သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီယားမှာ IS ချေမှုန်းရေး အပြီးသတ်ကြိုးပမ်းနေ


ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့ SDF
ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့ SDF

ဆီးရီးယားနိုင်ငံ၊ အရှေ့မြောက်ပိုင်း Baghuz ရွာက IS အစွန်းရောက်အဖွဲ့ရဲ့ နောက်ဆုံးလက်ကျန်နေရာကို ဒီကနေ့ တနင်္ဂနွေနေ့မှာ အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ အမေရိကန် ကျောထောက်နောက်ခံပေးထားတဲ့ တပ်ဖွဲ့တွေက တာဝန်ရှိသူတွေက ပြောပါတယ်။

အီရတ် နယ်စပ်မှာ ဖြစ်ပွားနေတဲ့ ဒီတိုက်ပွဲက IS အစွန်းရောက်တို့ ကျဆုံးခန်းအတွက် အဆုံးအဖြတ်ပေးတဲ့ တိုက်ပွဲဖြစ်လိမ့်မယ်လို့ ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့ SDF ပြောခွင့်ရက Reuters သတင်းဌာနကို တနင်္ဂနွေနေ့ အစောပိုင်းမှာ ပြောကြားပါတယ်။ ဆီးရီးယား အရှေ့မြောက်ပိုင်း က Baghuz ရွာမှာ IS အစွန်းရောက်အဖွဲ့နောက်ဆုံးေ ခြေကုတ်ယူထားတဲ့ နေရာကို အမေရိကန် ကျောထောက်နောက်ခံ ပေးထားတဲ့ တပ်ဖွဲ့ဝင် ၁ သောင်းခွဲလောက်က သောကြာနေ့နှောင်းပိုင်းကစပြီး နောက်ဆုံးထိုးစစ်နဲ့ တိုက်ခိုက် နေတာပါ။

ဒီကနေ့ မနက်ပိုင်းအထိ အပြင်းအထန် တိုက်ခိုက်နေဆဲဖြစ်ပြီး တိုက်ပွဲက သိပ်ကြာတော့မှာ မဟုတ်ဘူးလို့ တာဝန်ရှိသူတွေက အခိုင်အမာ ယူဆထားပါတယ်။

“မကြာခင် ပြီးဆုံးသွားဖို့ မျှော်လင့်ထားပါတယ်” လို့ ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့ SDF ပြောခွင့်ရ Mustafa Bali က ဒီကနေ့ Twitter မှာရေးပါတယ်။ တင့်ကားတွေ၊ အဆောက်အဦးပျက်တွေနဲ့ ဝိုင်းပတ်ထားတဲ့ မြေကွက်လေးကို ခုခံတိုက်ခိုက်နေတဲ့ IS လက်နက်ကိုင်တွေကို SDF တပ်ဖွဲ့တွေက တလမ်းဝင်တလမ်းထွက် တိုက်ခိုက်နေတယ်လို့ ပြောခွင့်ရ Bali က ဗွီအိုအေကို အစောပိုင်းမှာပြောထားပါတယ်။

IS ကိုတိုက်ခိုက်နေတဲ့ထဲမှာပါတဲ့ ကားဒစ်ရှ် YPG လက်နက်ကိုင်အဖွဲ့ ပြောခွင့်ရတဦးက အမေရိကန်ကျောထောက်နောက်ခံပြု တပ်ဖွဲ့ဝင် လေးဦးထက်မနည်း ဒဏ်ရာရ ထားတယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG