သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တူရကီ ကန္ ဒဏ္ခတ္အေရးယူမည္


ဆီးရီးယားႏုိင္ငံေျမာက္ပုိင္းက Kurd တပ္ေတြအေပၚ တူရကီဝင္ေရာက္တိုက္ခိုက္ခဲ့တဲ့အတြက္ တူရကီအေပၚ အႀကီးအက်ယ္ ဒဏ္ခတ္ပိတ္ဆို႔မႈေတြ ခ်မွတ္မယ္လို႔ အေမရိကန္သမၼတ Donald Trump ကဒီကေန႔ ကတိျပဳလိုက္ပါတယ္။

IS စစ္ေသြးႂကြေတြအေပၚ Kurd တပ္ေတြနဲ႔အတူတိုက္ခိုက္ခဲ့တဲ့ အေမရိကန္တပ္ေတြကို ႐ုပ္သိမ္းတဲ့အေပၚမွာေတာ့ သမၼတက Twitter ေပၚမွာ ကာကြယ္ေျပာၾကားခဲ့ပါတယ္။ NATO တပ္ဖြဲ႔ဝင္ျဖစ္တဲ့ တူရကီအေပၚ အေမရိကန္က စစ္တိုက္သင့္တယ္လို႔ လူေတြထင္ေနၾကသလားလို႔ ေရးသားတာပါ။ ဘယ္ေတာ့မွ အဆံုးမသတ္တဲ့စစ္ပြဲ အဆံုးသတ္လိမ့္မယ္လို႔လည္း သမၼတရဲ႕ Tweet မွာေဖာ္ျပပါတယ္။

အခုတိုက္ပြဲေတြမွာ အေမရိကန္ေတြ ပါဝင္လာေအာင္ ဖမ္းမိထားတဲ့ IS စစ္ေသြးႂကြေတြကို Kurd တိုက္ခိုက္ေရး သမားေတြက လႊတ္ေကာင္းလႊတ္ေပးေနေပမဲ့ အဲဒီစစ္ေသြးႂကြေတြကို တူရကီ ဒါမွမဟုတ္ အမ်ားစုလာၾကတဲ့ EU က ျပန္ဖမ္းလိမ့္မယ္လို႔လည္း သမၼတ Trump က Twitter ေပၚမွာ ေရးသားခဲ့ပါတယ္။ တူရကီအစိုးရအေပၚ ဒဏ္ခတ္ပိတ္ဆို႔မႈေတြ ခ်မွတ္ႏိုင္ဖုိ႔ လႊတ္ေတာ္ေခါင္းေဆာင္ေတြနဲ႔ ေဆြးေႏြးေနတယ္လို႔လည္း သမၼတက ေျပာၾကားထားပါတယ္။

တခ်ိန္တည္းမွာပဲ တူရကီနယ္စပ္နဲ႔ ကီလို ၂၀ ေလာက္သာေဝးတဲ့ ဆီးရီးယား Tal Tamr ၿမိဳ႕ကို ဆီးရီးယားအစိုးရတပ္ေတြ ဒီကေန႔ ေရာက္သြားပါၿပီ။ Kurd တပ္ေတြဖက္ကေန တူရကီကို တိုက္ခိုက္ေပးဖုိ႔ Kurd လူမ်ဳိးေတြ၊ ဆီးရီးယားေတြနဲ႔ ဆီးရီယားရဲ႕ အဓိကမဟာမိတ္ ႐ု႐ွားတို႔ၾကား ထူးထူးျခားျခား သေဘာတူညီမႈ ရ႐ွိခဲ့ၿပီးေနာက္ ၁ ရက္မွာပဲ ဆီးရီးယားတပ္ေတြ ေရာက္လာတာျဖစ္ပါတယ္။

ဆီးရီးယားေျမာက္ပုိင္းမွာ႐ွိေနတ့ဲ အေမရိကန္တပ္ဖဲြ႔ဝင္အားလံုးနီးပါးကို အေမရိကန္က ႐ုပ္သိမ္းခဲ့ၿပီးေနာက္ တူရကီတပ္ေတြဘက္က ဝင္ေရာက္ တိုက္ခိုက္ခဲ့တာေၾကာင့္ ၄ ရက္အၾကာမွာ ခုလို သေဘာတူညီမႈ ရယူခဲ့တာပါ။တူရကီဘက္က ထိုးစစ္ဆင္တိုက္ခိုက္မႈေၾကာင့္ တူရကီနဲ႔ ထိဆက္ေနတဲ့ ဆီးရီယားနယ္စပ္တေလွ်ာက္ ဆီးရီးယားတပ္ေတြခ်ထားဖုိ႔အတြက္ ဆီရီးယားနယ္စပ္နဲ႔ အခ်ဳပ္အျခာအာဏာကို ကာကြယ္ဖို႔တာဝန္႐ွိတဲ့ ဆီးရီးယားအစိုးရနဲ႔ သေဘာတူခဲဲ့တယ္လို႔ Kurd ေတြဖက္က ထုတ္ျပန္တဲ့ ေၾကညာခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။

Unicode

တူရကီ ကန် ဒဏ်ခတ်အရေးယူမည်

ဆီးရီးယားနိုင်ငံမြောက်ပိုင်းက Kurd တပ်တွေအပေါ် တူရကီဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် တူရကီအပေါ် အကြီးအကျယ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်မယ်လို့ အမေရိကန်သမ္မတ Donald Trump ကဒီကနေ့ ကတိပြုလိုက်ပါတယ်။

IS စစ်သွေးကြွတွေအပေါ် Kurd တပ်တွေနဲ့အတူတိုက်ခိုက်ခဲ့တဲ့ အမေရိကန်တပ်တွေကို ရုပ်သိမ်းတဲ့အပေါ်မှာတော့ သမ္မတက Twitter ပေါ်မှာ ကာကွယ်ပြောကြားခဲ့ပါတယ်။ NATO တပ်ဖွဲ့ဝင်ဖြစ်တဲ့ တူရကီအပေါ် အမေရိကန်က စစ်တိုက်သင့်တယ်လို့ လူတွေထင်နေကြသလားလို့ ရေးသားတာပါ။ ဘယ်တော့မှ အဆုံးမသတ်တဲ့စစ်ပွဲ အဆုံးသတ်လိမ့်မယ်လို့လည်း သမ္မတရဲ့ Tweet မှာဖော်ပြပါတယ်။

အခုတိုက်ပွဲတွေမှာ အမေရိကန်တွေ ပါဝင်လာအောင် ဖမ်းမိထားတဲ့ IS စစ်သွေးကြွတွေကို Kurd တိုက်ခိုက်ရေး သမားတွေက လွှတ်ကောင်းလွှတ်ပေးနေပေမဲ့ အဲဒီစစ်သွေးကြွတွေကို တူရကီ ဒါမှမဟုတ် အများစုလာကြတဲ့ EU က ပြန်ဖမ်းလိမ့်မယ်လို့လည်း သမ္မတ Trump က Twitter ပေါ်မှာ ရေးသားခဲ့ပါတယ်။ တူရကီအစိုးရအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်နိုင်ဖို့ လွှတ်တော်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးနေတယ်လို့လည်း သမ္မတက ပြောကြားထားပါတယ်။

တချိန်တည်းမှာပဲ တူရကီနယ်စပ်နဲ့ ကီလို ၂၀ လောက်သာဝေးတဲ့ ဆီးရီးယား Tal Tamr မြို့ကို ဆီးရီးယားအစိုးရတပ်တွေ ဒီကနေ့ ရောက်သွားပါပြီ။ Kurd တပ်တွေဖက်ကနေ တူရကီကို တိုက်ခိုက်ပေးဖို့ Kurd လူမျိုးတွေ၊ ဆီးရီးယားတွေနဲ့ ဆီးရီယားရဲ့ အဓိကမဟာမိတ် ရုရှားတို့ကြား ထူးထူးခြားခြား သဘောတူညီမှု ရရှိခဲ့ပြီးနောက် ၁ ရက်မှာပဲ ဆီးရီးယားတပ်တွေ ရောက်လာတာဖြစ်ပါတယ်။

ဆီးရီးယားမြောက်ပိုင်းမှာရှိနေတဲ့ အမေရိကန်တပ်ဖွဲ့ဝင်အားလုံးနီးပါးကို အမေရိကန်က ရုပ်သိမ်းခဲ့ပြီးနောက် တူရကီတပ်တွေဘက်က ဝင်ရောက် တိုက်ခိုက်ခဲ့တာကြောင့် ၄ ရက်အကြာမှာ ခုလို သဘောတူညီမှု ရယူခဲ့တာပါ။တူရကီဘက်က ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တူရကီနဲ့ ထိဆက်နေတဲ့ ဆီးရီယားနယ်စပ်တလျှောက် ဆီးရီးယားတပ်တွေချထားဖို့အတွက် ဆီရီးယားနယ်စပ်နဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့တာဝန်ရှိတဲ့ ဆီးရီးယားအစိုးရနဲ့ သဘောတူခဲ့တယ်လို့ Kurd တွေဖက်က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

တူရကီ ကန္ ဒဏ္ခတ္အေရးယူမည္
please wait

No media source currently available

0:00 0:01:44 0:00
တိုက္႐ိုက္ လင့္ခ္
XS
SM
MD
LG