သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီ Nightclub တိုက်ခိုက်မှု မသင်္ကာရသူ ဖမ်းဆီးခံရ


တူရကီရဲများ
တူရကီရဲများ

တူရကီနိုင်ငံ Istanbul nightclub တခုကို နှစ်သစ်ကူး အကြိုညက ဝင်ရောက်တိုက်ခိုက်သူလို့ မသင်္ကာသူတယောက်ကို ဖမ်းဆီးခဲ့ကြောင်း တူရကီသတင်းစာတွေမှာ ရေးသားဖော်ပြနေကြပါတယ်။

ဒီဇင်ဘာ ၃၁ ရက်နေ့ညက လူပေါင်း ၃၉ ယောက်သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုအတွက် Abdulkadir Masharipov ဆိုသူကို တနင်္လာနေ့က ဖမ်းဆီးခဲ့တယ်လို့ Hurriyet Daily News သတင်းစာက ဖော်ပြပါတယ်။

Istanbul မြို့တော်ထဲက Esnyurt အရပ်မှာရှိတဲ့ အိမ်တအိမ်ကို စီးနင်းဝင်ရောက်ဖမ်းဆီးခဲ့တာလို့ NTV နဲ့ တခြားသတင်းမီဒီယာတွေကဖော်ပြပါတယ်။ အဲဒီမှာ ဖမ်းမိသူဟာ Kyrgyzstan ကမိတ်ဆွေတယောက်နဲ့ အတူ နေထိုင်နေတယ်လို့ သတင်းတွေက ပြောပါတယ်။

အိမ်ထဲမှာရှိတဲ့ အမျိုးသမီး ၃ ယောက်အပါအဝင် တခြားသူ ၅ ယောက်ကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးစဉ်ရှိနေတဲ့ Abdulkadir Masharipov ရဲ့ အသက် ၄ နှစ်အရွယ်သားကိုတော့ သက်ဆိုင်ရာစောင့်ရှောက်သူတွေက စောင့်ရှောက်ထားပါတယ်။

တူရကီ Nightclub တိုက်ခိုက်မှု မသင်္ကာရသူ ဖမ်းဆီးခံရ
please wait

No media source currently available

0:00 0:00:49 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG