သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီအပေါ် အရေးယူဒဏ်ခတ်မှု ကန် ပြန်လည်ရုပ်သိမ်း


(Zawgyi/ Unicode)

ဆီးရီးယား အရှေ့မြောက်ပိုင်း ဒေသမှာ ကာဒ့် အတွေအပေါ် တူရကီရဲ့ ထိုးစစ်ဆင်နေမှုအတွက် အမေရိကန်ရဲ့ ကြားဝင်စေ့စပ်ပေးမှုကြောင့် အပစ်အခတ်ရပ်စဲမှုဟာ ယာယီမဟုတ်ဘဲ ခိုင်မြဲလာပြီဖြစ်တဲ့အတွက် တူရကီကို အမေရိကန်အစိုးရချထားတဲ့ အရေးယူဒဏ်ခတ်မှုတွေ ရုပ်သိမ်း ပေးလိုက်ပြီလို့ အမေရိကန်သမ္မတ Donald Trump ကပြောပါတယ်။
ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာ တူရကီက သူတို့ရဲ့ ဆီးရီးယားနိုင်ငံတွင်း ထိုးစစ်ဆင် တိုက်ခိုက်နေမှုတွေကို ရပ်ဆိုင်းလိုက်ပြီလို့ Trump အစိုးရအဖွဲ့ကို အကြောင်းကြားခဲ့ကြောင်းနဲ့ ဒီအပစ်အခတ်ရပ်စဲမှုဟာ အများက သံသယဖြစ်နေသလို ယာယီမဟုတ်ဘဲ အမြဲတမ်း ဖြစ်သွားပြီလို့ သမ္မတ Trump ကပြောပါတယ်။

ဒါ့အပြင် တူရကီတွေ ဆီးရီးယား Kurds တွေအပေါ် ထိုးစစ်ဆင်ခဲ့တဲအတွက် အမေရိကန်က ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှုတွေကို လည်း ဖယ်ရှားပေးခဲ့ကြောင်းနဲ့ ဒါဟာလည်း တစုံတရာ ပြဿနာ ထပ်မဖြစ်တော့တဲ့ အချိန်အထိ ဖြစ်ကြောင်း သမ္မတ Trump က ပြောပါတယ်။ ဆီးရီးယား ဒီမိုကရက်တစ်တပ်ဦး SDF ဟာ အမေရိကန်တွေရဲ့ အိုင်အက်စ်စစ်သွေးကြွ ချေမှုန်းရေးမှာ လက်တွဲ တိုက်ခိုက်ခဲ့သူတွေ ဖြစ်ပါတယ်။ ဒါပေမယ့် တူရကီကတော့ သူ့နိုင်ငံတွင်း ခွဲထွက်ရေးအတွက် ပုန်ကန်လှုပ်ရှားနေသူတွေနဲ့ ဆက်နွယ်နေတဲ့ အကြမ်းဖက်သမား တွေ အဖြစ် သဘောထားနေတာပါ။

SDF တပ်ဖွဲ့ ပြောခွင့်ရ Mustafa Bali ကလည်း SDF ဗိုလ်ချုပ်ကြီး Mazloum Abdi ရဲ့ သမ္မတ Trump ကို ကျေးဇူးတင်ကြောင်း ထုတ်ပြန်တဲ့ ကြေညာချက်ကို သူ့ရဲ့ တွစ်တာမှာ ရေးပါတယ်။ အဲဒီကြေညာချက်မှာ တူရကီတွေရဲ့ ရက်ရက်စက်စက် တိုက်ခိုက်မှုတွေ ရပ်ဆိုင်းအောင် မနားမနေ ကြိုးစားပေးခဲ့တာနဲ့ SDF ကို မိတ်ဆွေအဖြစ် ဆက်ထားမယ်လို့ ကတိပေးခဲ့တာ အတွက် သမ္မတ Trump ကို ကျေးဇူးတင်ကြောင်း ဖေါ်ပြထား ပါတယ်။

(Unicode)





တိုက်ရိုက် လင့်ခ်
XS
SM
MD
LG