သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆီးရီးယားႏုိင္ငံတြင္း တူရကီစစ္ဆင္ေရး ကုလလုံၿခံဳေရးေကာင္စီ ေဆြးေႏြးမည္


ဆီးရီးယားႏုိင္ငံ အေရွ႕ေျမာက္ပိုင္းကို တူရကီတပ္ဖြဲ႔ေတြ ထုိးစစ္ဆင္ တိုက္ခိုက္ေနတာနဲ႔ ပတ္သက္လုိ႔ ကုလသမဂၢလံုျခံဳေရးေကာင္စီမွာ မနက္ျဖန္ ဗုဒၶဟူးေန႔ ေဆြးေႏြးမယ့္အေၾကာင္း သံတမန္ေတြက ေျပာပါတယ္။

အဖြဲ႔၀င္ ၁၅ ႏုိင္ငံပါ လံုျခံဳေရးေကာင္စီမွာ ဒီကိစၥကို ေဆြးေႏြးဖို႔ ဥေရာပနုိင္ငံေတြက ေတာင္းဆိုခဲ့တာျဖစ္တဲ့အေၾကာင္း သံတမန္ေတြက ဒီကေန႔ ေျပာဆိုလိုက္တာပါ။ အခုကိစၥနဲ႔ပတ္သက္ျပီးေတာ့ပဲ ျပီးခဲ့တဲ့ ၾကာသပေတးေန႔ကက်င္းပတဲ့ ပထမအၾကိမ္ ေဆြးေႏြးပြဲအတြင္းမွာေတာ့ ကြဲလြဲမႈေတြရွိခဲ့သလို တူရကီရဲ႕ ထိုးစစ္ဆင္မႈေတြ အဆံုးသတ္ဖုိ႔ ေတာင္းဆိုတဲ့ ေၾကညာခ်က္ကို ဥေရာပႏိုင္ငံေတြကပဲ ထုတ္ျပန္ခဲ့တာပါ။

တူရကီရဲ႕တိုက္ခိုက္မႈေတြ အဆံုးသတ္ဖို႔ ေတာင္းဆိုတဲ့ အေမရိကန္ အစိုးရ ကမကထလုပ္တဲ့ ထုတ္ျပန္ခ်က္ကို ႐ုရွားနဲ႔ တ႐ုတ္ႏုိင္ငံေတြက ကန္႔ကြက္ခဲ့တာပါ။ အေမရိကန္သမၼတ Donald Trump က တူရကီ အေနနဲ႔ ပစ္ခတ္တိုက္ခိုက္မႈေတြ ရပ္စဲဖုိ႔ ေတာင္းဆိုလုိက္ျပီး တူရကီအစိုးရ အရာရွိေတြအေပၚ ဒဏ္ခတ္ အေရးယူမႈေတြ ခ်မွတ္သြားမယ့္ အေၾကာင္း သတိေပး ေျပာဆိုထားပါတယ္။

အခုကိစၥ ေဆြးေႏြးအေျဖရွာဖို႔အတြက္ ဒုသမၼတ Mike Pence ဦးေဆာင္တဲ့ ကိုယ္စားလွယ္အဖြဲ႔ကို တူရကီနုိင္ငံ Ankara ျမိဳ႕ေတာ္ကို ေစလႊတ္ဖို႔လည္း သမၼတက စီစဥ္ေနပါတယ္။ ဆီးရီးယားကေန အေမရိကန္တပ္ဖြဲ႔ေတြ သမၼတ Trump က ျပန္႐ုပ္သိမ္းလိုက္တာေၾကာင့္ ျပင္းျပင္းထန္ထန္ ေ၀ဖန္မႈေတြ ထြက္ခဲ့ျပီးတဲ့ေနာက္မွာမွ တူရကီဘက္က အပစ္ရပ္ဖို႔ သမၼတက ခုလို ဖိအားေပးေျပာလာတာျဖစ္ပါတယ္။

[Unicode Version]

ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းကို တူရကီတပ်ဖွဲ့တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတာနဲ့ပတ်သက်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မနက်ဖြန် ဗုဒ္ဓဟူးနေ့ ဆွေးနွေးမယ့်အကြောင်း သံတမန်တွေက ပြောပါတယ်။

အဖွဲ့ဝင် ၁၅ နိုင်ငံပါ လုံခြုံရေးကောင်စီမှာ ဒီကိစ္စကို ဆွေးနွေးဖို့ ဥရောပနိုင်ငံတွေက တောင်းဆိုခဲ့တာဖြစ်တဲ့အကြောင်း သံတမန်တွေက ဒီကနေ့ ပြောဆိုလိုက်တာပါ။ အခုကိစ္စနဲ့ပတ်သက်ပြီးတော့ပဲ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကကျင်းပတဲ့ ပထမအကြိမ် ဆွေးနွေးပွဲအတွင်းမှာတော့ ကွဲလွဲမှုတွေရှိခဲ့သလို တူရကီရဲ့ ထိုးစစ်ဆင်မှုတွေ အဆုံးသတ်ဖို့ တောင်းဆိုတဲ့ ကြေညာချက်ကို ဥရောပနိုင်ငံတွေကပဲ ထုတ်ပြန်ခဲ့တာပါ။

တူရကီရဲ့တိုက်ခိုက်မှုတွေ အဆုံးသတ်ဖို့ တောင်းဆိုတဲ့ အမေရိကန် အစိုးရ ကမကထလုပ်တဲ့ ထုတ်ပြန်ချက်ကို ရုရှားနဲ့ တရုတ်နိုင်ငံတွေက ကန့်ကွက်ခဲ့တာပါ။ အမေရိကန်သမ္မတ Donald Trump က တူရကီ အနေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲဖို့ တောင်းဆိုလိုက်ပြီး တူရကီအစိုးရ အရာရှိတွေအပေါ် ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်သွားမယ့် အကြောင်း သတိပေး ပြောဆိုထားပါတယ်။

အခုကိစ္စ ဆွေးနွေးအဖြေရှာဖို့အတွက် ဒုသမ္မတ Mike Pence ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို တူရကီနိုင်ငံ Ankara မြို့တော်ကို စေလွှတ်ဖို့လည်း သမ္မတက စီစဉ်နေပါတယ်။ ဆီးရီးယားကနေ အမေရိကန်တပ်ဖွဲ့တွေ သမ္မတ Trump က ပြန်ရုပ်သိမ်းလိုက်တာကြောင့် ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ထွက်ခဲ့ပြီးတဲ့နောက်မှာမှ တူရကီဘက်က အပစ်ရပ်ဖို့ သမ္မတက ခုလို ဖိအားပေးပြောလာတာဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္
XS
SM
MD
LG