သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ငလ်င္ မတိုင္ခင္ ႀကိဳတင္ျပင္ဆင္မူ


Indonesia Earthquake
ငလ်င္ မတိုင္ခင္ ႀကိဳတင္ျပင္ဆင္မူ
please wait

No media source currently available

0:00 0:07:00 0:00
တိုက္႐ိုက္ လင့္ခ္

ျမန္မာႏိုင္ငံမွာ ငလ်င္ မၾကာခဏလႈပ္လာၿပီး၊ လူေနထူထပ္တဲ့ ရန္ကုန္မွာပါ မၾကာခင္က အနည္းငယ္လႈပ္ခဲ့ၿပီး၊ ပိုအင္အားမ်ားမ်ား ထပ္ျဖစ္လာခဲ့လွ်င္ ထိခိုက္ေသဆုံးမူနည္းေအာင္ ႀကိဳျပင္ထားသင့္တယ္လို႔ က်န္းမာေရးပညာရွင္ေတြက သတိေပးေျပာဆိုၾကပါတယ္။

အင္အားႀကီးတဲ့ငလ်င္ ရန္ကုန္မွာ လႈပ္လာခဲ့လွ်င္ ထိခိုက္ဒဏ္ရာနဲ႔ ေသဆုံးမူမ်ားျပားႏိုင္တာေၾကာင့္၊ တတ္ႏိုင္သမွ် ေလွ်ာ့ခ်ႏိုင္ေအာင္ ႀကိဳတင္ျပင္ဆင္ထားဖို႔ အေရးႀကီးပါတယ္။ အင္အားႀကီးတဲ့ ငလ်င္မဟုတ္ဘဲ၊ အသင့္အတင့္အင္အားရွိတဲ့ ငလွ်င္လႈပ္လာလွ်င္ပင္၊ အေဆာက္အဦးေတြ မၿပိဳလွ်င္ေတာင္၊ အေဆာက္အဦးထဲရွိ ပရိေဘာဂပစၥည္း၊ မ်က္ႏွာက်က္နဲ႔ နံရံေတြ ပ်က္စီးၿပိဳက်ကာ ထိခိုက္ဒဏ္ရာေတြ ရေစႏိုင္ပါတယ္။

ဒါေၾကာင့္ အိမ္တြင္း၊ ေက်ာင္းတြင္း၊ အေဆာက္အဦးတြင္းမွာရွိတဲ့ ၿပိဳလဲပိမိေစႏိုင္တဲ့ ပစၥည္းေတြထားသိုမူဟာ အလြန္အေရးႀကီးလာပါတယ္။ အထူးသျဖင့္ ေလးလံတဲ့ ဘီဒိုေတြနဲ႔ ပစၥည္းေတြအားလုံးကို လဲမက်ႏိုင္ဘဲ ၿငိမ္ေနေအာင္၊ နံရံမွာ ဝက္အူရစ္နဲ႔ ဆြဲထိန္းထားေပးသင့္ပါတယ္။ ဒါ့အျပင္ ပစၥည္းေတြ တစ္ခုနဲ႔တစ္ခု ၿပိဳက်ႏိုင္တဲ့ အေနအထားမွာလဲ အကာအကြယ္ရွိတဲ့ ေနရာရွိေအာင္ ထားသိုသင့္ပါတယ္။ ဒီပစၥည္းေတြ သိမ္းဆည္းထားရာမွာလည္း ထြက္ေပါက္ အလြယ္တကူရွိေနေအာင္၊ ထြက္ေပါက္ ပိတ္မေနေအာင္လည္း စီမံသင့္ပါတယ္။ ဥပမာ အိမ္ေရွ ႔တံခါးထြက္ေပါက္နား ဘီဒိုထားမိလွ်င္ ငလ်င္လႈပ္လာခ်ိန္ ဘီဒိုလဲက်ၿပီး ထြက္ေပါက္ပိတ္သြားေစႏိုင္တာမို႔ ထြက္ေပါက္နားမွာ ဘီဒို မထားသင့္ပါ။

ဒါ့အျပင္ အေပၚဘက္ကက်လာႏိုင္တဲ့ ပစၥည္းေတြကိုလည္း ႀကိဳတင္စီမံထားသင့္ပါတယ္။ အင္အားနည္းတဲ့ ငလ်င္ေၾကာင့္ပင္ မ်က္ႏွာၾကက္ မခိုင္လွ်င္ ၿပိဳက်ပိမိႏိုင္ပါတယ္။ ဒါေၾကာင့္ မ်က္ႏွာၾကက္ ႀကံခိုင္မူကို ႀကိဳၾကည့္ထားၿပီး၊ ျပင္ဆင္ထားသင့္ပါတယ္။ အေပၚမွာ ခ်ိတ္ဆြဲထားတဲ့ တီဗြီ႐ုပ္ျမင္သံၾကားေတြ၊ ဓာတ္ပုံေတြ၊ မီးဆိုင္းေတြ၊ မီလုံးေတြနဲ႔ လွ်ပ္စစ္သြယ္တန္းမူေတြ ထားပုံထားနည္းကိုလည္း ျပင္သင့္လွ်င္ ျပင္ေပးသင့္ပါတယ္။ ဥပမာ လူအၿမဲေနတဲ့ ဧည့္ခန္း၊ ထမင္းစားခန္း၊ အိပ္ယာေပၚနဲ႔ေဘးနားရဲ႕ အေပၚေတြမွာ ဒီ ျပဳတ္က်ထိခိုက္ေစႏိုင္တဲ့ ပစၥည္းေတြ မထားဖို႔၊ လိုအပ္လွ်င္ ေျပာင္းထားဖို႔ လိုပါတယ္။

အိမ္၊ ႐ုံးနဲ႔ အေဆာက္အဦးထဲမွာ အႏၲရာယ္ကင္း လုံၿခဳံစြာ ခိုလႈံႏိုင္မဲ့ ခိုင္ခံ့တဲ့ ေနရာေတြကိုလည္း ႀကိဳတင္ရွာေဖြထားသင့္ပါတယ္။ ဥပမာ အေဆာက္အဦးထဲမွာ ဘယ္ေဒါင့္ဘက္ နံရံက ပိုခိုင္ႏိုင္တာ၊ ပရိေဘာဂထဲမွာလည္း ဘယ္စားပြဲက ပိုမာၿပီး တစ္ခုခုျပဳတ္က်လွ်င္ မက်ိဳးႏိုင္တာမ်ိဳး ႀကိဳတင္ ၾကည့္ထားဖို႔လိုပါတယ္။ ဒါမွသာ ငလ်င္လႈပ္လာခ်ိန္မွာ လုပ္ရတဲ့ ဝပ္၊ ကာ၊ ကိုင္ (ခ်က္ခ်င္း “ဝပ္” ခ်လိုက္ၿပီး၊ ေခါင္းကို လက္ သို႔မဟုတ္ ပစၥည္းတစ္ခုခုနဲ႔ “ကာ” ကာ၊ လႈပ္ေနခ်ိန္ မလဲေအာင္ တစ္ခုခုကို “ကိုင္” ထားဖို႔) လုပ္ႏိုင္မယ့္ေနရာကို ႀကိဳေ႐ြးထားၿပီး၊ ခ်က္ခ်င္းလုပ္ႏိုင္ဖို႔ ႀကိဳတင္ေလ့က်င့္ထားႏိုင္မွာပါ။

ဒါ့အျပင္ သာမန္အင္အားရွိတဲ့ ငလ်င္ေၾကာင့္ပင္ ထမင္းဟင္းခ်က္တဲ့ ဂက္စ္ဓာတ္ေငြ႔ (Gas) အိုး လိမ့္ၿပီး ေမွာက္ကာ၊ မီးေလာင္ေပါက္ကြဲမူ မျဖစ္ရေအာင္လည္း၊ ၾကမ္းျပင္မွာ ေသေသခ်ာခ်ာ ထိန္းထားတာ (သို႔မဟုတ္) ႀကိဳးနဲ႔ျဖစ္ျဖစ္ တစ္ခုခုမွာခ်ည္ထားတာမ်ိဳး လုပ္ေပးထားသင့္ပါတယ္။ နံရံတေလွ်ာက္သြယ္ထားေလ့ရွိတဲ့ လွ်ပ္စစ္မီးႀကိဳးေတြ ငလ်င္ေၾကာင့္ နံရံအက္ကြဲ ၿပိဳက်ခ်ိန္ ျပတ္ၿပီး ေရွာ့ခ္ (Shock) ျဖစ္၊ မီးေလာင္တာကေန ကာကြယ္ႏိုင္ဖို႔၊ မီးႀကိဳးႀကံခိုင္မူေတြကို စစ္ေဆးၿပီး၊ လိုအပ္လွ်င္ မီးႀကိဳးတင္းေနတာေၾကာင့္ မျပတ္လြယ္ေအာင္ အနည္းငယ္ေလ်ာ့ၿပီး သြယ္တန္းထားသင့္ပါတယ္။ အေရးေပၚ ပင္မမီးခလုပ္ (Main Switch) ေနရာကိုလည္း အိမ္သားေတြအားလုံး ႀကိဳသိထားၿပီး လိုအပ္လွ်င္ ပိတ္ဖို႔လိုပါတယ္။

ငလ်င္လႈပ္ၿပီးၿပီးခ်င္း အေဆာက္အဦး ထပ္ၿပိဳႏိုင္တာေၾကာင့္ အခ်ိန္မီ အျပင္ထြက္ႏိုင္ေအာင္ ထြက္ေပါက္ေတြအားလုံးကိုလည္း အိမ္သားေတြအားလုံး ရွင္းရွင္းလင္းလင္း ႀကိဳသိထားၿပီး ေလ့က်င့္ထားဖို႔ လိုပါတယ္။ အေရးေပၚအေျခအေနမွာ သုံးႏိုင္မဲ့ ပစၥည္းေတြ (ဥပမာ မီးသတ္ေဆးဗူး၊ အားေကာင္းတဲ့ဓာတ္မီး၊ ဝီစီခရာ စတာ) ေတြကိုလည္း ႀကိဳေဆာင္ထားသင့္ပါတယ္။ အေဆာက္အဦး မၿပိဳလွ်င္ေတာင္၊ ခ်က္လက္စ မီးဖိုလဲက်ၿပီး မီးေလာင္တာမ်ိဳး ျဖစ္ႏိုင္တာမို႔ မီးသတ္ေဆးဗူး အသင့္ရွိထားသင့္ပါတယ္။ ငလ်င္က ညအခ်ိန္မွာလည္း လႈပ္ႏိုင္တာမို႔၊ မီးပ်က္သြားလွ်င္ ထြက္ေပါက္ေတြကိုျမင္ရဖို႔ ဓာတ္မီးေကာင္းေကာင္း ရွိဖို႔လိုပါတယ္။ အေဆာက္အဦးထဲမွာ ပိတ္မိေနလွ်င္လည္း အကူအညီေတာင္းႏိုင္ေအာင္ ဝီစီခရာမႈတ္ အခ်က္ေပးႏိုင္ပါတယ္။ ဆက္သြယ္ေရးကရိယာျဖစ္တဲ့ ဖုန္း၊ လက္ကိုင္ဖုန္းေတြကိုလည္း အနားမွာ ေဆာင္ထားသင့္ပါတယ္။

ဒါ့အျပင္ ကိုယ့္မိသားစုထဲမွာ အေရးေပၚေရွးဦးသူနာျပဳစုနည္းေတြကို သင္ၾကား၊ေလ့က်င့္ထားသင့္ၿပီး အေရးေပၚေဆးပစၥည္း (ပတ္တီး၊ ဂြမ္း၊ အရက္ပ်ံ စတာ) ေတြကို ေဆာင္ထားသင့္ပါတယ္။ ငလ်င္ေၾကာင့္ သာမန္ဒဏ္ရာေတြကေန (အ႐ိုးက်ိဳးတာအပါအဝင္) ပိုမဆိုးေအာင္၊ ေသြးထြက္မလြန္ေအာင္အျပင္၊ အသက္အႏၲရာယ္ရွိတဲ့ အေျခအေနမွာပါ ေသြးထြက္မလြန္ေအာင္၊ အသက္ရႈၾကပ္တာ ပိတ္တာမျဖစ္ရေအာင္၊ ကိုယ္တြင္းအဂၤါေတြ ထပ္ထိခိုက္တာမျဖစ္ရေအာင္ အေရးေပၚ ေရွးဦးသူနာျပဳစုနည္းေတြနဲ႔ ထိန္းထားေပးႏိုင္ပါတယ္။ ငလ်င္လႈပ္အၿပီးမွာ ေဆး႐ုံမွာ လူနာေတြမ်ားေနေလ့ရွိၿပီး ခ်က္ခ်င္းကုသမူ ရဖို႔ခက္ႏိုင္တာအျပင္၊ သစ္ပင္ေတြလဲႏိုင္ အေဆာက္အဦးေတြၿပိဳႏိုင္တာေၾကာင့္ လမ္းပိတ္တာေတြလည္းျဖစ္ႏိုင္ကာ၊ ေဆး႐ုံေရာက္ဖို႔ အခက္ႀကဳံႏိုင္ခ်ိန္မွာ ဒီအေရးေပၚ ေရွးဦးသူနာျပဳစုနည္းေတြနဲ႔ အေထာက္အကူျပဳႏိုင္ပါတယ္။ အေဆာက္အဦးထဲ ပိတ္မိေနခဲ့လွ်င္လည္း အသုံးျပဳႏိုင္မဲ့ အေရးေပၚ အစာေျခာက္နဲ႔ ေရတို႔ကို ေဆာင္ထားသင့္ပါတယ္။ ငလ်င္လႈပ္အၿပီး အေျခအေနကို သိႏိုင္ေအာင္လည္း ေရဒီယိုကိုလည္း ေဆာင္ထားႏိုင္ပါတယ္။

ဒီအေၾကာင္းကို ပိုမိုသိရိွနားလည္ႏိုင္ဖို႔ ကိုဝင္းမင္း က ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး အေရးေပၚကုသမႈဌာနက ပါေမာကၡ ဌာနမွဴး ေဒါက္တာေမာ္ေမာ္ဦး ကို ဆက္သြယ္ေမးျမန္းထားပါတယ္။

==Unicode==

မြန်မာနိုင်ငံမှာ ငလျင် မကြာခဏလှုပ်လာပြီး၊ လူနေထူထပ်တဲ့ ရန်ကုန်မှာပါ မကြာခင်က အနည်းငယ်လှုပ်ခဲ့ပြီး၊ ပိုအင်အားများများ ထပ်ဖြစ်လာခဲ့လျှင် ထိခိုက်သေဆုံးမူနည်းအောင် ကြိုပြင်ထားသင့်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုကြပါတယ်။

အင်အားကြီးတဲ့ငလျင် ရန်ကုန်မှာ လှုပ်လာခဲ့လျှင် ထိခိုက်ဒဏ်ရာနဲ့ သေဆုံးမူများပြားနိုင်တာကြောင့်၊ တတ်နိုင်သမျှ လျှော့ချနိုင်အောင် ကြိုတင်ပြင်ဆင်ထားဖို့ အရေးကြီးပါတယ်။ အင်အားကြီးတဲ့ ငလျင်မဟုတ်ဘဲ၊ အသင့်အတင့်အင်အားရှိတဲ့ ငလျှင်လှုပ်လာလျှင်ပင်၊ အဆောက်အဦးတွေ မပြိုလျှင်တောင်၊ အဆောက်အဦးထဲရှိ ပရိဘောဂပစ္စည်း၊ မျက်နှာကျက်နဲ့ နံရံတွေ ပျက်စီးပြိုကျကာ ထိခိုက်ဒဏ်ရာတွေ ရစေနိုင်ပါတယ်။

ဒါကြောင့် အိမ်တွင်း၊ ကျောင်းတွင်း၊ အဆောက်အဦးတွင်းမှာရှိတဲ့ ပြိုလဲပိမိစေနိုင်တဲ့ ပစ္စည်းတွေထားသိုမူဟာ အလွန်အရေးကြီးလာပါတယ်။ အထူးသဖြင့် လေးလံတဲ့ ဘီဒိုတွေနဲ့ ပစ္စည်းတွေအားလုံးကို လဲမကျနိုင်ဘဲ ငြိမ်နေအောင်၊ နံရံမှာ ဝက်အူရစ်နဲ့ ဆွဲထိန်းထားပေးသင့်ပါတယ်။ ဒါ့အပြင် ပစ္စည်းတွေ တစ်ခုနဲ့တစ်ခု ပြိုကျနိုင်တဲ့ အနေအထားမှာလဲ အကာအကွယ်ရှိတဲ့ နေရာရှိအောင် ထားသိုသင့်ပါတယ်။ ဒီပစ္စည်းတွေ သိမ်းဆည်းထားရာမှာလည်း ထွက်ပေါက် အလွယ်တကူရှိနေအောင်၊ ထွက်ပေါက် ပိတ်မနေအောင်လည်း စီမံသင့်ပါတယ်။ ဥပမာ အိမ်ရှေ့တံခါးထွက်ပေါက်နား ဘီဒိုထားမိလျှင် ငလျင်လှုပ်လာချိန် ဘီဒိုလဲကျပြီး ထွက်ပေါက်ပိတ်သွားစေနိုင်တာမို့ ထွက်ပေါက်နားမှာ ဘီဒို မထားသင့်ပါ။

ဒါ့အပြင် အပေါ်ဘက်ကကျလာနိုင်တဲ့ ပစ္စည်းတွေကိုလည်း ကြိုတင်စီမံထားသင့်ပါတယ်။ အင်အားနည်းတဲ့ ငလျင်ကြောင့်ပင် မျက်နှာကြက် မခိုင်လျှင် ပြိုကျပိမိနိုင်ပါတယ်။ ဒါကြောင့် မျက်နှာကြက် ကြံခိုင်မူကို ကြိုကြည့်ထားပြီး၊ ပြင်ဆင်ထားသင့်ပါတယ်။ အပေါ်မှာ ချိတ်ဆွဲထားတဲ့ တီဗွီရုပ်မြင်သံကြားတွေ၊ ဓာတ်ပုံတွေ၊ မီးဆိုင်းတွေ၊ မီလုံးတွေနဲ့ လျှပ်စစ်သွယ်တန်းမူတွေ ထားပုံထားနည်းကိုလည်း ပြင်သင့်လျှင် ပြင်ပေးသင့်ပါတယ်။ ဥပမာ လူအမြဲနေတဲ့ ဧည့်ခန်း၊ ထမင်းစားခန်း၊ အိပ်ယာပေါ်နဲ့ဘေးနားရဲ့ အပေါ်တွေမှာ ဒီ ပြုတ်ကျထိခိုက်စေနိုင်တဲ့ ပစ္စည်းတွေ မထားဖို့၊ လိုအပ်လျှင် ပြောင်းထားဖို့ လိုပါတယ်။

အိမ်၊ ရုံးနဲ့ အဆောက်အဦးထဲမှာ အန္တရာယ်ကင်း လုံခြုံစွာ ခိုလှုံနိုင်မဲ့ ခိုင်ခံ့တဲ့ နေရာတွေကိုလည်း ကြိုတင်ရှာဖွေထားသင့်ပါတယ်။ ဥပမာ အဆောက်အဦးထဲမှာ ဘယ်ဒေါင့်ဘက် နံရံက ပိုခိုင်နိုင်တာ၊ ပရိဘောဂထဲမှာလည်း ဘယ်စားပွဲက ပိုမာပြီး တစ်ခုခုပြုတ်ကျလျှင် မကျိုးနိုင်တာမျိုး ကြိုတင် ကြည့်ထားဖို့လိုပါတယ်။ ဒါမှသာ ငလျင်လှုပ်လာချိန်မှာ လုပ်ရတဲ့ ဝပ်၊ ကာ၊ ကိုင် (ချက်ချင်း “ဝပ်” ချလိုက်ပြီး၊ ခေါင်းကို လက် သို့မဟုတ် ပစ္စည်းတစ်ခုခုနဲ့ “ကာ” ကာ၊ လှုပ်နေချိန် မလဲအောင် တစ်ခုခုကို “ကိုင်” ထားဖို့) လုပ်နိုင်မယ့်နေရာကို ကြိုရွေးထားပြီး၊ ချက်ချင်းလုပ်နိုင်ဖို့ ကြိုတင်လေ့ကျင့်ထားနိုင်မှာပါ။

ဒါ့အပြင် သာမန်အင်အားရှိတဲ့ ငလျင်ကြောင့်ပင် ထမင်းဟင်းချက်တဲ့ ဂက်စ်ဓာတ်ငွေ့ (Gas) အိုး လိမ့်ပြီး မှောက်ကာ၊ မီးလောင်ပေါက်ကွဲမူ မဖြစ်ရအောင်လည်း၊ ကြမ်းပြင်မှာ သေသေချာချာ ထိန်းထားတာ (သို့မဟုတ်) ကြိုးနဲ့ဖြစ်ဖြစ် တစ်ခုခုမှာချည်ထားတာမျိုး လုပ်ပေးထားသင့်ပါတယ်။ နံရံတလျှောက်သွယ်ထားလေ့ရှိတဲ့ လျှပ်စစ်မီးကြိုးတွေ ငလျင်ကြောင့် နံရံအက်ကွဲ ပြိုကျချိန် ပြတ်ပြီး ရှော့ခ် (Shock) ဖြစ်၊ မီးလောင်တာကနေ ကာကွယ်နိုင်ဖို့၊ မီးကြိုးကြံခိုင်မူတွေကို စစ်ဆေးပြီး၊ လိုအပ်လျှင် မီးကြိုးတင်းနေတာကြောင့် မပြတ်လွယ်အောင် အနည်းငယ်လျော့ပြီး သွယ်တန်းထားသင့်ပါတယ်။ အရေးပေါ် ပင်မမီးခလုပ် (Main Switch) နေရာကိုလည်း အိမ်သားတွေအားလုံး ကြိုသိထားပြီး လိုအပ်လျှင် ပိတ်ဖို့လိုပါတယ်။

ငလျင်လှုပ်ပြီးပြီးချင်း အဆောက်အဦး ထပ်ပြိုနိုင်တာကြောင့် အချိန်မီ အပြင်ထွက်နိုင်အောင် ထွက်ပေါက်တွေအားလုံးကိုလည်း အိမ်သားတွေအားလုံး ရှင်းရှင်းလင်းလင်း ကြိုသိထားပြီး လေ့ကျင့်ထားဖို့ လိုပါတယ်။ အရေးပေါ်အခြေအနေမှာ သုံးနိုင်မဲ့ ပစ္စည်းတွေ (ဥပမာ မီးသတ်ဆေးဗူး၊ အားကောင်းတဲ့ဓာတ်မီး၊ ဝီစီခရာ စတာ) တွေကိုလည်း ကြိုဆောင်ထားသင့်ပါတယ်။ အဆောက်အဦး မပြိုလျှင်တောင်၊ ချက်လက်စ မီးဖိုလဲကျပြီး မီးလောင်တာမျိုး ဖြစ်နိုင်တာမို့ မီးသတ်ဆေးဗူး အသင့်ရှိထားသင့်ပါတယ်။ ငလျင်က ညအချိန်မှာလည်း လှုပ်နိုင်တာမို့၊ မီးပျက်သွားလျှင် ထွက်ပေါက်တွေကိုမြင်ရဖို့ ဓာတ်မီးကောင်းကောင်း ရှိဖို့လိုပါတယ်။ အဆောက်အဦးထဲမှာ ပိတ်မိနေလျှင်လည်း အကူအညီတောင်းနိုင်အောင် ဝီစီခရာမှုတ် အချက်ပေးနိုင်ပါတယ်။ ဆက်သွယ်ရေးကရိယာဖြစ်တဲ့ ဖုန်း၊ လက်ကိုင်ဖုန်းတွေကိုလည်း အနားမှာ ဆောင်ထားသင့်ပါတယ်။

ဒါ့အပြင် ကိုယ့်မိသားစုထဲမှာ အရေးပေါ်ရှေးဦးသူနာပြုစုနည်းတွေကို သင်ကြား၊လေ့ကျင့်ထားသင့်ပြီး အရေးပေါ်ဆေးပစ္စည်း (ပတ်တီး၊ ဂွမ်း၊ အရက်ပျံ စတာ) တွေကို ဆောင်ထားသင့်ပါတယ်။ ငလျင်ကြောင့် သာမန်ဒဏ်ရာတွေကနေ (အရိုးကျိုးတာအပါအဝင်) ပိုမဆိုးအောင်၊ သွေးထွက်မလွန်အောင်အပြင်၊ အသက်အန္တရာယ်ရှိတဲ့ အခြေအနေမှာပါ သွေးထွက်မလွန်အောင်၊ အသက်ရှုကြပ်တာ ပိတ်တာမဖြစ်ရအောင်၊ ကိုယ်တွင်းအင်္ဂါတွေ ထပ်ထိခိုက်တာမဖြစ်ရအောင် အရေးပေါ် ရှေးဦးသူနာပြုစုနည်းတွေနဲ့ ထိန်းထားပေးနိုင်ပါတယ်။ ငလျင်လှုပ်အပြီးမှာ ဆေးရုံမှာ လူနာတွေများနေလေ့ရှိပြီး ချက်ချင်းကုသမူ ရဖို့ခက်နိုင်တာအပြင်၊ သစ်ပင်တွေလဲနိုင် အဆောက်အဦးတွေပြိုနိုင်တာကြောင့် လမ်းပိတ်တာတွေလည်းဖြစ်နိုင်ကာ၊ ဆေးရုံရောက်ဖို့ အခက်ကြုံနိုင်ချိန်မှာ ဒီအရေးပေါ် ရှေးဦးသူနာပြုစုနည်းတွေနဲ့ အထောက်အကူပြုနိုင်ပါတယ်။ အဆောက်အဦးထဲ ပိတ်မိနေခဲ့လျှင်လည်း အသုံးပြုနိုင်မဲ့ အရေးပေါ် အစာခြောက်နဲ့ ရေတို့ကို ဆောင်ထားသင့်ပါတယ်။ ငလျင်လှုပ်အပြီး အခြေအနေကို သိနိုင်အောင်လည်း ရေဒီယိုကိုလည်း ဆောင်ထားနိုင်ပါတယ်။

ဒီအကြောင်းကို ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ကုသမှုဌာနက ပါမောက္ခ ဌာနမှူး ဒေါက်တာမော်မော်ဦး ကို ဆက်သွယ်မေးမြန်းထားပါတယ်။

XS
SM
MD
LG