သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

IS ျပန္လည္ေခါင္းေထာင္လာမႈ တူရကီကို ကန္ အျပစ္ပံုခ်


တူရကီေက်ာေထာက္ေနာက္ခံေပးထားတဲ့ ဆီးရီးယားသူုပုန္ေတြကို နယ္စပ္ၿမိဳ႕ Tel Abyad မွာ ေတြ႔ရစဥ္ (ေအာက္တုိဘာ ၁၄၊ ၂၀၁၉ )

အစၥလာမၼစ္ အစြန္းေရာက္ IS အဖြဲ႔ ျပန္လည္ေခါင္းေထာင္လာမႈ၊ လူသားခ်င္းစာနာမႈဆိုင္ရာပဋိပကၡႀကီး ႀကီးထြားလာမႈနဲ႔ ျဖစ္ႏုိင္ေျခရွိတဲ႔ စစ္ရာဇ၀တ္မႈေတြအတြက္ တူရကီသမၼတ Recep Tayyip Erdogan မွာ အျပည့္အဝ တာဝန္ရွိသတယ္လို႔ အေမရိကန္ ကာကြယ္ေရးဝန္ႀကီး Mark Esper က ေျပာပါတယ္။

အခုေျပာဆိုခ်က္ဟာဆိုရင္ ဆီးရီးယားႏိုင္ငံေျမာက္ပိုင္းက ကာဒ့္တိုက္ခုိက္ေရး သမားေတြအေပၚ တူရကီရဲ႕စစ္ဆင္ေရးေတြနဲ႔ပတ္သက္ၿပီး အေမရိကန္စစ္ဌာနခ်ဳပ္ရဲ႕ အျပင္းထန္ဆံုး ျပစ္တင္ရႈတ္ခ်မႈ ျဖစ္ပါတယ္။ ကာဒ္႔ေတြအေပၚ တူရကီဘက္က မလိုအပ္ဘဲ စိတ္လိုက္မာန္ပါ တိုက္ခုိက္မႈလို႔လည္း အေမရိကန္ကာကြယ္ေရးဝန္ႀကီး Esper က ေျပာဆိုလိုက္ပါတယ္။

အခု တိုက္ခုိက္မႈေၾကာင့္ ကာဒ္႔ေတြ ထိန္းသိမ္းထားတဲ့ထိန္းသိမ္းေရးစခန္းေတြကေန အႏၱရာယ္ႀကီးလွတဲ႔ ISIS တိုက္ခုိက္ေရးသမား အမ်ားအျပားလြတ္ေျမာက္သြားေစၿပီး ဆီးရီးယား ႏုိင္ငံတြင္းက IS အစြန္းေရာက္ေတြကို ေခ်မႈန္းေရး ႏုိင္ငံတကာရဲ႕ ေအာင္ျမင္မႈႀကီးကို ယုတ္ေလ်ာ့သြားေစတယ္လို႔လည္း အေမရိကန္ကာကြယ္ေရးဝန္ႀကီးက ေျပာဆိုပါတယ္။ အေမရိကန္နဲ႔ တူရကီဆက္ဆံေရးလည္း ပ်က္ရတယ္လို႔ ကာကြယ္ေရးဝန္ႀကီးက ေျပာပါတယ္။ ေျမာက္အတၱလႏၱိတ္စစ္စာခ်ဳပ္အဖြဲ႔ NATO မဟာမိတ္ေတြ ဘက္က တူရကီအေပၚမွာ ဒဏ္ခတ္ပိတ္ဆို႔မႈ ခ်မွတ္ေရးတိုက္တြန္းဖို႔ ဘရပ္ဆဲလ္ကို ေနာက္သီတင္းပတ္ထဲ သြားေရာက္ဖို႔ရွိေၾကာင္းလည္း အေမရိကန္ ကာကြယ္ေရးဝန္ႀကီးက ေျပာဆိုပါတယ္။

Unicode

အစ္စလာမ္မစ် အစွန်းရောက် IS အဖွဲ့ ပြန်လည်ခေါင်းထောင်လာမှု၊ လူသားချင်းစာနာမှုဆိုင်ရာပဋိပက္ခကြီး ကြီးထွားလာမှုနဲ့ ဖြစ်နိုင်ခြေရှိတဲ့ စစ်ရာဇဝတ်မှုတွေအတွက် တူရကီသမ္မတ Recep Tayyip Erdogan မှာ အပြည့်အဝ တာဝန်ရှိသတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Mark Esper က ပြောပါတယ်။

အခုပြောဆိုချက်ဟာဆိုရင် ဆီးရီးယားနိုင်ငံမြောက်ပိုင်းက ကာဒ့်တိုက်ခိုက်ရေး သမားတွေအပေါ် တူရကီရဲ့စစ်ဆင်ရေးတွေနဲ့ပတ်သက်ပြီး အမေရိကန်စစ်ဌာနချုပ်ရဲ့ အပြင်းထန်ဆုံး ပြစ်တင်ရှုတ်ချမှု ဖြစ်ပါတယ်။ ကာဒ့်တွေအပေါ် တူရကီဘက်က မလိုအပ်ဘဲ စိတ်လိုက်မာန်ပါ တိုက်ခိုက်မှုလို့လည်း အမေရိကန်ကာကွယ်ရေးဝန်ကြီး Esper က ပြောဆိုလိုက်ပါတယ်။

အခု တိုက်ခိုက်မှုကြောင့် ကာဒ့်တွေ ထိန်းသိမ်းထားတဲ့ထိန်းသိမ်းရေးစခန်းတွေကနေ အန္တရာယ်ကြီးလှတဲ့ ISIS တိုက်ခိုက်ရေးသမား အများအပြားလွတ်မြောက်သွားစေပြီး ဆီးရီးယား နိုင်ငံတွင်းက IS အစွန်းရောက်တွေကို ချေမှုန်းရေး နိုင်ငံတကာရဲ့ အောင်မြင်မှုကြီးကို ယုတ်လျော့သွားစေတယ်လို့လည်း အမေရိကန်ကာကွယ်ရေးဝန်ကြီးက ပြောဆိုပါတယ်။ အမေရိကန်နဲ့ တူရကီဆက်ဆံရေးလည်း ပျက်ရတယ်လို့ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့ NATO မဟာမိတ်တွေ ဘက်က တူရကီအပေါ်မှာ ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ရေးတိုက်တွန်းဖို့ ဘရပ်ဆဲလ်ကို နောက်သီတင်းပတ်ထဲ သွားရောက်ဖို့ရှိကြောင်းလည်း အမေရိကန် ကာကွယ်ရေး ဝန်ကြီးက ပြောဆိုပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG