သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တူရကီ အပစ္ရပ္ေၾကညာေပမဲ့ တိုက္ပြဲဆက္ျဖစ္ေန


အေမရိကန္ရဲ႕ ေစ့စပ္ညွိႏႈိင္းမႈေၾကာင့္ တူရကီႏုိင္ငံက ယာယီအပစ္အခတ္ရပ္စဲဖုိ႔ သေဘာတူခဲ့တယ္လုိ႔ ဆုိေပမဲ့ ဆီးရီးယားႏုိင္ငံ အေနာက္ေျမာက္ပုိင္းမွာေတာ့ တုိက္ပဲြေတြ ဆက္ျဖစ္ေနပုံရပါတယ္။

တူရကီႏုိင္ငံက အၾကမ္းဖက္သမားေတြအျဖစ္ သေဘာထားၿပီး ဆီးရီးယား ႏုိင္ငံထဲမွာ အေျခစုိက္ထားတဲ့ ကာ့ဒ္တပ္ဖဲြ႔ေတြအေပၚ တူရကီစစ္တပ္က ထုိးစစ္ဆင္ေနတာေတြကုိ ၅ ရက္ၾကာ ရပ္ဆုိင္းထားဖုိ႔ တူရကီနဲ႔ အေမရိကန္တုိ႔ၾကား သေဘာတူညီခ်က္ ရရွိခဲ့ၾကၿပီး ေနာက္တေန႔ျဖစ္တဲ့ ဒီေန႔မွာပဲ Ceylanpinar ၿမိဳ႕မွာ က်ယ္ေလာင္တဲ့ ေပါက္ကဲြသံေတြ၊ ေသနတ္သံေတြနဲ႔ မီးခုိးေတြကုိ ေတြ႔ခဲ့ၾကရတာပါ။

ၿပီးခဲ့တဲ့ သီတင္းပတ္က စခဲ့တဲ့ တူရကီရဲ႕ ထုိးစစ္ေတြ အဆုံးသတ္ႏုိင္ဖုိ႔ ရည္ရြယ္ထားတဲ့ သေဘာတူညီခ်က္အရ၊ တူရကီႏုိင္ငံနဲ႔ နယ္စပ္အနီး ဆီးရီးယား ႏုိင္ငံတြင္း ေနရာေတာ္ေတာ္မ်ားမ်ားကေန ကာ့ဒ္တပ္ဖဲြ႔ေတြ ဖယ္ရွားေပးရမွာ ျဖစ္ပါတယ္။

ဆီးရီးယား ႏုိင္ငံက အေမရိကန္ တပ္ဖဲြ႔ေတြ အာလုံးနီးပါးကုိ ျပန္လည္ ႐ုပ္သိမ္းမယ့္အေၾကာင္း အေမရိကန္သမၼတ Donald Trump ႐ုတ္တရက္ ေၾကညာခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့ သီတင္းပတ္ထဲမွာပဲ တူရကီစစ္တပ္နဲ႔ တူရကီကုိ ေထာက္ခံတဲ့ ဆီးရီးယားတပ္ဖဲြ႔ေတြ ပူးေပါင္းၿပီး ကာ့ဒ္တပ္ဖဲြ႔ေတြအေပၚ ထုိးစစ္ေတြ စတင္ခဲ့တာပါ။

ထုိးစစ္ေတြအတြင္း တူရကီစစ္တပ္နဲ႔ ဆီးရီးယားလက္နက္ကုိင္ အဖဲြ႔ေတြဟာ အရပ္သားေတြရဲ႕ အသက္ေတြကုိ မငဲ့ကြက္ဘဲ ရွက္စရာေကာင္းေလာက္ေအာင္ ျပဳမူခဲ့ၾကေၾကာင္း ႏုိင္ငံတကာ လူ႔အခြင့္အေရးအဖဲြ႔ Amnesty International က ဒီကေန႔ ထုတ္ျပန္တဲ့ အစီရင္ခံစာမွာ ေျပာဆုိလုိက္ပါတယ္။

ေဆး၀န္ထမ္းေတြ၊ အေရးေပၚ ကယ္ဆယ္ေရးေတြ၊ စစ္ေျပးဒုကၡသည္ေတြ၊ သတင္းေထာက္ေတြနဲ႔ စာနာမႈ အကူအညီေပးသူေတြ အပါအ၀င္ လူ ၁၇ ေယာက္ရဲ႕ ေျပာၾကားခ်က္ကုိ အေျခခံၿပီး ထုတ္ျပန္လုိက္တဲ့ အစီရင္ခံစာမွာေတာ့ အက်ဥ္း႐ုံး ကြပ္မ်က္မႈေတြ၊ အရပ္သားေတြ ထိခုိက္ေသေက်တဲ့အထိ ဥပေဒမဲ့ တုိက္ခုိက္မႈေတြ ရွိခဲ့ေၾကာင္းလည္း ေဖာ္ျပထားပါတယ္။

[Unicode Version]

အမေရိကန်ရဲ့ စေ့စပ်ညှိနှိုင်းမှုကြောင့် တူရကီနိုင်ငံက ယာယီအပစ်အခတ်ရပ်စဲဖို့ သဘောတူခဲ့တယ်လို့ ဆိုပေမဲ့ ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းမှာတော့ တိုက်ပွဲတွေ ဆက်ဖြစ်နေပုံရပါတယ်။

တူရကီနိုင်ငံက အကြမ်းဖက်သမားတွေအဖြစ် သဘောထားပြီး ဆီးရီးယား နိုင်ငံထဲမှာ အခြေစိုက်ထားတဲ့ ကာ့ဒ်တပ်ဖွဲ့တွေအပေါ် တူရကီစစ်တပ်က ထိုးစစ်ဆင်နေတာတွေကို ၅ ရက်ကြာ ရပ်ဆိုင်းထားဖို့ တူရကီနဲ့ အမေရိကန်တို့ကြား သဘောတူညီချက် ရရှိခဲ့ကြပြီး နောက်တနေ့ဖြစ်တဲ့ ဒီနေ့မှာပဲ Ceylanpinar မြို့မှာ ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေ၊ သေနတ်သံတွေနဲ့ မီးခိုးတွေကို တွေ့ခဲ့ကြရတာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်က စခဲ့တဲ့ တူရကီရဲ့ ထိုးစစ်တွေ အဆုံးသတ်နိုင်ဖို့ ရည်ရွယ်ထားတဲ့ သဘောတူညီချက်အရ၊ တူရကီနိုင်ငံနဲ့ နယ်စပ်အနီး ဆီးရီးယား နိုင်ငံတွင်း နေရာတော်တော်များများကနေ ကာ့ဒ်တပ်ဖွဲ့တွေ ဖယ်ရှားပေးရမှာ ဖြစ်ပါတယ်။

ဆီးရီးယား နိုင်ငံက အမေရိကန် တပ်ဖွဲ့တွေ အာလုံးနီးပါးကို ပြန်လည် ရုပ်သိမ်းမယ့်အကြောင်း အမေရိကန်သမ္မတ Donald Trump ရုတ်တရက် ကြေညာခဲ့ပြီးနောက် ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ တူရကီစစ်တပ်နဲ့ တူရကီကို ထောက်ခံတဲ့ ဆီးရီးယားတပ်ဖွဲ့တွေ ပူးပေါင်းပြီး ကာ့ဒ်တပ်ဖွဲ့တွေအပေါ် ထိုးစစ်တွေ စတင်ခဲ့တာပါ။

ထိုးစစ်တွေအတွင်း တူရကီစစ်တပ်နဲ့ ဆီးရီးယားလက်နက်ကိုင် အဖွဲ့တွေဟာ အရပ်သားတွေရဲ့ အသက်တွေကို မငဲ့ကွက်ဘဲ ရှက်စရာကောင်းလောက်အောင် ပြုမူခဲ့ကြကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Amnesty International က ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ပြောဆိုလိုက်ပါတယ်။

ဆေးဝန်ထမ်းတွေ၊ အရေးပေါ် ကယ်ဆယ်ရေးတွေ၊ စစ်ပြေးဒုက္ခသည်တွေ၊ သတင်းထောက်တွေနဲ့ စာနာမှု အကူအညီပေးသူတွေ အပါအဝင် လူ ၁၇ ယောက်ရဲ့ ပြောကြားချက်ကို အခြေခံပြီး ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာတော့ အကျဉ်းရုံး ကွပ်မျက်မှုတွေ၊ အရပ်သားတွေ ထိခိုက်သေကျေတဲ့အထိ ဥပဒေမဲ့ တိုက်ခိုက်မှုတွေ ရှိခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။

တူရကီ အပစ္ရပ္ေၾကညာေပမဲ့ တိုက္ပြဲဆက္ျဖစ္ေန
please wait

No media source currently available

0:00 0:01:23 0:00
တိုက္႐ိုက္ လင့္ခ္
XS
SM
MD
LG