သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တူရကီအားျပင္းငလ်င္ ေသဆံုးဒဏ္ရာရသူ မ်ား


ငလ်င္လႈပ္ၿပီးေနာက္ ကယ္ဆယ္ေရး ေဆာင္ရြက္ေနမႈျမင္ကြင္း။

(Zawgyi / Unicode)

တူရကီႏုိင္ငံ အေရွ႕ပုိင္းမွာ ျပင္းထန္တဲ့ ငလ်င္လႈပ္ခတ္ရာက ေသဆုံးသူ အေရအတြက္ဟာ ဒီေန႔ေနာက္ဆုံး ၂၁ ေယာက္အထိ တုိးလာၿပီး ဒဏ္ရာရသူ ၁ ေထာင္ေက်ာ္ ရွိတယ္လုိ႔လည္း အေရးေပၚကယ္ဆယ္ေရး တာ၀န္ရွိသူေတြက ေျပာပါတယ္။

Elazig နဲ႔ ကပ္လ်က္ရွိေနတဲ့ Malatya ေဒသေတြမွာ အေဆာက္အဦ အပ်က္အစီးေတြေအာက္ ပိတ္မိေနသူ ၃၀ ေလာက္ကုိ ကယ္ဆယ္ႏုိင္ဖုိ႔ အေရးေပၚ၀န္ထမ္းေတြ ႀကိဳးစားေနဆဲ ျဖစ္ေၾကာင္းလည္း က်န္းမာေရး၀န္ႀကီး Fahrettin Koca က ေျပာပါတယ္။ ေသဆုံးသူအေရအတြက္ တုိးလာႏုိင္ေၾကာင္းလည္း ေျပာဆုိခဲ့တာပါ။

ငလ်င္ဒဏ္သင့္ ေဒသေတြမွာ ညဘက္ဆုိရင္ ေရခဲမွတ္ေအာက္ ေရာက္တဲ့အထိ ေအးလြန္းတဲ့အတြက္ အေရးေပၚ၀န္ထမ္းေတြနဲ႔ လုံၿခံဳေရးတပ္ဖဲြ႔၀င္ေတြက ယာယီတဲေတြ၊ အိပ္ယာေတြ၊ ေစာင္ေတြ ေ၀ေပးေနရတယ္လုိ႔လည္း ဆုိပါတယ္။

ငလ်င္ေၾကာင့္ ဒုကၡေရာက္သူေတြ ယာယီခုိလႈံေနထုိင္ဖုိ႔ ဗလီေတြ၊ စာသင္ေက်ာင္းေတြ၊ အားကစား႐ုံေတြ၊ ေက်ာင္းအေဆာင္ေတြကုိလည္း သုံးေနရပါတယ္။

ေဒသစံေတာ္ခ်ိန္ ေသာၾကာေန႔ည ၈ နာရီ ၅၅ မိနစ္မွာ Sivrice ၿမိဳ႕အနီး ေျမေအာက္ ၆.၇ ကီလုိမီတာအကြာမွာ ဗဟုိျပဳၿပီး ငလ်င္လႈပ္ခဲ့တာ ျဖစ္ေၾကာင္းလည္း အေရးေပၚ ကယ္ဆယ္ေရးနဲ႔ စီမံခန္႔ခဲြေရးဌာနက ေျပာပါတယ္။

ငလ်င္ျပင္းအားဟာ ၆.၅ ကေန ၆.၈ အထိ ရွိႏုိင္တယ္လုိ႔လည္း ခန္႔မွန္းခ်က္ေတြ ထြက္ေပၚခဲ့တာပါ။ ျပင္းအား ၅.၄ ကေန ၅.၁ ေလာက္ရွိတဲ့ ေနာက္ဆက္တဲြငလ်င္ ၂၂၈ ခု လႈပ္ခတ္ခဲ့ေၾကာင္းလည္း အေရးေပၚကယ္ဆယ္ေရးနဲ႔ စီမံခန္႔ခဲြေရးဌာနက ေျပာပါတယ္။

Sivrice ၿမိဳ႕မွာ အေဆာက္အဦ ၅ ခုထက္မနည္း ၿပိဳက်ခဲ့ၿပီး Malatya မွာ ၂၅ ခု ၿပိဳက်ခဲ့ေၾကာင္းလည္း ပတ္၀န္းက်င္နဲ႔ ၿမိဳ႕ျပစီမံကိန္းဌာန ၀န္ႀကီးက အတည္ျပဳခဲ့တာပါ။ ေနာက္ထပ္ ရာနဲ႔ခ်ီတဲ့ အေဆာက္အဦေတြလည္း ထိခုိက္ခဲ့တာပါ။

Elazig မွာ ေသဆုံးသူ ၁၇ ေယာက္ရွိခဲ့ၿပီး Malatya မွာ ၄ ဦး ေသဆုံးခဲ့သလုိ ၁၀၃၀ ေလာက္ ဒဏ္ရာရေၾကာင္းလည္း အေရးေပၚ ကယ္ဆယ္ေရးနဲ႔ စီမံခန္႔ခဲြေရးဌာနက ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။

--------------------------------

(Unicode)

တူရကီအားပြင်းငလျင် သေဆုံးဒဏ်ရာရသူ များ

တူရကီနိုင်ငံ အရှေ့ပိုင်းမှာ ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်ရာက သေဆုံးသူ အရေအတွက်ဟာ ဒီနေ့နောက်ဆုံး ၂၁ ယောက်အထိ တိုးလာပြီး ဒဏ်ရာရသူ ၁ ထောင်ကျော် ရှိတယ်လို့လည်း အရေးပေါ်ကယ်ဆယ်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။

Elazig နဲ့ ကပ်လျက်ရှိနေတဲ့ Malatya ဒေသတွေမှာ အဆောက်အဦ အပျက်အစီးတွေအောက် ပိတ်မိနေသူ ၃၀ လောက်ကို ကယ်ဆယ်နိုင်ဖို့ အရေးပေါ်ဝန်ထမ်းတွေ ကြိုးစားနေဆဲ ဖြစ်ကြောင်းလည်း ကျန်းမာရေးဝန်ကြီး Fahrettin Koca က ပြောပါတယ်။ သေဆုံးသူအရေအတွက် တိုးလာနိုင်ကြောင်းလည်း ပြောဆိုခဲ့တာပါ။

ငလျင်ဒဏ်သင့် ဒေသတွေမှာ ညဘက်ဆိုရင် ရေခဲမှတ်အောက် ရောက်တဲ့အထိ အေးလွန်းတဲ့အတွက် အရေးပေါ်ဝန်ထမ်းတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ယာယီတဲတွေ၊ အိပ်ယာတွေ၊ စောင်တွေ ဝေပေးနေရတယ်လို့လည်း ဆိုပါတယ်။

ငလျင်ကြောင့် ဒုက္ခရောက်သူတွေ ယာယီခိုလှုံနေထိုင်ဖို့ ဗလီတွေ၊ စာသင်ကျောင်းတွေ၊ အားကစားရုံတွေ၊ ကျောင်းအဆောင်တွေကိုလည်း သုံးနေရပါတယ်။

ဒေသစံတော်ချိန် သောကြာနေ့ည ၈ နာရီ ၅၅ မိနစ်မှာ Sivrice မြို့အနီး မြေအောက် ၆.၇ ကီလိုမီတာအကွာမှာ ဗဟိုပြုပြီး ငလျင်လှုပ်ခဲ့တာ ဖြစ်ကြောင်းလည်း အရေးပေါ် ကယ်ဆယ်ရေးနဲ့ စီမံခန့်ခွဲရေးဌာနက ပြောပါတယ်။

ငလျင်ပြင်းအားဟာ ၆.၅ ကနေ ၆.၈ အထိ ရှိနိုင်တယ်လို့လည်း ခန့်မှန်းချက်တွေ ထွက်ပေါ်ခဲ့တာပါ။ ပြင်းအား ၅.၄ ကနေ ၅.၁ လောက်ရှိတဲ့ နောက်ဆက်တွဲငလျင် ၂၂၈ ခု လှုပ်ခတ်ခဲ့ကြောင်းလည်း အရေးပေါ်ကယ်ဆယ်ရေးနဲ့ စီမံခန့်ခွဲရေးဌာနက ပြောပါတယ်။

Sivrice မြို့မှာ အဆောက်အဦ ၅ ခုထက်မနည်း ပြိုကျခဲ့ပြီး Malatya မှာ ၂၅ ခု ပြိုကျခဲ့ကြောင်းလည်း ပတ်ဝန်းကျင်နဲ့ မြို့ပြစီမံကိန်းဌာန ဝန်ကြီးက အတည်ပြုခဲ့တာပါ။ နောက်ထပ် ရာနဲ့ချီတဲ့ အဆောက်အဦတွေလည်း ထိခိုက်ခဲ့တာပါ။

Elazig မှာ သေဆုံးသူ ၁၇ ယောက်ရှိခဲ့ပြီး Malatya မှာ ၄ ဦး သေဆုံးခဲ့သလို ၁၀၃၀ လောက် ဒဏ်ရာရကြောင်းလည်း အရေးပေါ် ကယ်ဆယ်ရေးနဲ့ စီမံခန့်ခွဲရေးဌာနက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

တူရကီအားျပင္းငလ်င္ ေသဆံုးဒဏ္ရာရသူ မ်ား
please wait

No media source currently available

0:00 0:00:31 0:00
တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG