သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒု သမ္မတ Pence ဦးဆောင်တဲ့ ကန်ကိုယ်စားလှယ်အဖွဲ့ တူရကီသွားမည်


ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းမှာ တူရကီစစ်တပ်ရဲ့ ထိုးစစ်တွေ ရပ်တန့်အောင် ဖိအားပေး ပြောဆိုမယ့် တူရကီနိုင်ငံ ခရီးစဉ်အတွင်း အမေရိကန် ဒုတိယသမ္မတ Mike Pence နဲ့ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo တို့ကို တူရကီသမ္မတ Recep Tayyip Erdogan လက်ခံတွေ့ဆုံမှာ ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။

အစောပိုင်းမှာ တုန်းကတော့ တူရကီ ဒုသမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီးတွေကသာ လက်ခံတွေ့ဆုံမှာဖြစ်ကြောင်း Sky News သတင်းဌာနကို တူရကီသမ္မတက ပြောဆိုခဲ့တာပါ။

သမ္မတ Donald Trump ကိုယ်တိုင်လာမယ်ဆိုရင်တော့ တွေ့မယ်လို့လည်း ပြောခဲ့တာ ဖြစ်ပါတယ်။ တူရကီ သမ္မတက တွေ့မှာ မဟုတ်ကြောင်း ပြောခဲ့ပေမဲ့လည်း အမေရိကန် ဒုသမ္မတနဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ တွေ့ဆုံမယ့်အကြောင်း တူရကီသမ္မတရုံး ဆက်သွယ်ရေးအရာရှိက ပြင်ဆင်ပြောဆိုခဲ့တာပါ။

သမ္မတ Trump ကတော့ ဆီးရီးယားမှာ အပစ်အခတ် ရပ်စဲဖို့ လိုလားကြောင်း ပြောဆိုထားပါတယ်။ အပြင်းထန်ဆုံး ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ထားပြီး လိုအပ်ရင် တူရကီနိုင်ငံက သံမဏိတင်သွင်းမှုအပေါ် အခွန်တွေ တိုးကောက်မှာ ဖြစ်ကြောင်းလည်း မနေ့တုန်းကပဲ သတိပေးခဲ့တာပါ။

အမေရိကန် တပ်ဖွဲ့တွေ ရုပ်သိမ်းဖို့ ကြေညာလိုက်ပြီး ရက်ပိုင်း အတွင်းမှာပဲ တူရကီအစိုးရက အကြမ်းဖက် သမားတွေအဖြစ် သဘောထားတဲ့ ဆီးရီးယားနိုင်ငံက ကာဒ်တပ်ဖွဲ့တွေအပေါ် ထိုးစစ်တွေကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ စတင်လိုက်တာပါ။

အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေကတော့ ကာဒ်တပ်ဖွဲ့တွေဟာ IS အစ္စလာမ် အစွန်းရောက်တွေကို တိုက်ခိုက်ရာမှာ အဓိက မဟာမိတ်အဖြစ် သဘောထားကြပါတယ်။ အမေရိကန် တပ်ဖွဲ့တွေ ရုပ်သိမ်းမယ့် ဆုံးဖြတ်ချက်အပေါ်မှာတော့ အတိုက်အခံ ဒီမိုကရက် လွှတ်တော်အမတ်တွေ သာမက သမ္မတရဲ့ ရီပတ်ဘလစ်ကန် ပါတီက ကိုယ်စားလှယ်တွေပါ အပြင်းအထန် ဝေဖန်ခဲ့ကြပါတယ်။

အမေရိကန် ဒုသမ္မတရဲ့ တူရကီခရီးစဉ် အတွင်းမှာတော့ ထိုးစစ် ချက်ခြင်းရပ်စဲရေးနဲ့ ဆွေးနွေးညှိနှိုင်း အဖြေရှာနိုင်မယ့် အခြေအနေတရပ် ဖန်တီးရေး အဓိက ပြောဆိုမှာ ဖြစ်ကြောင်းလည်း အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောဆိုထားပါတယ်။

[Unicode Version]








တိုက်ရိုက် လင့်ခ်
XS
SM
MD
LG