သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ငလ်င္လႈပ္လာခ်ိန္ ခ်က္ခ်င္းတုံ႔ျပန္မူ


ငလ်င္ဒဏ္သင့္ ပုဂံဘုရားတစ္ဆူ
ငလ်င္လႈပ္လာခ်ိန္ ခ်က္ခ်င္းတုံ႔ျပန္မူ
please wait

No media source currently available

0:00 0:07:00 0:00
တိုက္႐ိုက္ လင့္ခ္

ျမန္မာႏိုင္ငံမွာ မၾကာခဏ ငလ်င္ လႈပ္လာတာမို႔၊ ငလွ်င္ တကယ္လႈပ္လာတဲ့ အခ်ိန္ခဏတာအတြင္းမွာ၊ အတတ္ႏိုင္ဆုံး စိတ္တည္ၿငိမ္ေအာင္ထားၿပီး (အလြန္ေၾကာက္႐ြံ႔ မသြားဘဲ၊ ေယာက္ယက္ခတ္ မသြားဘဲ)၊ ခ်က္ခ်င္း တဆင့္စီ လုပ္သင့္တာေတြကို ႀကိဳသိထားသင့္တယ္လို႔ က်န္းမာေရးပညာရွင္ေတြက ဆိုၾကပါတယ္။

ငလ်င္လႈပ္လာခ်ိန္မွာ ပထမဆုံးအေရးႀကီးတာက အတတ္ႏိုင္ဆုံး စိတ္တည္ၿငိမ္ေအာင္ထားၿပီး အႏၲရာယ္ကင္းတဲ့ ခိုင္ခံ့တဲ့ ေနရာကို အျမန္ရွာဖို႔ပါ။ အေဆာက္အဦးထဲမွာ ရွိေနလွ်င္၊ ခိုင္ခံ့တဲ့ စားပြဲေအာက္ (သို႔) အကာအကြယ္ တစ္ခုခုေအာက္ကို အျမန္ဆုံး ေျပးဝင္ၿပီး “ဝပ္၊ ကာ၊ ကိုင္” (ၾကမ္းျပင္ေပၚ ဒူးေထာက္ “ဝပ္” ခ်၊ ေခါင္းကို အဓိက လက္ သို႔မဟုတ္ တစ္ခုခုနဲ႔ “ကာ”၊ ခိုင္တဲ့ စားပြဲတိုင္ သို႔မဟုတ္ ၿမဲတဲ့ တစ္ခုခုကို “ကိုင္” ထားတာေတြ) လုပ္သင့္ပါတယ္။ ကုတင္ေအာက္ကိုေတာ့ မဝင္သင့္ပါဘူး၊ နိမ့္လြန္းၿပီး ၿပိဳက်လာႏိုင္တာေတြနဲ႔ ထိခိုက္ႏိုင္လို႔ပါ။

အေဆာက္အဦးထဲမွာ လြင့္စင္ၿပိဳက်လာႏိုင္တဲ့ ျပဴတင္းေပါက္၊ မွန္တံခါး၊ နံရံ၊ အိမ္ေထာင္ပရိေဘာဂ၊ အျမင့္က ပစၥည္းေတြ အနားနဲ႔ေအာက္မွာနဲ႔ ေလွကားအရင္းမွာ သြားမေနမိဖို႔ အေရးႀကီးပါတယ္။ ေနာက္အေရးႀကီးတာက၊ ငလ်င္လႈပ္ေနခ်ိန္မွာ၊ အထက္ပါအတိုင္း “ဝပ္၊ ကာ၊ ကိုင္” မလုပ္ဘဲ၊ အေဆာက္အဦး ျပင္ပကို ခ်က္ခ်င္းထြက္ေျပးတာ၊ ေလွကား (သို႔မဟုတ္) ဓာတ္ေလွကား ခ်က္ခ်င္းသြားသုံးတာေတြကိုေတာ့၊ လုံးဝ မလုပ္ဘဲ ေရွာင္က်ဥ္သင့္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ငလ်င္လႈပ္တဲ့ အခ်ိန္တိုေလးအတြင္းမွာ ၿပိဳက်၊ ပိမိလာတာေတြနဲ႔ သြားႀကဳံၿပီး ထိခိုက္ႏိုင္လို႔ပါ။

တကယ္လို႔ ငလ်င္ဒဏ္ေၾကာင့္ ၿပိဳက်တာေတြနဲ႔ ႐ုတ္တရက္ပိတ္မိ၊ အျပင္မထြက္ႏိုင္လွ်င္လည္း တတ္ႏိုင္သမွ် စိတ္ကို တည္ၿငိမ္ေအာင္ထားၿပီးမွ၊ အျပင္ကို အကူအညီေတာင္းသင့္ပါတယ္။ ခ်က္ခ်င္း အတင္း႐ုန္းကန္လႈပ္ရွားၿပီး ထြက္တာမ်ိဳး မလုပ္သင့္ပါဘူး။ ခ်က္ခ်င္း ႐ုန္းကန္လႈပ္ရွားမိတာေၾကာင့္ ကိုယ့္အေပၚ ထပ္မံ ျပဳတ္က်၊ ၿပိဳက်တာေတြနဲ႔ ထိခိုက္မိႏိုင္လို႔ပါ။

တကယ္လို႔ ငလ်င္လႈပ္ခ်ိန္ အိမ္အျပင္ေရာက္ေနလွ်င္လည္း၊ အႏၲရာယ္ကင္းတဲ့ ကြင္းျပင္ သို႔မဟုတ္ ကြက္လပ္ေနရာမ်ိဳးကို ခ်က္ခ်င္း ေျပးသြားၿပီး၊ “ဝပ္၊ ကာ၊ ကိုင္” လုပ္သင့္ပါတယ္။ ေျမေပၚ “ဝပ္” ခ်ရျခင္းအေၾကာင္းရင္းက ငလ်င္ဟာ ရပ္ေနသူနဲ႔ ထိုင္ေနသူေတြကို၊ ခ်က္ခ်င္း လွဲခ်ႏိုင္ၿပီး ေခါင္းဒဏ္ရာအထိရ သတိလစ္ေစႏိုင္တာမို႔၊ ကိုယ္ကိုယ္တိုင္ ႀကိဳတင္ ဒူးေထာက္ဝပ္ခ်ၿပီး အကာအကြယ္ ယူတာပါ။ “ကာ” တာကလည္း ျပဳတ္က်ႏိုင္တဲ့ ပစၥည္းေတြ အဓိက အေရးပါတဲ့ ဦးေခါင္းကို မထိရေအာင္လို႔ပါ။ ေခါင္းအုံး၊ ဘန္း၊ ရွိတာတစ္ခုခု သို႔မဟုတ္ လက္နဲ႔ ေခါင္းကို ကာကြယ္ေပးႏိုင္ပါတယ္။ ခိုင္တဲ့ တစ္ခုခုကို “ကိုင္” ထားတာကလည္း ငလ်င္က လႈပ္ခါဆြဲလွဲေနတာကေန ထပ္လဲမက်ေအာင္၊ ျပဳတ္မက်ေအာင္ ကာကြယ္တာျဖစ္ပါတယ္။ အျပင္မွာလည္း အေရးႀကီးတာက ၿပိဳက်ႏိုင္တဲ့ သစ္ပင္၊ အေဆာက္အဦးနဲ႔ ဓာတ္တိုင္ေတြ ေဘးမွာ၊ ေအာက္မွာ သြားေနတာမ်ိဳး လုံးဝ မလုပ္ဘဲ ေရွာင္က်ဥ္သင့္ပါတယ္။

ငလ်င္လႈပ္လာခ်ိန္ ကားထဲေရာက္ေနလွ်င္လည္း ကားကို အခ်ိန္ေလ်ာ့ ခ်က္ခ်င္းရပ္ဖို႔လုပ္ၿပီး၊ ကားထဲမွာဘဲ ဆက္ေနသင့္ပါတယ္။ အေၾကာင္းက ကားအေနနဲ႔ ၿပိဳက်ထိခိုက္လာႏိုင္တာေတြကို ကာကြယ္ေပးၿပီးသားျဖစ္ေနလို႔ပါ။ အလားတူပဲ၊ ၿပိဳက်ႏိုင္တဲ့ သစ္ပင္၊ အေဆာက္အဦးနဲ႔ တိုင္ေတြ၊ တံကားေတြနဲ႔ ေဝးရာမွာ ေနသင့္ပါတယ္။ ဒီမွာလည္း အေရးႀကီးတာကလည္း ကာထဲက ဆင္းမေျပးဖို႔၊ ေဘးကိုထြက္မသြားဖို႔ပါ။

အကယ္၍ ငလ်င္လႈပ္လာခ်ိန္မွာ ပင္လယ္ကမ္းေျခနား ေရာက္ေနလွ်င္လည္း၊ ေပ (၅၀) အထက္ ျမင့္တဲ့ေနရာ (ကုန္းျမင့္၊ ခိုင္ခံတဲ့ အေဆာက္အဦးအျမင့္) ကို တတ္ႏိုင္သမွ် အျမန္ဆုံး ေျပးတက္သင့္ပါတယ္။ ငလ်င္အၿပီး မိနစ္နဲ႔၊ နာရီပိုင္းအတြင္းလာႏိုင္တဲ့ ဆူနာမီေရလႈိင္း ဒဏ္ကေန ကာကြယ္ႏိုင္ဖို႔ပါ။

ဒီအေၾကာင္းကို ပိုမိုသိရိွနားလည္ႏိုင္ဖို႔ ကိုဝင္းမင္း က ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး အေရးေပၚကုသမႈဌာနမွ ပါေမာကၡ၊ ဌာနမွဴး ေဒါက္တာေမာ္ေမာ္ဦး ကို ဆက္သြယ္ေမးျမန္းထားပါတယ္။

===Unicode ===

မြန်မာနိုင်ငံမှာ မကြာခဏ ငလျင် လှုပ်လာတာမို့၊ ငလျှင် တကယ်လှုပ်လာတဲ့ အချိန်ခဏတာအတွင်းမှာ၊ အတတ်နိုင်ဆုံး စိတ်တည်ငြိမ်အောင်ထားပြီး (အလွန်ကြောက်ရွံ့ မသွားဘဲ၊ ယောက်ယက်ခတ် မသွားဘဲ)၊ ချက်ချင်း တဆင့်စီ လုပ်သင့်တာတွေကို ကြိုသိထားသင့်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုကြပါတယ်။

ငလျင်လှုပ်လာချိန်မှာ ပထမဆုံးအရေးကြီးတာက အတတ်နိုင်ဆုံး စိတ်တည်ငြိမ်အောင်ထားပြီး အန္တရာယ်ကင်းတဲ့ ခိုင်ခံ့တဲ့ နေရာကို အမြန်ရှာဖို့ပါ။ အဆောက်အဦးထဲမှာ ရှိနေလျှင်၊ ခိုင်ခံ့တဲ့ စားပွဲအောက် (သို့) အကာအကွယ် တစ်ခုခုအောက်ကို အမြန်ဆုံး ပြေးဝင်ပြီး “ဝပ်၊ ကာ၊ ကိုင်” (ကြမ်းပြင်ပေါ် ဒူးထောက် “ဝပ်” ချ၊ ခေါင်းကို အဓိက လက် သို့မဟုတ် တစ်ခုခုနဲ့ “ကာ”၊ ခိုင်တဲ့ စားပွဲတိုင် သို့မဟုတ် မြဲတဲ့ တစ်ခုခုကို “ကိုင်” ထားတာတွေ) လုပ်သင့်ပါတယ်။ ကုတင်အောက်ကိုတော့ မဝင်သင့်ပါဘူး၊ နိမ့်လွန်းပြီး ပြိုကျလာနိုင်တာတွေနဲ့ ထိခိုက်နိုင်လို့ပါ။

အဆောက်အဦးထဲမှာ လွင့်စင်ပြိုကျလာနိုင်တဲ့ ပြူတင်းပေါက်၊ မှန်တံခါး၊ နံရံ၊ အိမ်ထောင်ပရိဘောဂ၊ အမြင့်က ပစ္စည်းတွေ အနားနဲ့အောက်မှာနဲ့ လှေကားအရင်းမှာ သွားမနေမိဖို့ အရေးကြီးပါတယ်။ နောက်အရေးကြီးတာက၊ ငလျင်လှုပ်နေချိန်မှာ၊ အထက်ပါအတိုင်း “ဝပ်၊ ကာ၊ ကိုင်” မလုပ်ဘဲ၊ အဆောက်အဦး ပြင်ပကို ချက်ချင်းထွက်ပြေးတာ၊ လှေကား (သို့မဟုတ်) ဓာတ်လှေကား ချက်ချင်းသွားသုံးတာတွေကိုတော့၊ လုံးဝ မလုပ်ဘဲ ရှောင်ကျဉ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ ငလျင်လှုပ်တဲ့ အချိန်တိုလေးအတွင်းမှာ ပြိုကျ၊ ပိမိလာတာတွေနဲ့ သွားကြုံပြီး ထိခိုက်နိုင်လို့ပါ။

တကယ်လို့ ငလျင်ဒဏ်ကြောင့် ပြိုကျတာတွေနဲ့ ရုတ်တရက်ပိတ်မိ၊ အပြင်မထွက်နိုင်လျှင်လည်း တတ်နိုင်သမျှ စိတ်ကို တည်ငြိမ်အောင်ထားပြီးမှ၊ အပြင်ကို အကူအညီတောင်းသင့်ပါတယ်။ ချက်ချင်း အတင်းရုန်းကန်လှုပ်ရှားပြီး ထွက်တာမျိုး မလုပ်သင့်ပါဘူး။ ချက်ချင်း ရုန်းကန်လှုပ်ရှားမိတာကြောင့် ကိုယ့်အပေါ် ထပ်မံ ပြုတ်ကျ၊ ပြိုကျတာတွေနဲ့ ထိခိုက်မိနိုင်လို့ပါ။

တကယ်လို့ ငလျင်လှုပ်ချိန် အိမ်အပြင်ရောက်နေလျှင်လည်း၊ အန္တရာယ်ကင်းတဲ့ ကွင်းပြင် သို့မဟုတ် ကွက်လပ်နေရာမျိုးကို ချက်ချင်း ပြေးသွားပြီး၊ “ဝပ်၊ ကာ၊ ကိုင်” လုပ်သင့်ပါတယ်။ မြေပေါ် “ဝပ်” ချရခြင်းအကြောင်းရင်းက ငလျင်ဟာ ရပ်နေသူနဲ့ ထိုင်နေသူတွေကို၊ ချက်ချင်း လှဲချနိုင်ပြီး ခေါင်းဒဏ်ရာအထိရ သတိလစ်စေနိုင်တာမို့၊ ကိုယ်ကိုယ်တိုင် ကြိုတင် ဒူးထောက်ဝပ်ချပြီး အကာအကွယ် ယူတာပါ။ “ကာ” တာကလည်း ပြုတ်ကျနိုင်တဲ့ ပစ္စည်းတွေ အဓိက အရေးပါတဲ့ ဦးခေါင်းကို မထိရအောင်လို့ပါ။ ခေါင်းအုံး၊ ဘန်း၊ ရှိတာတစ်ခုခု သို့မဟုတ် လက်နဲ့ ခေါင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ခိုင်တဲ့ တစ်ခုခုကို “ကိုင်” ထားတာကလည်း ငလျင်က လှုပ်ခါဆွဲလှဲနေတာကနေ ထပ်လဲမကျအောင်၊ ပြုတ်မကျအောင် ကာကွယ်တာဖြစ်ပါတယ်။ အပြင်မှာလည်း အရေးကြီးတာက ပြိုကျနိုင်တဲ့ သစ်ပင်၊ အဆောက်အဦးနဲ့ ဓာတ်တိုင်တွေ ဘေးမှာ၊ အောက်မှာ သွားနေတာမျိုး လုံးဝ မလုပ်ဘဲ ရှောင်ကျဉ်သင့်ပါတယ်။

ငလျင်လှုပ်လာချိန် ကားထဲရောက်နေလျှင်လည်း ကားကို အချိန်လျော့ ချက်ချင်းရပ်ဖို့လုပ်ပြီး၊ ကားထဲမှာဘဲ ဆက်နေသင့်ပါတယ်။ အကြောင်းက ကားအနေနဲ့ ပြိုကျထိခိုက်လာနိုင်တာတွေကို ကာကွယ်ပေးပြီးသားဖြစ်နေလို့ပါ။ အလားတူပဲ၊ ပြိုကျနိုင်တဲ့ သစ်ပင်၊ အဆောက်အဦးနဲ့ တိုင်တွေ၊ တံကားတွေနဲ့ ဝေးရာမှာ နေသင့်ပါတယ်။ ဒီမှာလည်း အရေးကြီးတာကလည်း ကာထဲက ဆင်းမပြေးဖို့၊ ဘေးကိုထွက်မသွားဖို့ပါ။

အကယ်၍ ငလျင်လှုပ်လာချိန်မှာ ပင်လယ်ကမ်းခြေနား ရောက်နေလျှင်လည်း၊ ပေ (၅၀) အထက် မြင့်တဲ့နေရာ (ကုန်းမြင့်၊ ခိုင်ခံတဲ့ အဆောက်အဦးအမြင့်) ကို တတ်နိုင်သမျှ အမြန်ဆုံး ပြေးတက်သင့်ပါတယ်။ ငလျင်အပြီး မိနစ်နဲ့၊ နာရီပိုင်းအတွင်းလာနိုင်တဲ့ ဆူနာမီရေလှိုင်း ဒဏ်ကနေ ကာကွယ်နိုင်ဖို့ပါ။

ဒီအကြောင်းကို ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ကုသမှုဌာနမှ ပါမောက္ခ၊ ဌာနမှူး ဒေါက်တာမော်မော်ဦး ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG