သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီအရေးပေါ်အခြေအနေ သက်တမ်းတိုး


အဝေးရောက် မူဆလင်ဘာသာရေးခေါင်းဆောင် Fethullah Gulen ရဲ့ နောက်လိုက်တွေကို တူရကီ အာဏာပိုင်တွေက လိုက်လံ ဖမ်းဆီးနေဆဲဖြစ်တာကြောင့် တိုင်းပြည်အတွင်းက အရေးပေါ် အခြေအနေကို လွှတ်တော်က နောက်ထပ် ၃ လ သက်တမ်း တိုးလိုက်ပါတယ်။

Gulen ရဲ့ နောက်လိုက်တွေက ဇူလိုင်လ ၁၅ ရက်နေ့မှာ မအောင်မြင်တဲ့ တိုင်းပြည်အာဏာသိမ်းဖို့ ကြိုးပမ်းပြီးတဲ့နောက် တိုင်းပြည်အရေးပေါ် အခြေအနေကို ကြေညာခဲ့တာ ဖြစ်ပါတယ်။

အခုချိန်ထိ အာဏာသိမ်းမှုနဲ့ ဆက်နွယ်နေသူ လူပေါင်း ၄၀,၀၀၀ ကျော်ကို ရဲတပ်ဖွဲ့ ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး ဖြစ်ပြီး Gulen ရဲ့ လှုပ်ရှားမှုနဲ့ ဆက်နွယ်နေသူ အစိုးရဝန်ထမ်း တသိန်းလောက်လည်း အလုပ်ဖြုတ်ခံခဲ့ကြရပါတယ်။

ဒီအတောအတွင်း တူရကီနိုင်ငံ Istanbul မြို့က နိုက်ကလပ်မှာ နှစ်သစ်ကူးနေ့က လူပေါင်း ၃၉ ယောက် သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုအတွက် သံသယရှိသူ သေနတ်သမားလို့ဆိုတဲ့ ဗွီဒီယိုတခုကို တူရကီမီဒီယာတွေက ပြသခဲ့ပါတယ်။ ဗွီဒီယိုကိုတော့ Istanbul မြို့က Taksim ရင်ပြင်မှာ လမ်းလျှောက်နေရင်း၊ သူယူလာတဲ့ လက်ကိုင်ဖုန်းနဲ့ ရိုက်ကူးထားပုံရပါတယ်။

ဗွီဒီယိုထဲမှာတော့ ကင်မရာကို ကြည့်နေတဲ့ပုံတွေ တော်တော်များများ ပါဝင်ပေမဲ့ စကားပြောတာတော့ မတွေ့ရပါဘူး။ ဗွီဒီယိုကို ဘယ်အချိန်က ရိုက်ကူးထားသလဲ ဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိရပါဘူး။ တူရကီအာဏာပိုင်တွေကတော့ လုံခြုံရေးကင်မရာက မှတ်တမ်းတင်ထားတဲ့ သံသယရှိသူ သေနတ်သမားရဲ့ ခပ်ဝါးဝါးပုံတပုံကို အစောပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

တူရကီအရေးပေါ်အခြေအနေ သက်တမ်းတိုး
please wait

No media source currently available

0:00 0:00:48 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG