သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားက IS လက်ကျန်ချေမှုန်းရေး တိုက်ပွဲပြင်းထန်


ဆီးရီးယားနိုင်ငံက IS စစ်သွေးကြွတွေကို အမေရိကန် ကျောထောက်နောက်ခံ ပေးထား တဲ့ ဆီးရီးယား-ဒီမိုကရက်တစ် SDF တပ်တွေက နောက်ဆုံးအချီအဖြစ် နိုင်ငံရဲ့ အရှေ့မြောက်ဘက် Baghuz မြို့မှာ စစ်ဆင်ရေးကြီးပြုလုပ်နေတာကြောင့် တိုက်ပွဲတွေအပြင်းအထန် ဖြစ်ပွားနေ ပါတယ်။

Caliphate အုပ်ချုပ်ရေးဒေသ ထူထောင်ဖို့ကြိုးပမ်းနေတဲ့ နောက်ဆုံးလက်ကျန် IS စစ်သွေးကြွတွေကို ဒေသစံတော်ချိန် တနင်္ဂနွေညနေ ၆နာရီလောက်မှာ ထိုးစစ်ဆင်တာဖြစ်ကြောင်း SDF တပ်ပြောခွင့်ရက ပြောပါတယ်။

IS တွေ ကိုယ့်ဖာသာ လက်နက်ချဖို့ ပေးထားတဲ့အချိန် ကျော်သွားပြီလို့SDF တပ်ပြောခွင့်ရ Mustafa Bali က သူ့တွစ်တာမှာရေးတာပါ။ အခုအချိန်ဟာ IS တွေထိန်းချုပ်ထားတဲ့ နောက်ဆုံးလက်ကျန် နယ်မြေတွေကို SDF က ပြန်လည်ရယူဖို့ အဆင်သင့်ဖြစ်နေပြီလို့လည်း ပြောပါတယ်။

ရွက်ဖျင်တဲတွေနဲ့ အဆောက်အဦး အပြိုအပျက်တွေရောနေတဲ့ Baghuz မြို့မှာ စစ်ဆင်ရေးလုပ်ရတာ ခက်ခဲမယ်ဆိုတာ မျှော်လင့်ထားကြောင်း SDF တပ်ရော အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။

IS တွေဟာ တူးမြောင်း၊ လှိုဏ်ခေါင်းနဲ့ ဂူတွေကိုဆက်စပ်ထားတဲ့ လမ်းကြောင်းတွေ ကနေ ပုံးကွယ်ပြီး တန်ပြန်တိုက်ခိုက်မှုတွေ လုပ်နေ တာပါ။IS တွေရဲ့ လှိုဏ်ခေါင်း စနစ်ဟာ ၁ မိုင်ကျော်လောက်ပဲရှိပေမဲ့ ၊ ရှုပ်ထွေးပြီး ထောင်ချောက်ဗုံးတွေလည်း တပ်ဆင်ထားတယ်လို့ SDF ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG