သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား Kurds တွေကိုဝင်တိုက်ဖို့ အဆင်သင့်ရှိကြောင်း တူရကီပြော


ဆီးရီးယားမြောက်ပိုင်းကို ဝင်သိမ်းပြီး Kurds တပ်တွေကို နှင်ထုတ်ဖို့ ကာလကြာရှည် စီစဉ် ထားတာကို စတင်ဖို့ အဆင်သင့်ပဲလို့ တူရကီစစ်ဘက်အရာရှိတွေက ပြောပါတယ်။ ဒီ Kurds တွေကို တူရကီအစိုးရက အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်ထားပေမယ့် အနောက်နိုင်ငံ အများစုကတော့ အိုင်အက်စ် စစ်သွေးကြွတွေကို ချေမှုန်းရေးအတွက် သူတို့ရဲ့ အဓိကမိတ်ဆွေ အဖြစ် သတ်မှတ်ထားတာပါ။

အင်္ဂါနေ့အစောပိုင်းမှာ တူရကီက ဆီးရီးယားနယ်စပ်ဒေသတလျှောက်ကို ရော့ကက်လောင်ခြာ တွေနဲ့ရော လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ခဲ့တာဖြစ်ပြီး တူရကီနယ်စပ်တလျှောက်မှာ အကြမ်းဖက်စင်္ကြန်လမ်း ဖန်တီးမှုကို သူတို့ ခွင့်မပြုဘူးလို့ တူရကီစစ်ဘက် အရာရှိတွေက ပြောပါတယ်။

ဆီးရီးယားဒီမိုကရက်တစ်တပ်ဦး SDF ကတော့ ဒီပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိကြောင်းနဲ့ ဒါဟာ ရန်စတဲ့အပြုအမူအဖြစ် သူတို့ မသတ်မှတ်တဲ့အတွက် သူတို့ဘက်က လက်တုန့်မပြန်ခဲ့ဘူးလို့ပြောပါတယ်။

Kurds အရာရှိတွေကတော့ တူရကီဟာ Kurds တပ်တွေ ရိက္ခာပစ္စည်း အားပြန်ဖြည့်ဖို့ သုံးတဲ့ အီရတ်နားမှာရှိတဲ့ နယ်စပ်ဂိတ်နားကို လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။

တူရကီဘက်က စစ်ဆင်ရေးတွေမလုပ်ခင် ဒီနယ်စပ်ဒေသကနေ တပ်တွေကို ပြန်ရုတ်သိမ်းမယ် လို့ အမေရိကန်က ရုတ်တရက် ကြေညာလိုက်ပြီး မကြာခင်ရက်တွေအတွင်း အခုလို တင်းမာမှုတွေ တိုးလာတာဖြစ်ပါတယ်။

အမေရိကန်ရဲ့ အခုလို ကြေညာချက်ကလည်း တူရကီကိုရော နေတိုးမဟာမိတ်တပ်တွေနဲ့ Kurds တပ်တွေကိုပါ နှစ်သိမ့်တဲ့အနေနဲ့ သမ္မတ Donald Trump ကြိုးစားတာ ဖြစ်ပုံရပါတယ်။

သမ္မတ Trump ကတော့ အိုင်အက်စ် ခြေမှုန်းရေးမှာ အမေရိကန်ရဲ့ မဟာမိတ်အဖြစ်ပူးပေါင်း တိုက်ခိုက်ခဲ့တဲ့ Kurds တပ်တွေကို သူပစ်ပယ်ထားမှာ မဟုတ်ဖူးလို့ သူ့တွစ်တာကနေ အခိုင်အမာ ပြောနေတာပါ။

အင်္ဂါနေ့မှာပဲ တူရကီသမ္မတ Recep Tayyip Erdogan ကို ရှေ့လထဲ သမ္မတအိမ်ဖြူတော်ကို လာဖို့ပါ ဖိတ်ကြားခဲ့တာပါ။

အင်္ဂါနေ့မှာပဲ အမေရိကန်စစ်ဌာနချုပ် ပန်တဂွန်ပြောခွင့်ရ Jonathan Rath Hoffman က ကြေညာချက်ထုတ်ပြန်ပြီး တူရကီဘက်က သူ့သဘောနဲ့သူ လုပ်လာတာတွေ့ရတဲ့အတွက် တူရကီတွေ ဆီးရီးယားမြောက်ပိုင်းကို ဝင်သိမ်းနိုင်ခြေကို ကာကွယ်ဖို့ အမေရိကန်တပ်တွေကို ဆီးရီးယားမြောက်ပိုင်းမှာ ချထားလိုက်ပြီး အခုအချိန်မှာတော့ ဆီးရီးယားမှာ အမေရိကန်တပ် တွေ ဆက်ရှိနေဦးမှာဖြစ်ကြောင်း ပြောပါတယ်။

......................

{Unicode}









အငျ်ဂါနေ့မှာပဲ တူရကီသမ်မတ Recep Tayyip Erdogan ကို ရှေ့လထဲ သမ်မတအိမျဖွူတောျကို လာဖို့ပါ ဖိတျကွားခဲ့တာပါ။


တိုက်ရိုက် လင့်ခ်


ဆက်စပ်သတင်းများ ...

XS
SM
MD
LG