သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နိုင်ငံခြားရေးဝန်ကြီး တူရကီခရီး


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က တူရကီသမ္မတ Recep Tayyip Erdogan
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က တူရကီသမ္မတ Recep Tayyip Erdogan

တူရကီဟာ အမေရိကန်ရဲ့ ယုံကြည်ရတဲ့မဟာမိတ်နိုင်ငံ တနိုင်ငံဖြစ်ကြောင်း တူရကီနိုင်ငံ Ankara ကို သွားရောက်စဉ်အတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က တူရကီသမ္မတ Recep Tayyip Erdogan နဲ့ တခြားခေါင်းဆောင်တွေနဲ့ တွေ့ဆုံ အပြီး ကြာသပတေး နေ့မှာ ပြောကြားလိုက်ပါတယ်။

အိုင်အက်စ် စစ်သွေးကြွတွေ ချေမှုန်းရေးမှာ တူရကီဟာ အရေးပါကြောင်း ဝန်ကြီး Tillerson က အလေးထား ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် အိုင်အက်စ် စစ်သွေးကြွတွေကို တိုက်ခိုက်ရေးမှာ တူရကီနဲ့ အဆင်မပြေတဲ့ ဆီးရီးယား Kurds သူပုန်အဖွဲ့ PYD ကို အမေရိကန်က ပံ့ပိုးပေးနေတာကြောင့် NATO စစ်မဟာမိတ်နိုင်ငံ ၂ နိုင်ငံဖြစ်တဲ့ တူရကီနဲ့ အမေရိကန်တို့ကြား အဆင်မပြေမှုတွေကတော့ ရှိနေဆဲပါ။

ဒီသူပုန်အဖွဲ့ကို ပံ့ပိုးပေးနေတာအတွက် တူရကီက ကန့်ကွက်ကြောင်း ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu က ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် Trump အစိုးရအဖွဲ့ကိုတော့ တိုက်ရိုက် ဝေဖန်မှုတွေ မလုပ်ခဲ့ပါဘူး။

ဝန်ကြီး Tillerson ကလည်း လက်ရှိ အငြင်းပွါးနေမှုအတွက် အဖြေမထုတ်နိုင်သေးတာကို အသိမှတ်ပြုခဲ့ပါတယ်။ ဒါ့အပြင် ၂ နိုင်ငံကြား ဆွေးနွေးမှုတွေ ထပ်လုပ်ဖို့ လိုနေသေးတယ်လို့ ပြောကြားရင်း လမ်းကြောင်းတွေ ရှာဖွေမှာ ဖြစ်ကြောင်း ပြောပေမယ့် ဒီ Kurds သူပုန်အဖွဲ့ကို အမေရိကန်ဘက်က ထောက်ခံပံ့ပိုးမှာ ဖြစ်ကြောင်း ထပ်လောင်း ပြောကြားခဲ့တာပါ။ တူရကီနိုင်ငံနဲ့ နိုင်ငံသားတွေကို တိုက်ရိုက်ခံစားနေရတဲ့ အကြမ်းဖက်မှုတွေ ရပ်ဆိုင်းဖို့ ကြိုးစာမှုတွေမှာ တူရကီနဲ့ အတူအမေရိကန်က ရပ်တည်မှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

တူရကီနိုင်ငံဟာ ဒုက္ခသည် ၃ သန်းလောက်ကို လက်ခံထားတာမို့ ချီးကျူး ဂုဏ်ပြုကြောင်းနဲ့ အခုဆွေးနွေးပွဲတွေမှာ ဒီဒုက္ခသည်တွေ နေရပ်ရင်း ပြန်နိုင်ရေးကို အဓိက ဦးစားပေး ဆွေးနွေးတာ ဖြစ်ကြောင်းလည်း ဝန်ကြီး Tillerson ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG