သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီမှာ နှစ်သစ်ကူးညတိုက်ခိုက်မှု သံသယရှိသူ ဖမ်းဆီး


တူရကီနိုင်ငံIstanbul မြို့က နိုက်ကလပ်တခုမှာ ပြီးခဲ့တဲ့ နှစ်သစ်ကူးညက လူပေါင်း ၃၉ ယောက်သေဆုံးခဲ့ရတဲ့ သေနတ်နဲ့ပစ်ခတ် တိုက်ခိုက်မှုမှာ သံသယရှိသူကို အာဏာပိုင်တွေက ဖမ်းဆီးလိုက်နိုင်ပြီလို့ တူရကီဝန်ကြီးချုပ် Binali Yildirim က ဒီကနေ့ အတည်ပြု ပြောပါတယ်။

တိုက်ခိုက်သူဟာ စက်ဆုပ်ဖွယ်ရာ အကြမ်းဖက်သမား တယောက်လို့ ဆိုပြီး လောလောဆယ် အရေးကြီးဆုံးက ဒီတိုက်ခိုက်မှု နောက်ကွယ်မှာ ဘယ်သူတွေရှိနေတယ်ဆိုတာကို ရှာဖွေဖော်ထုတ်ဖို့ဖြစ်တယ်လို့ ဝန်ကြီးချုပ် Yildirim က ပြောပါတယ်။

သေနတ်သမားဟာ Abdulkadir Masharipov ဆိုသူဖြစ်တယ်လို့ တူရကီသတင်းမီဒီယာတွေမှာ အစောပိုင်း ဖော်ပြခဲ့ကြပြီး သူ့ကို Istanbul ခရိုင် Esnyurtမြို့နယ်မှာ တနင်္လာနေ့က စီးနင်းရှာဖွေမှုတခုအတွင်း ဖမ်းဆီးမိခဲ့တာလို့ ဆိုပါတယ်။

Masharipovရဲ့ လက်ဗွေဟာ ပစ်ခတ်သူရဲ့လက်ဗွေနဲ့ တူနေတဲ့အကြောင်း၊ သူဟာ အာဖဂန်နစ္စတန်နိုင်ငံမှာ သင်တန်းသွားတက်ခဲ့တဲ့ အူဇဘက်ကစ္စတန် နိုင်ငံသားဖြစ်ပြီး၊ ၂၀၁၆ ခုနှစ် ဇန်နဝါရီလက တူရကီနိုင်ငံထဲကို ဝင်ရောက်လာသူလို့ ယူဆရတဲ့အကြောင်း Istanbul အုပ်ချုပ်ရေးမှူး Vasip Sahin က ဒီကနေ့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ IS စစ်သွေးကြွအဖွဲ့ အမည်ခံထားသူတွေရဲ့ လက်ချက်ဆိုတာ သေချာတယ်လို့လည်း အုပ်ချုပ်ရေးမှူး Sahin က ပြောပါတယ်။ ဆီးရီးယားနိုင်ငံအတွင်း တူရကီရဲ့ စစ်ဆင်ရေးလုပ်ငန်းတွေကြောင့် အခုလို တိုက်ခိုက်တာလို့ ဆိုပြီး နှစ်သစ်ကူးည တိုက်ခိုက်မှုကို သူတို့လက်ချက်အဖြစ် IS စစ်သွေးကြွတွေကလည်း အစောပိုင်းကတည်းက ပြောဆိုထားတာပါ။

တူရကီမှာ နှစ်သစ်ကူးညတိုက်ခိုက်မှု သံသယရှိသူ ဖမ်းဆီး
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG