သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS စစ်သွေးကြွ အများစု ပါဝင်တဲ့ လူ ၃၀၀၀ ကျော် Baghuz ကဆုတ်ခွာ


ဆီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်းက အိုင်အက်စ် လက်ကျန်တွေ ထိန်းချုပ်ထားတဲ့ Baghuz ဒေသမှာ အိုင်အက်စ်တွေကို ပစ်မှတ်ထားပြီး အမေရိကန်တွေ ထောက်ခံပံ့ပိုးနေတဲ့ တပ်ဖွဲ့တွေက ရော့ကက်တွေ သေနတ်တွေနဲ့ ပစ်ခတ်နေတဲ့အတွက် အိုင်အက်စ်တိုက်ခိုက်ရေးသမား အများစုပါဝင်တဲ့ လူပေါင်း သုံးထောင်လောက် အင်္ဂါနေ့က အဲဒီဒေသကနေ ထွက်ပြေးခဲ့ကြပါတယ်။

ရာနဲ့ချီတဲ့ အိုင်အက်စ်တိုက်ခိုက်ရေး သမားတွေနဲ့ သူတို့ရဲ့မိသားစုတွေဟာ အင်္ဂါနေ့က တစုတဝေးတည်း လက်နက်ချခဲ့ကြတယ်လို့ ဆီးရီးယား ဒီမိုကရက်တစ် တပ်ဦး SDF အဖွဲ့နဲ့ Kurds တာဝန်ရှိသူတွေက ပြောပါတယ်။ Baghuz နားကိုရောက်လာတဲ့ Yazidi မျိုးသမီး ၃ ဦးနဲ့ ကလေးငယ် ၄ ဦး တို့ကိုလည်း အမေရိကန်တွေ ပံ့ပိုးပေးထားတဲ့ တပ်တွေက ကယ်ခဲ့ရတယ်လို့ SDF ကပြောပါတယ်။

SDF တပ်ဖွဲ့ဟာ ဆီးရီးယား အရှေ့မြောက်ပိုင်းက အိုင်အက်စ် လက်ကျန်တွေရဲ့ နေရာကို ဝင်ရောက်ရာမှာ အိုင်အက်စ်တွေခုခံဖို့ လုပ်ထားတဲ့ မြေမြှုပ်မိုင်းတွေ၊ ထောင်ချောက်တွေ ရှိနေတဲ့အတွက် ဖြေးဖြေးချင်းသာ ဝင်ရောက်နိုင်ခဲ့တာပါ။ ဒါပေမယ့် အိုင်အက်စ်တွေ ကျဆုံးဖို့ နီးလာနေပြီလို့ SDF အရာရှိတွေက အင်္ဂါနေ့မှာ ပြောပါတယ်။

စစ်ဆင်ရေးက ပြီးဆုံးသွားတဲ့ သဘောရှိနေပေမယ့် တကယ်ပြီးဆုံးဖို့အတွက် အချိန်ပေးရအုံးမှာ ဖြစ်ကြောင်း SDF အဖွဲ့ပြောခွင့်ရ Kino Gabriel က al-Hadath ရုပ်သံကို ပြောကြားခဲ့ပါတယ်။

အင်္ဂါနေ့ အစောပိုင်းတုန်းကတော့ SDF အဖွဲ့ပြောခွင့်ရ Mustafa Bali က အမေရိကန်တွေ ပံ့ပိုးပေးထားတဲ့ တပ်တွေက Baghuz က အိုင်အက်စ်တွေကို တိုက်ခိုက်ရာမှာ အသာစီးရနေပြီး အိုင်အက်စ် တိုက်ခိုက်ရေးသမား ၃၈ ဦး သေဆုံးခဲ့ရတယ်လို့ ပြောပါတယ်။

IS စစ်သွေးကြွ အများစု ပါဝင်တဲ့ လူ ၃၀၀၀ ကျော် Baghuz ကဆုတ်ခွာ
please wait

No media source currently available

0:00 0:00:53 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG