြတ်မှ ထွက်မှာမဟုတ်ဘူးလို့ တူရကီနိုင်ငံခြားရးဝန်ကြီး Mevlut Cavusoglu ကတုံ့ပြန်ပြောကြားခဲ့ပါတယ်။

ဆီးရီးယားက IS စစ်သွေးကြွတွေကို အမေရိကန်နဲ့အတူ တိုက်ခိုက်နေတဲ့ Kurd လူမျိုးအဓိကဖြစ်တဲ့ YPG အဖွဲ့ဟာ တူရကီက PKK အကြမ်းဖက်အဖွဲ့နဲ့ဆက်နွယ်နေတယ်လို့ သတ်မှတ်ထားတဲ့အတွက် အမေရိကန်တပ်တွေ ထွက်သွားရင် Kurd အဖွဲ့တွေကို တူရကီတပ်တွေ တိုက်မှာ စိုးရိမ်နေကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG