သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တူရကီမွာ ကာ့ဒ္ေတြကို ပိုမိုဖမ္းဆီး


(Zawgyi/Unicode)

တူရကီႏုိ္င္ငံက ဆီးရီးယား ေျမာက္ပိုင္းက YPG ကာ့ဒ္ စစ္ေသြးၾကြေတြကို တုိက္ခိုက္ေနတာနဲ႔ တစ္ၿပိဳင္နက္တည္းမွာပဲ တူရကီႏုိင္ငံတြင္းက ကာ့ဒ္ပါတီကို ေထာက္ခံသူေတြကို ဖမ္းဆီးမႈေတြလည္း ပိုမ်ားလာေနပါတယ္။ ဒီလို ဖမ္းဆီးမႈေတြဟာ တူရကီႏုိင္ငံရဲ႕ လူမႈ အဖြဲ႕အစည္း အတြင္းထိ က်ယ္က်ယ္ျပန္႔ျပန္႔ ၀င္ေရာက္လာေနေၾကာင္း ေလ့လာသူေတြက ေျပာပါတယ္။

ခုခ်ိန္အထိ တူရကီႏိုင္ငံရဲ႕ တတိယ အင္အားအၾကီးဆုံးပါတီျဖစ္တဲ့ အတိုက္အခံ HDP ပါတီရဲ႕ ေရြးေကာက္ခံ ျမိဳ႕၀န္ ၇ ေယာက္ ရာထူးကေန ထုတ္ပယ္ခံခဲ့ရသလို အၾကမ္းဖက္မႈ စြပ္စြဲခ်က္ေတြနဲ႔ ေအာက္တိုဘာလ အေစာပိုင္းက စြဲခ်က္တင္ထားခံေနရပါတယ္။

အဲဒီ ဖမ္းဆီးမႈေတြဟာ တူရကီက ဆီးရီးယားႏုိင္ငံ ေျမာက္ပိုင္းမွာ ျငိမ္းခ်မ္းေရး ေႏြးဦးလို႔ ေခၚတဲ့ စစ္ဆင္ေရး ဆင္ႏြဲေနခ်ိန္နဲ႕ တိုက္ဆိုင္ေနတာပါ။ YKP ဟာ တူရကီကို ဆယ္စုႏွစ္ေပါင္း မ်ားစြာ လက္နက္ကိုင္ တိုက္ပြဲ၀င္ေနတဲ့ PKK နဲ႔ ဆက္ႏြယ္ေၾကာင္း စြပ္စြဲျပီး အၾကမ္းဖက္ အဖြဲ႕အစည္းအျဖစ္ တူရကီ အစိုးရက သတ္မွတ္ထားခဲ့ပါတယ္။

HDP ပါတီကို PKK လက္နက္ကိုင္အဖြဲ႔ရဲ႕ ႏုိင္ငံေရးအဖြဲ႕အျဖစ္ တူရကီ သမၼတ Tayyip Erdogan က စြပ္စြဲျပီး အခုလို ဖမ္းဆီးမႈေတြကို ကာကြယ္ ေျပာဆိုခဲ့ပါတယ္။ ဒါေပမဲ့ HDP ပါတီကေတာ့ စြပ္စြဲခ်က္ေတြကို ျငင္းဆိုရာထားရာမွာ HDP ရဲ႕ ဂုဏ္ထူးေဆာင္ ဥကၠဌ Ertugrul Kurkcu က လူ ၆ သန္း မဲေပးတဲ့ပါတီက ဘယ္ပုံဘယ္နည္းနဲ႔ အၾကမ္းဖက္ အဖြဲ႔အစည္းျဖစ္ႏုိင္မလဲဆိုျပီး တုံ႔ျပန္ ေျပာဆိုခဲ့ပါတယ္။

ပါတီရဲ႕ ယခင္ ေခါင္းေဆာင္ေဟာင္း Selahattin Demirtas အပါအ၀င္ ထိပ္တန္း တာ၀န္ရွိသူ တစ္ဒါဇင္ေလာက္ဟာ လြတ္ျငိမ္းခ်မ္းသာခြင့္ ရုပ္သိမ္းခံရျပီးတဲ့ေနာက္ ေထာင္ဒဏ္ ခ်မွတ္ခံခဲ့ရပါတယ္။

ပါတီရဲ႕အဆိုအရ အခုအထိ အဖြဲ႔၀င္ ေထာင္ေပါင္းမ်ားစြာ နဲ႔ ေဒသဆိုင္ရာ တာ၀န္ရွိသူေတြ ထိန္းသိမ္းခံခဲ့ရျပီ ျဖစ္ပါတယ္။

.................

