သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်သွေးကြွ သံသယရှိသူ ၄၄၀ ကျော် တူရကီမှာ ဖမ်းဆီး


တူရကီ ရဲတပ်ဖွဲ့
တူရကီ ရဲတပ်ဖွဲ့

တူရကီ အကြမ်းဖက်မှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့ဝင်တွေက IS အစ္စလာမစ် စစ်သွေးကြွအဖွဲ့နဲ့ ဆက်နွယ်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူပေါင်း ၄၄၀ ကို ဖမ်းဆီးလိုက်တယ်လို့ အစိုးရပိုင် သတင်းဌာနမှာ တနင်္ဂနွေနေ့က ဖော်ပြထားပါတယ်။

နိုင်ငံခြားသား အများစုပါဝင်တဲ့ လူ ၆၀ ကို တနင်္ဂနွေနေ့ အစောပိုင်းက မြို့တော် အန်ကာရာမှာ ဖမ်းဆီး ထိန်းသိမ်းလိုက်ခြင်း ဖြစ်ကြောင်း အစိုးရပိုင် Anadolu သတင်းမှာ ဖော်ပြထားပါတယ်။

Istanbul နဲ့ ဆီးရီးယားနယ်စပ်က Gaziantep မြို့တို့ အပါအဝင် မြို့အတော်များများမှာ မနက် မိုးမလင်းခင် တပြိုင်ထဲ ပြုလုပ်ခဲ့တဲ့ ဝင်ရောက် ဖမ်းဆီးမှုတွေအပြီး စုစုပေါင်း ၄၄၅ ဦးကို ထိန်းသိမ်းလိုက်တယ်လို့ ဆိုပါတယ်။

အများဆုံး ဖမ်းဆီးမှုကတော့ တောင်ပိုင်း Sanliurfa ခရိုင်အတွင်းက အိမ်အများအပြားကို ဝင်စီးစဉ် IS အဖွဲ့နဲ့ ဆက်နွယ်တဲ့ အထောက်အထားတွေကို တွေ့ရှိခဲ့ရကြောင်းနဲ့ အဲဒီ စစ်ဆင်ရေးအတွင်း လူပေါင်း ၁၀၀ ကျော်ကို ရဲက ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တိုင်းပြည် အနောက်မြောက်ပိုင်းက Izmir မြို့မှာ အကြမ်းဖက် တိုက်ခိုက်ဖို့ စီစဉ်နေသူတွေလို့ သံသယရှိသူ ၉ ဦးကိုလည်း လုံခြုံရေး တပ်ဖွဲ့တွေက ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ ဖမ်းမိသူတွေဟာ ဘယ်နိုင်ငံသားတွေဖြစ်တယ်ဆိုတာကိုတော့ Anadolu သတင်းမှာ ဖော်ပြထားခြင်း မရှိပါဘူး။

စစ်သွေးကြွ သံသယရှိသူ ၄၄၀ ကျော် တူရကီမှာ ဖမ်းဆီး
please wait

No media source currently available

0:00 0:00:47 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG