သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအရှေ့မြောက်က သတင်းထောက်တွေ ထွက်ခွါ


Journalists arrive on the Iraq side of the Syria-Iraq border as Syrian government troops move into areas long-held by Kurdish forces on Oct. 14, 2019 at Pesh Khaboor crossing in the Kurdistan Region of Iraq. (VOA/Yan Boechat)
Journalists arrive on the Iraq side of the Syria-Iraq border as Syrian government troops move into areas long-held by Kurdish forces on Oct. 14, 2019 at Pesh Khaboor crossing in the Kurdistan Region of Iraq. (VOA/Yan Boechat)

ဆီးရီးယား အရှေ့မြောက်ပိုင်းဒေသမှာ တူရကီနိုင်ငံက ထိုးစစ်ဆင်နွှဲနေတဲ့တချိန်တည်းမှာပဲ ဆီရီးယား အစိုးရတပ်ဖွဲ့တွေကလည်း အဲဒီ ဒေသကိုပြောင်းရွှေ့တပ်စွဲလာနေတာကြောင့် ဒေသတွင်းမှာရှိတဲ့သတင်းထောက်တွေ အီရတ်နိုင်ငံဘက်ကို ထွက်ပြေးလာကြရပြီဖြစ်ပါတယ်။

အရင်က အဲဒီaဒသကို သတင်းထောက်တွေဟာ ကာ့ဒ်တပ်ဖွဲ့တွေရဲ့ခွင့်ပြုချက်နဲ့ ရောက်ရှိ သတင်းယူနေကြတာဖြစ်ပါတယ်။ အခုအခါ ဒီaဒသကို ဆီးရီးယားအစိုးရတပ်က ရက်ပိုင်းအတွင်းမှာပဲ ထိန်းချုပ်တော့မှာဖြစ်တာကြောင့် အလုပ်ဆက်လုပ်လို့ရတော့မှာမဟုတ်ကြောင်း သတင်းထောက်အမျိုးသမီးက ပြောပါတယ်။ အဲဒီဒေသအတွင်း တူရကီနိုင်ငံရဲ့ထိုးစစ်က ပြင်းထန်လျက်ရှိရာမှာ လူရာပေါင်းများစွာ သေဆုံးခဲ့ရတဲ့အထဲ သတင်းထောက်တွေလည်း အပါအဝင် ဖြစ်ခဲ့ပါတယ်။

တနင်္ဂနွေနေ့မှာတော့ ဆီရီးယားအစိုးရနဲ့ ကာ့ဒ်တပ်ဖွဲ့တွေ ရရှိခဲ့တဲ့သဘောတူညီချက်ကြောင့် ကာဒ့်တို့ နှစ်ပေါင်းများစွာထိန်းချုပ်ထားခဲ့တဲ့ ဒီနယ်မြေအတွင်း ဆီးရီးယားအစိုးရတပ်ဖွဲ့တွေ တပ်စွဲကြတော့မှာ ဖြစ်ပါတယ်။ နိုင်ငံပိုင်ရုပ်မြင်သံကြားမှာ ဆီရီးယားတပ်တွေဟာ တူရကီနဲ့နယ်ချင်းစပ်နေတဲ့ဒေသတော်တော်များကို ထိန်းချုပ်ထားပြီးဖြစ်ကြောင်းနဲ့ ကာဒ့်တွေ ဦးဆောင်တဲ့ ဆီရီးယားဒီမိုကရက်တစ်အင်အားစု SDFတွေအရင် ထိန်းချုပ်ခဲ့တဲ့နေရာတော်တော်များကို သိမ်းသွင်းပြီးဖြစ်ကြောင်းကြေညာခဲ့ပါတယ်။

တူရကီကတော့ အဲဒီဆီရီးယား SDF တပ်ဖွဲ့တွေကို တူရကီကို ဆယ်စုနှစ်များစွာတိုက်ခိုက်နေတဲ့ ကာဒ့်စစ်သွေးကြွ PKK အဖွဲ့အဖြစ် သဘောထားနေတာပါ။ အဲဒီ SDF တပ်တွေဟာ အမေရိကန်တွေ IS အကြမ်းဖက်အဖွဲ့ကို တိုက်ခိုက်ရာမှာ မဟာမိတ်အဖြစ် ပါဝင်တိုက်ခိုက်ခဲ့သူ တွေလည်းဖြစ် ပါတယ်။ ပြီးခဲ့တဲ့အပတ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အဲဒီ ဒေသကနေ အမေရိကန်တပ်တွေရုပ်သိမ်းမှာဖြစ်ကြောင်း ကြေညာခဲ့တာကြောင့် တူရကီတွေ SDF တပ်ဖွဲ့တွေကို တိုက်ခိုက်နိုင်အောင် လမ်းဖွင့်ပေးသလို ဖြစ်ခဲ့ပါတယ်။

အခုတော့ တူရကီတို့အနေနဲ့ ကာ့ဒ်တွေကို တိုက်မယ်ဆိုရင် ဆီရီးယား အစိုးရတပ်တွေကိုလည်း တိုက်ရမယ့်အခြေအနေ ရောက်လာခဲ့ပါတယ်။

Unicode






တိုက်ရိုက် လင့်ခ်


XS
SM
MD
LG