တူရကီမွာ ကာ့ဒ္ေတြကို ပိုမိုဖမ္းဆီး
please wait

No media source currently available

0:00 0:01:06 0:00
တိုက္႐ိုက္ လင့္ခ္


တူရကီမှာ ကာ့ဒ်တွေကို ပိုမိုဖမ်းဆီး

(Unicode)

တူရကီနိုင်ငံက ဆီးရီးယား မြောက်ပိုင်းက YPG ကာ့ဒ် စစ်သွေးကြွတွေကို တိုက်ခိုက်နေတာနဲ့ တစ်ပြိုင်နက်တည်းမှာပဲ တူရကီနိုင်ငံတွင်းက ကာ့ဒ်ပါတီကို ထောက်ခံသူတွေကို ဖမ်းဆီးမှုတွေလည်း ပိုများလာနေပါတယ်။ ဒီလို ဖမ်းဆီးမှုတွေဟာ တူရကီနိုင်ငံရဲ့ လူမှု အဖွဲ့အစည်း အတွင်းထိ ကျယ်ကျယ်ပြန့်ပြန့် ဝင်ရောက်လာနေကြောင်း လေ့လာသူတွေက ပြောပါတယ်။

ခုချိန်အထိ တူရကီနိုင်ငံရဲ့ တတိယ အင်အားအကြီးဆုံးပါတီဖြစ်တဲ့ အတိုက်အခံ HDP ပါတီရဲ့ ရွေးကောက်ခံ မြို့ဝန် ၇ ယောက် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရသလို အကြမ်းဖက်မှု စွပ်စွဲချက်တွေနဲ့ အောက်တိုဘာလ အစောပိုင်းက စွဲချက်တင်ထားခံနေရပါတယ်။

အဲဒီ ဖမ်းဆီးမှုတွေဟာ တူရကီက ဆီးရီးယားနိုင်ငံ မြောက်ပိုင်းမှာ ငြိမ်းချမ်းရေး နွေးဦးလို့ ခေါ်တဲ့ စစ်ဆင်ရေး ဆင်နွဲနေချိန်နဲ့ တိုက်ဆိုင်နေတာပါ။ YKP ဟာ တူရကီကို ဆယ်စုနှစ်ပေါင်း များစွာ လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့ PKK နဲ့ ဆက်နွယ်ကြောင်း စွပ်စွဲပြီး အကြမ်းဖက် အဖွဲ့အစည်းအဖြစ် တူရကီ အစိုးရက သတ်မှတ်ထားခဲ့ပါတယ်။

HDP ပါတီကို PKK လက်နက်ကိုင်အဖွဲ့ရဲ့ နိုင်ငံရေးအဖွဲ့အဖြစ် တူရကီ သမ္မတ Tayyip Erdogan က စွပ်စွဲပြီး အခုလို ဖမ်းဆီးမှုတွေကို ကာကွယ် ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ HDP ပါတီကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုရာထားရာမှာ HDP ရဲ့ ဂုဏ်ထူးဆောင် ဥက္ကဌ Ertugrul Kurkcu က လူ ၆ သန်း မဲပေးတဲ့ပါတီက ဘယ်ပုံဘယ်နည်းနဲ့ အကြမ်းဖက် အဖွဲ့အစည်းဖြစ်နိုင်မလဲဆိုပြီး တုံ့ပြန် ပြောဆိုခဲ့ပါတယ်။

ပါတီရဲ့ ယခင် ခေါင်းဆောင်ဟောင်း Selahattin Demirtas အပါအဝင် ထိပ်တန်း တာဝန်ရှိသူ တစ်ဒါဇင်လောက်ဟာ လွတ်ငြိမ်းချမ်းသာခွင့် ရုပ်သိမ်းခံရပြီးတဲ့နောက် ထောင်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။

ပါတီရဲ့အဆိုအရ အခုအထိ အဖွဲ့ဝင် ထောင်ပေါင်းများစွာ နဲ့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေ ထိန်းသိမ်းခံခဲ့ရပြီ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG