သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအရှေ့မြောက် တူရကီ အပစ်ရပ်ဖို့ သဘောတူ


တူရကီသမ္မတ Recep Tayyip Erdogan နဲ့ အမေရိကန် ဒုသမ္မတ Mike Pence
တူရကီသမ္မတ Recep Tayyip Erdogan နဲ့ အမေရိကန် ဒုသမ္မတ Mike Pence

ဆီးရီးယားအရှေ့မြောက်ပိုင်းမှာ Kurds တွေကို တိုက်ခိုက်နေတဲ့ တူရကီတွေ အပစ်အခတ်ရပ်စဲဖို့ အမေရိကန်နဲ့ တူရကီတို့ သဘောတူညီမှုရပြီလို့ တူရကီကို ရောက်နေတဲ့ အမေရိကန် ဒုသမ္မတ Mike Pence က ကြေညာလိုက်ပါတယ်။ တူရကီသမ္မတ Recep Tayyip Erdogan နဲ့ ကြာသပတေးနေ့မှာ တွေ့ဆုံဆွေးနွေးမှု အပြီးမှာ အခုလို ကြေညာနိုင်ခဲ့တာ ဖြစ်ပါတယ်။

အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

ဆီးရီးယားအရှေ့မြောက်ပိုင်းကိုတူရကီရဲ့ ကျူးကျော်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး တူရကီကို ဖိအားပေးပြောဆိုဖို့ အမေရိကန်ဒုသမ္မတ Mike Pence ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဗုဒ္ဓဟူးနေ့က တူရကီကိုသွားရောက်ခဲ့တာပါ။ ကြာသပတေးနေ့မှာတော့ ဒုသမ္မတ Pence ဟာ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo နဲ့ သမ္မတအိမ်ဖြူ အမျိုးသားလုံခြုံရေးအကြံပေး Robert O’brien တို့နဲ့အတူ တူရကီသမ္မတ Recep Tayyip Erdogan နဲ့ Ankara မှာ တွေ့ဆုံခဲ့တာ ဖြစ်ပြီး ဆွေးနွေးအပြီးမှာတော့ ဒုသမ္မတ Pence က အခုလို ကြေညာလိုက်တာဖြစ်ပါတယ်။

“ဆီးရီးယားမှာ အပစ်အခတ်ရပ်စဲဖို့ အမေရိကန်ပြည်ထောင်စုနဲ့ တူရကီတို့ ဒီကနေ့ သဘောတူချက် ရခဲ့ပါပြီ။ စိတ်ချရတဲ့ဇုံကနေ YPG ကဒ် တပ်တွေ ဆုတ်ခွာသွားဖို့ နာရီ ၁၂၀ အချိန်ပေးးတဲ့အနေနဲ့ တူရကီတွေဘက်က “ငြိမ်းချမ်းရေး နွေဦး” (Peace Spring) စစ်ဆင်မှုအားလုံးကို ရပ်ထားရမှာပါ။ သူတို့အားလုံး ဆုတ်ခွာမှု ပြီးစီးချိန်အထိ “ငြိမ်းချမ်းရေး နွေဦး” စစ်ဆင်မှုကို လုံးဝရပ်ထားဖို့ ဖြစ်ပါတယ်။”

အိုင်အက်စ် စစ်သွေးကြွနှိမ်နင်းရေးမှာ ထဲထဲဝင်ဝင် ကူညီခဲ့တဲ့ အမေရိကန်ရဲ့ မဟာမိတ် Kurds တွေကို တူရကီက တိုက်ခိုက်နေတာနဲ့ အမေရိကန်နဲ့ တခြား NATO မဟာမိတ်ခေါင်းဆောင်တွေရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး ရုရှားဆီက ဒုံးခွင်းဒုံးစနစ် ဝယ်ယူခဲ့တာနဲ့ ပတ်သက်ပြီး NATO အဖွဲ့ဝင် တူရကီအပေါ် ကျယ်ပြန့်တဲ့ အရေးယူဒဏ်ခတ်မှုတွေ ချမှတ်ဖို့ စီစဉ်နေတယ်လို့ အမေရိကန် အထက်လွှတ်တော်က ကြေညာလိုက်ပြီး နောက်တနေ့မှာပဲ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ တူရကီကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

ဆီးရီးယားရှေ့မြောက်ပိုင်း နယ်စပ်ဒေသမှာ တူရကီက အခုလို Kurds တွေကို တိုက်ခိုက်လာတာဟာ သမ္မတ Donald Trump က အမေရိကန်တပ်တွေ အဲဒီဒေသကနေ ရုပ်သိမ်းမယ်လို့ ကြေညာခဲ့ အပြီးမှာ ဖြစ်ပွားလာတာကြောင့် တူရကီရဲ့ ဒီစစ်ဆင်ရေးအတွက် သမ္မတ Trump မှာ တာဝန်ရှိတယ်လို့ စွပ်စွဲနေကြပေမယ့် သမ္မတကတော့ ငြင်းဆိုပါတယ်။

“သူတို့ဒီလိုဝင်တိုက်ဖို့ ကျနော်ဘယ်တုန်းကမှ မီးစိမ်းမပြခဲ့ပါဘူး။ တကယ်တော့ သူတို့က ဒီလို လုပ်ချင်နေတာ နှစ်အတော်ကြာနေပြီ။ ရှင်းရှင်းပြောရရင် သူတို့ တိုက်နေတာက နှစ်နဲ့ကို ချီနေပြီ။”

YPG လို့ခေါ်တဲ့ ဆီးရီးယားက Kurds ပြည်သူ့စစ်တွေကို တိုက်ခိုက်ဖို့ တူရကီတွေက “ငြိမ်းချမ်းရေး နွေဦး” စစ်ဆင်မှုကို စတင်ခဲ့တာပါ။ YPG တွေဟာ တူရကီနိုင်ငံထဲ ဆယ်စုနှစ်နဲ့ချီ တော်လှန်နေတဲ့ Kurds တွေနဲ့ ဆက်နွယ်နေတယ်လို့ တူရကီအစိုးရက သတ်မှတ်ထားပေမယ့် အမေရိကန် အတွက်ကတော့ သူတို့က အိုင်အက်စ်ခြေမှုန်းရေးမှာ အရေးပါနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲ စတင်ခဲ့တဲ့ ဆီးရီးယားနယ်စပ်က တူရကီရဲ့ ကျူးကျော်တိုက်ခိုက်မှု တွေကြောင့် အိုးအိမ်ရွှေ့ပြောင်း ပြေးရသူပေါင်းက တသိန်း ၆သောင်းလောက် ရှိနေပြီလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအဖွဲ့က ခန့်မှန်းပါတယ်။ ဆီးရီးယားမှာ၂၀၁၁ ခုနှစ်ကတည်းက ပြည်တွင်းစစ် စဖြစ်နေတာ ဖြစ်ပြီး သန်းနဲ့ချီတဲ့လူတွေ နေရပ်ရင်းကနေ ထွက်ပြေးကြရသလို အကူအညီတွေလည်း အများအပြား လိုအပ်နေတာပါ။

ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာတော့ အခုလို တူရကီရဲ့ တိုက်ခိုက်မှုအတွက် စိုးရိမ်ကြောင်း သမ္မတ Trump ကပြောခဲ့သလို အရပ်သားဒုက္ခသည်တွေ များလာသလို ဒေသတွင်း အိုင်အက်စ် စစ်သွေးကြွတွေ ပြန်ခေါင်းထောင်လာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့မှာပဲ အထက်လွှတ်တော်အမတ်တွေကလည်း ဆီးရီးယားက အမေရိကန်တပ်တွေ ရုပ်သိမ်းဖို့ သမ္မတရဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်ကြောင်း နဲ့ တူရကီရဲ့ စစ်ဆင်ရေးတွေ ချက်ချင်း ရပ်ဖို့ အပြင် Kurds တွေ ကို အမေရိကန်က အကူညီတွေ ဆက်ပေးဖို့ ဆုံးဖြတ်ချက်ကို အတည်ပြုပေးခဲ့ပါတယ်။ ဒါ့အပြင် အိုင်အက်စ်စစ်သွေးကြွတွေ ပြန်ခေါင်းထောင်မလာအောင် တိကျ ပြတ်သားတဲ့ အစီစဉ်တွေ ချပြဖို့ပါ သမ္မတ အိမ်ဖြူကိုတိုက်တွန်းခဲ့ပါတယ်။

ဒီအဆိုကို သမ္မတ Trump ရဲ့ ရီပတ်ဘလစ်ကင်ပါတီဝင် အများအပြားပါ ထောက်ခံခဲ့ကြတာ ဖြစ်ပြီး သမ္မတကို အမြဲထောက်ခံလေ့ ရှိတဲ့ ရီပတ်ဘလစ်ကင် အထက်လွှတ်တော်အမတ် Lindsey Graham ကတော့ ဆီးရီးယားနဲ့ ပတ်သက်ပြီး သမ္မတရဲ့ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

“ရုရှားနဲ့ အီရန်တို့ဟာ ကျနော်တို့ရဲ့ မိတ်ဆွေတွေ မဟုတ်ပါဘူး။ သူတို့က အမေရိကန်ရဲ့ အကျိုးစီးပွားကို အကာကွယ် မပေးပါဘူး။ Kurds တွေကမှ ကျနော်တို့ရဲ့ မိတ်ဆွေတွေပါ။ သူတို့ဟာ အခု အပစ်ပယ်ခံနေရပါတယ်။”

လွှတ်တော်နိုင်ငံခြားဆက်ဆံရေး ကော်မတီဝင် တဦးဖြစ်တဲ့ လွှတ်တော်အမတ် Graham က သမ္မတ Trump ရဲ့ ပြောဆိုချက်တွေဟာ ဆီးရီးယားမှာ ပဋိပက္ခတွေ အဆုံးသတ်ရေးလုပ်ဆောင်နေတဲ့ ဒုသမ္မတ Pence နဲ့ ဝန်ကြီး Pompeo တို့ရဲ့ ကြိုးစားမှုကို စိန်ခေါ်သလို ဖြစ်နေတယ် လို့လည်း ဝေဖန်ပါတယ်။

တူရကီသမ္မတ Erdogan ဟာ အမေရိကန်သမ္မတအိမ်ဖြူကို နိုဝင်ဘာလ ၁၃ ရက်နေ့မှာ လာရောက်ဖို့လည်း စီစဉ်ထားတာပါ။ ဒါပေမယ့် ဒီခရီးစဉ်ဟာ ဒုသမ္မတ Pence နဲ့ ဝန်ကြီး Pompeo တို့နဲ့ သူဆွေးနွေးမှုပေါ်မှာလည်း မူတည်နေတယ်လို့လည်း တူရကီသမ္မတက ပြောပါတယ်။

သမ္မတ Trump ဟာ တူရကီအပေါ် အရေးယူမှုတွေ ချထားတာဖြစ်ပြီး တူရကီရဲ့ သံမဏိတင်သွင်းမှု အပေါ် အခွန်တိုးမြှုင့်လိုက်သလို တူရကီနဲ့ ဒေါ်လာ ဘီလျံ တရာဖိုး ကုန်သွယ်မှုသဘောတူညီဖို့ ညှိနှိုင်းမှုကိုလည်း ဖျက်သိမ်းထားတယ်လို့ ဆိုပါတယ်။

......................

{Unicode}

ဆီးရီးယားအရှေ့မွောကျ တူရကီ အပဈရပျဖို့ သဘောတူ



ဆီးရီးယားအရှေ့မွောကျပိုငျးကိုတူရကီရဲ့ ကြူးကြောျတိုကျခိုကျမှုနဲ့ ပတျသကျပွီး တူရကီကို ဖိအားပေးပွောဆိုဖို့ အမရေိကနျဒုသမ်မတ Mike Pence ဦးဆောငျတဲ့ ကိုယျစားလှယျအဖှဲ့ဟာ ဗုဒ်ဓဟူးနေ့က တူရကီကိုသှားရောကျခဲ့တာပါ။ ကွာသပတေးနေ့မှာတော့ ဒုသမ်မတ Pence ဟာ နိုငျငံခွားရေးဝနျကွီး Mike Pompeo နဲ့ သမ်မတအိမျဖွူ အမြိုးသားလုံခွုံရေးအကွံပေး Robert O’brien တို့နဲ့အတူ တူရကီသမ်မတ Recep Tayyip Erdogan နဲ့ Ankara မှာ တှေ့ဆုံခဲ့တာ ဖွဈပွီး ဆှေးနှေးအပွီးမှာတော့ ဒုသမ်မတ Pence က အခုလို ကွညောလိုကျတာဖွဈပါတယျ။














တိုက်ရိုက် လင့်ခ်


ဆက်စပ်သတင်းများ ...

XS
SM
MD
LG