သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆီးရီးယားအေရွ႕ေျမာက္ တူရကီၿခိမ္းေျခာက္မႈ ကာ့ဒ္တို႔စိုးရိမ္


ဆီးရီးယား ဒီမိုကရက္တစ္တပ္ဖြဲ႔ဝင္မ်ား။ (မတ္လ ၅၊ ၂၀၁၉)

ဆီးရီးယားႏုိင္ငံ အေရွ႕ေျမာက္ပိုင္းကို က်ဴးေက်ာ္ဖို႔ တူရကီဘက္က ဆက္လက္ ၿခိမ္းေျခာက္ေနတဲ့ အေပၚမွာ အထူးပဲစိုးရိမ္ေၾကာင္း အေမရိကန္တို႔ ေထာက္ပံ့ထားတဲ့ ဆီးရီးယား ကာ့ဒ္လူမ်ိဳးစု တိုက္ခုိက္ေရးအဖြဲ႔ေတြက ေျပာပါတယ္။

ဆီးရီးယားႏုိင္ငံတြင္း တူရကီဘက္က က်ဴးေက်ာ္မယ္ဆိုရင္ေတာ့ ေဒသတခုလံုး မတည္မၿငိမ္ ျဖစ္သြားေစမယ္လို႔ ဆီးရီးယား ဒီမိုကရက္တစ္တပ္ဖြဲ႔ SDF က တနဂၤေႏြေန႔မွာ ေျပာပါတယ္။ ကာ့ဒ္လူမ်ိဳးစု ဦးေဆာင္တဲ့ စစ္ေရးမဟာမိတ္အဖြဲ႔ SDF က ဆီးရီးယားႏုိင္ငံရဲ႕ ေလးပံုတပံုနီးပါးကို ထိန္းခ်ဳပ္ထားတာပါ။

တူရကီရဲ႕ ၿခိမ္းေျခာက္မႈကို အထူးစိုးရိမ္ဖြယ္ရာအျဖစ္ ႐ႈျမင္ေၾကာင္း SDF အဖြဲ႔ရဲ႕ ေျပာခြင့္ရ Mustafa Bali က ေျပာပါတယ္။ ဆီးရီးယားႏုိင္ငံတြင္းကို တူရကီတပ္ဖြဲ႔ေတြ က်ဴးေက်ာ္မယ္ဆိုရင္ေတာ့ ျပည္သူေတြအေပၚ အစုလိုက္ အၿပံဳလုိက္ သတ္ျဖတ္မႈေတြ က်ဴးလြန္မွာကို စိုးရိ္မ္တယ္လို႔ သူက VOA ကို ေျပာပါတယ္။

တူရကီနယ္စပ္က ဆီးရီးယား ကာ့ဒ္လူမ်ိဳးစု တိုက္ခုိက္ေရးသမားေတြကို ေမာင္းထုတ္ႏုိင္ဖို႔အတြက္ ဆီးရီးယား အေရွ႕ေျမာက္ပိုင္းကုိ စစ္ေရးအရ တိုက္ခုိက္မယ္လို႔ တူရကီသမၼတ Recep Tayyip Erdogan က စေနေန႔မွာ ထပ္ၿပီး ၿခိမ္းေျခာက္ ေျပာဆိုခဲ့တာပါ။ လိုအပ္တာေတြအားလံုး ညႊန္ၾကားထားၿပီး အားလံုးလည္း ျပင္ဆင္ထားၿပီးျဖစ္တယ္လို႔ သမၼတ Erdogan က သူ႔ရဲ႕ အာဏာရ AK ပါတီ အစည္းအေ၀းတြင္း ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

ဆီးရီးယား ဒီမိုကရက္တစ္တပ္ဖြဲ႔ေတြ အတြင္းက အဓိကတပ္ဖြဲ႔ျဖစ္တဲ့ ျပည္သူ႔ကာကြယ္ေရးအဖြဲ႔ YPG ဟာဆိုရင္ တူရကီအေျခစိုက္ ကာ့ဒ္ အလုပ္သမားမ်ား ပါတီ PKK ရဲ႕ အဆြယ္အပြားျဖစ္တယ္လို႔ တူရကီက ႐ႈျမင္ထားတာ ျဖစ္ပါတယ္။

တူရကီအေျခစိုက္ PKK ကိုေတာ့ တူရကီ၊ အေမရိကန္ျပည္ေထာင္စုနဲ႔ ဥေရာပသမဂၢ တို႔က အၾကမ္းဖက္၀ါဒစြဲ အဖြဲ႔အျဖစ္ သတ္မွတ္ထားတာ ျဖစ္ပါတယ္။

---------------------------

(Unicode)

ဆီးရီးယားအရှေ့မြောက် တူရကီခြိမ်းခြောက်မှု ကာ့ဒ်တို့စိုးရိမ်

ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းကို ကျူးကျော်ဖို့ တူရကီဘက်က ဆက်လက် ခြိမ်းခြောက်နေတဲ့ အပေါ်မှာ အထူးပဲစိုးရိမ်ကြောင်း အမေရိကန်တို့ ထောက်ပံ့ထားတဲ့ ဆီးရီးယား ကာ့ဒ်လူမျိုးစု တိုက်ခိုက်ရေးအဖွဲ့တွေက ပြောပါတယ်။

ဆီးရီးယားနိုင်ငံတွင်း တူရကီဘက်က ကျူးကျော်မယ်ဆိုရင်တော့ ဒေသတခုလုံး မတည်မငြိမ် ဖြစ်သွားစေမယ်လို့ ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့ SDF က တနင်္ဂနွေနေ့မှာ ပြောပါတယ်။ ကာ့ဒ်လူမျိုးစု ဦးဆောင်တဲ့ စစ်ရေးမဟာမိတ်အဖွဲ့ SDF က ဆီးရီးယားနိုင်ငံရဲ့ လေးပုံတပုံနီးပါးကို ထိန်းချုပ်ထားတာပါ။

တူရကီရဲ့ ခြိမ်းခြောက်မှုကို အထူးစိုးရိမ်ဖွယ်ရာအဖြစ် ရှုမြင်ကြောင်း SDF အဖွဲ့ရဲ့ ပြောခွင့်ရ Mustafa Bali က ပြောပါတယ်။ ဆီးရီးယားနိုင်ငံတွင်းကို တူရကီတပ်ဖွဲ့တွေ ကျူးကျော်မယ်ဆိုရင်တော့ ပြည်သူတွေအပေါ် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ ကျူးလွန်မှာကို စိုးရိမ်တယ်လို့ သူက VOA ကို ပြောပါတယ်။

တူရကီနယ်စပ်က ဆီးရီးယား ကာ့ဒ်လူမျိုးစု တိုက်ခိုက်ရေးသမားတွေကို မောင်းထုတ်နိုင်ဖို့အတွက် ဆီးရီးယား အရှေ့မြောက်ပိုင်းကို စစ်ရေးအရ တိုက်ခိုက်မယ်လို့ တူရကီသမ္မတ Recep Tayyip Erdogan က စနေနေ့မှာ ထပ်ပြီး ခြိမ်းခြောက် ပြောဆိုခဲ့တာပါ။ လိုအပ်တာတွေအားလုံး ညွှန်ကြားထားပြီး အားလုံးလည်း ပြင်ဆင်ထားပြီးဖြစ်တယ်လို့ သမ္မတ Erdogan က သူ့ရဲ့ အာဏာရ AK ပါတီ အစည်းအဝေးတွင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့တွေ အတွင်းက အဓိကတပ်ဖွဲ့ဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ YPG ဟာဆိုရင် တူရကီအခြေစိုက် ကာ့ဒ် အလုပ်သမားများ ပါတီ PKK ရဲ့ အဆွယ်အပွားဖြစ်တယ်လို့ တူရကီက ရှုမြင်ထားတာ ဖြစ်ပါတယ်။

တူရကီအခြေစိုက် PKK ကိုတော့ တူရကီ၊ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂ တို့က အကြမ်းဖက်ဝါဒစွဲ အဖွဲ့အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG