သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 Kurds တွေကို ကန် လက်နက်ထောက်ပံ့မှု တူရကီမကျေနပ်


တူရကီ သမ္မတ Recep Tayyip Erdogan အစ္စတန်ဘူးလ်မြို့တော်မှာ မိန့်ခွန်းပြောကြားစဉ်။
တူရကီ သမ္မတ Recep Tayyip Erdogan အစ္စတန်ဘူးလ်မြို့တော်မှာ မိန့်ခွန်းပြောကြားစဉ်။

လာမယ့် သီတင်းပတ်ထဲ ဝါရှင်တန်ဒီစီကို လာရောက်ပြီး အမေရိကန် သမ္မတ Donald Trump နဲ့ တွေ့ဆုံတဲ့အခါမှာ ဆီးရီးယားက Kurds လက်နက်ကိုင်တွေကို အမေရိကန်က ဘာ့ကြောင့် လက်နက်တွေ ပေးဖို့ ဆုံးဖြတ်တယ်ဆိုတာနဲ့ ပတ်သက်ပြီး သမ္မတ Trump ကို ပြင်းပြင်း ထန်ထန် မေးမြန်းမှာ ဖြစ်ကြောင်း တူရကီ သမ္မတ Recep Tayyip Erdogan က ပြောပါတယ်။

အိုင်အက်စ် စစ်သွေးကြွတွေကို တိုက်ခိုက်ရာမှာ နောက် စစ်သွေးကြွ အကြမ်းဖက် အဖွဲ့တခုကို ထပ်သုံးသလို မလုပ်သင့်ဘူးလို့ သမ္မတ Erdogan က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ ဒါဟာ ဆီးရီးယားနဲ့ ဒေသတွင်း အနာဂါတ်အတွက် အန္တရာယ် ကြီးတဲ့ ခြေလှမ်းမျိုး ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဆီးရီးယားမှာ အိုင်အက်စ် စစ်သွေးကြွတွေကို ထိထိရောက်ရောက် တိုက်ခိုက်နေတဲ့ အဖွဲ့ဟာ YPG လို့ခေါ်တဲ့ Kurds လက်နက်ကိုင်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် Kurds ပြည်သူ့ပါတီနဲ့ မဟာမိတ်ဖြစ်တဲ့ တူရကီအစိုးရကို တိုက်နေတဲ့ ဒီအဖွဲ့ကို တူရကီက အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

YPG အဖွဲ့ဆီ ရောက်သွားတဲ့ လက်နက် မှန်သမျှဟာ တူရကီနိုင်ငံအတွက် အန္တရာယ်ရှိနေတယ်လို့ တူရကီ နိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu က ကြေညာထားတာပါ။

ဘာပဲပြောပြော ပြီးခဲ့တဲ့လက ကျင်းပတဲ့ အငြင်းပွါးဖွယ် လူထုဆန္ဒခံယူမှုနဲ့ သမ္မတဖြစ်လာတဲ့ တူရကီသမ္မတ Erdogan ရဲ့ ဝါရှင်တန် ခရီးစဉ်ကတော့ သူ့ကို နိုင်ငံတကာက အသိမှတ်ပြုဖို့ အတွက် အရေးပါတဲ့ ခရီးစဉ်တခု ဖြစ်နေပါတယ်။

Kurds တွေကို ကန် လက်နက်ထောက်ပံ့မှု တူရကီမကျေနပ်
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG