သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီ ဒီမိုကရေစီစံနှုန်းအညီကျင့်ကြံဖို့ Theresa May တိုက်တွန်း


ြှဗိတိန်ဝန်ကြီးချုပ်နဲ့ တူရကီသမ္မတတို့ သမ္မတနန်းတော်မှာတွေ့ဆုံစဉ်။၂၈ ဇန်နဝါရီ ၂၀၁၇။
ြှဗိတိန်ဝန်ကြီးချုပ်နဲ့ တူရကီသမ္မတတို့ သမ္မတနန်းတော်မှာတွေ့ဆုံစဉ်။၂၈ ဇန်နဝါရီ ၂၀၁၇။

တူရကီနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က မအောင်မြင်ခဲ့တဲ့ အာဏာသိမ်းဖို့ကြိုးပမ်းမှုဖြစ်ခဲ့ပြီးတဲ့နောက် လူ့အခွင့်အရေး နဲ့ တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းသွားဖို့က တူရကီနိုင်ငံအတွက် အရေးကြီးတယ်လို့ တူရကီသမ္မတ Recep Tayyip Erdogan နဲ့ စနေနေ့က တွေ့ဆုံအပြီးမှာ ဗြိတိသျှဝန်ကြီးချုပ် ထရီဆာမေက ပြောလိုက်ပါတယ်။ တူရကီနိုင်ငံမှာ ရောက်ရှိနေတဲ့ မစ္စမေက - တူရကီသမ္မတ အာဒိုဝမ်နဲ့ တွေ့ဆုံပြီးတဲ့နောက် သူတို့ ၂ ဦး ပူးတွဲပြီးတော့ ကြေငြာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။ ခေါင်းဆောင် ၂ ဦးဟာ ကုန်သွယ်ရေး၊ ကာကွယ်ရေး နဲ့ အစွန်းရောက်မှုတိုက်ဖျက်ရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ မစ္စတာအာဒိုဝမ်က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ သမ္မတသစ် ဒေါ်နယ်လ်ထရမ့် နဲ့ တွေ့ဆုံခဲ့တဲ့ ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေဟာ တူရကီသမ္မတ Recep Tayyip Erdogan နဲ့ တွေ့ဆုံဖို့အတွက် တူရကီနိုင်ငံကို စနေနေ့က ရောက်ရှိလာတာဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဖြစ်လာကတည်းက ပထမဆုံးအကြိမ် တူရကီကိုသွားရောက်တဲ့ မစ္စမေရဲ့ ခရီးစဉ်ကို ဗြိတိန်နိုင်ငံမှာ ဝေဖန်မှုတွေထွက်ပေါ်နေပါတယ်။ ဇူလိုင်လမှာ တူရကီအစိုးရက သူတို့ကို အာဏာသိမ်းဖို့ ကြံစည်မှုနောက်ပိုင်း အရပ်သားတွေကို အကြမ်းဖက်နှိမ်နှင်းမှုတွေ ပတ်သက်လို့ ဗြိတိန်မှာ ဝေဖန်နေကြတာဖြစ်ပါတယ်။

တူရကီ ဒီမိုကရေစီစံနှုန်းအညီကျင့်ကြံဖို့ Theresa May တိုက်တွန်း
please wait

No media source currently available

0:00 0:00:56 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG