(Zawgyi / Unicode)
တူရကီႏိုင္ငံမွာ လႈပ္ခဲ့တဲ့ ျပင္းအားျမင့္ငလ်င္ေၾကာင့္ ေသဆုံးသူ အနည္းဆုံး ၃၈ ဦးရွိလာၿပီျဖစ္ၿပီး တနဂၤေႏြေန႔မွာေတာ့ အၿပဳိအပ်က္ပုံေအာက္မွာ အသက္ရွင္က်န္ေနႏုိင္သူေတြကို ကယ္ဆယ္ေရးသမားေတြက ဆက္လက္ရွာေဖြေနၾကပါတယ္။
ေအးခဲေနတဲ့ ရာသီဥတုေအာက္မွာ ကယ္ဆယ္ေရးသမား ၄ ေထာင္နီးပါးက တူရကီအေရွ႕ဘက္ Elazig ၿမဳိ႕မွာ အၿပဳိပ်က္ပုံေတြကို စက္ပစၥည္းေတြသုံးၿပီး ဖယ္ရွားရွင္းလင္းရင္း ေပ်ာက္ဆုံးသူေတြကို ရွာေဖြေနၾကတာပါ။
ေသာၾကာညက တူရကီႏိုင္ငံ အေရွ႕ျခမ္းမွာ ၆.၈ ျပင္အားရွိတဲ့ ငလ်င္တခု လႈပ္ခဲ့တာျဖစ္ပါတယ္။
အခုခ်ိန္ထိေတာ့ အက်ဳိးအပ်က္ပုံေအာက္က လူ ၄၅ ေယာက္ကို ကယ္ထုတ္ႏိုင္ခဲ့တယ္လို႔ အာဏာပုိင္ေတြက ေျပာပါတယ္။ အဲဒီထဲမွာ အသက္ ၃၅ ႏွစ္အရြယ္မိခင္ Ayse Yildiz နဲ႔ ၂ ႏွစ္အရြယ္ သူ႔သမီး Yusra တို႔ကို ကယ္ထုတ္ခဲ့တာကို ႐ုပ္သံကတဆင့္ ျပသခဲ့ပါတယ္။ သူတုိ႔ဟာ အၿပဳိပ်က္ပုံေအာက္မွာ ၂၈ နာရီေလာက္ ပိတ္မိေနခဲ့တာပါ။
ငလ်င္ေၾကာင့္ အုိးအိမ္မဲ့ ျဖစ္သြားသူေတြကို တတ္ႏိုင္သေလာက္ အျမန္ဆုံး အိမ္အစားထိုး ျပန္ေဆာက္ေပးသြားဖို႔ ဆုံးျဖတ္ထားတယ္လို႔ သမၼတ Recep Tayyip Erdogan က ေျပာပါတယ္။
ဒီငလ်င္ေၾကာင့္ ထိခိုက္ဒဏ္ရာရသူ ၁၆၀၀ ေက်ာ္ရွိၿပီး အဲဒီထဲက ၁၃ ေယာက္ကို အထူးၾကပ္မတ္ ကုသေနရတယ္လို႔ အစိုးရတာဝန္ရွိသူေတြက ေျပာပါတယ္။
ေသာၾကာေန႔ ငလ်င္လႈပ္ၿပီးေနာက္ပိုင္း ေနာက္ဆက္တြဲ ငလ်င္ေပါင္း အႀကိမ္ ၇၀၀ ေက်ာ္လႈပ္ခဲ့ၿပီး အဲဒီထဲက အႀကိမ္ ၂၀ ဟာ ျပင္အား ၄ အထက္မွာ ရွိပါတယ္။
------------------------------------
(Unicode)
တူရကီငလျင် သေဆုံးသူ ၃၈ ဦးရှိပြီ
တူရကီနိုင်ငံမှာ လှုပ်ခဲ့တဲ့ ပြင်းအားမြင့်ငလျင်ကြောင့် သေဆုံးသူ အနည်းဆုံး ၃၈ ဦးရှိလာပြီဖြစ်ပြီး တနင်္ဂနွေနေ့မှာတော့ အပြိုအပျက်ပုံအောက်မှာ အသက်ရှင်ကျန်နေနိုင်သူတွေကို ကယ်ဆယ်ရေးသမားတွေက ဆက်လက်ရှာဖွေနေကြပါတယ်။
အေးခဲနေတဲ့ ရာသီဥတုအောက်မှာ ကယ်ဆယ်ရေးသမား ၄ ထောင်နီးပါးက တူရကီအရှေ့ဘက် Elazig မြို့မှာ အပြိုပျက်ပုံတွေကို စက်ပစ္စည်းတွေသုံးပြီး ဖယ်ရှားရှင်းလင်းရင်း ပျောက်ဆုံးသူတွေကို ရှာဖွေနေကြတာပါ။
သောကြာညက တူရကီနိုင်ငံ အရှေ့ခြမ်းမှာ ၆.၈ ပြင်အားရှိတဲ့ ငလျင်တခု လှုပ်ခဲ့တာဖြစ်ပါတယ်။
အခုချိန်ထိတော့ အကျိုးအပျက်ပုံအောက်က လူ ၄၅ ယောက်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အဲဒီထဲမှာ အသက် ၃၅ နှစ်အရွယ်မိခင် Ayse Yildiz နဲ့ ၂ နှစ်အရွယ် သူ့သမီး Yusra တို့ကို ကယ်ထုတ်ခဲ့တာကို ရုပ်သံကတဆင့် ပြသခဲ့ပါတယ်။ သူတို့ဟာ အပြိုပျက်ပုံအောက်မှာ ၂၈ နာရီလောက် ပိတ်မိနေခဲ့တာပါ။
ငလျင်ကြောင့် အိုးအိမ်မဲ့ ဖြစ်သွားသူတွေကို တတ်နိုင်သလောက် အမြန်ဆုံး အိမ်အစားထိုး ပြန်ဆောက်ပေးသွားဖို့ ဆုံးဖြတ်ထားတယ်လို့ သမ္မတ Recep Tayyip Erdogan က ပြောပါတယ်။
ဒီငလျင်ကြောင့် ထိခိုက်ဒဏ်ရာရသူ ၁၆၀၀ ကျော်ရှိပြီး အဲဒီထဲက ၁၃ ယောက်ကို အထူးကြပ်မတ် ကုသနေရတယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။
သောကြာနေ့ ငလျင်လှုပ်ပြီးနောက်ပိုင်း နောက်ဆက်တွဲ ငလျင်ပေါင်း အကြိမ် ၇၀၀ ကျော်လှုပ်ခဲ့ပြီး အဲဒီထဲက အကြိမ် ၂၀ ဟာ ပြင်အား ၄ အထက်မှာ ရှိပါတယ်။