သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS နောက်ဆုံးခြေကုတ်စခန်း မဟာမိတ် လေကြောင်းကတိုက်ခိုက်


ဆီးရီးယားနိုင်ငံမှာ နောက်ဆုံးလက်ကျန် IS စစ် သွေးကြွတွေ ခြေကုပ်ယူထားတဲ့ ဒေသမှာ ပိတ်မိနေတဲ့ အရပ်သားတွေကို ကယ်ထုတ်ဖို့ ကြိုးစားခဲ့ပြီးတဲ့နောက်မှာ မဟာမိတ်တပ်ဖွဲ့တွေက လေကြောင်း တိုက်ခိုက်ရေးတွေ လုပ်ဆောင်လိုက်ပါတယ်။

ဆီးရီးယား အရှေ့ပိုင်းက Baghuz ရွာကလေးက အရပ်သား ၂၀၀၀ လောက်ကို ကယ်ထုတ်ခဲ့ပြီး နောက်တနေ့မှာပဲ အဲဒီဒေသက နောက်ဆုံးလက်ကျန် IS တွေကို ပစ်မှတ်ထားပြီး ပစ်ခတ်မှုတွေနဲ့အတူ စစ်လေယာဉ်တွေနဲ့ ကြာသပတေးနေ့က တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒီလိုတိုက်ခိုက်တာဟာ IS စစ်သွေးကြွတွေကို ဖရိုဖရဲဖြစ်စေပြီး သူတို့ ဖမ်းထားတဲ့ အရပ်သားတွေ ထွက်ပြေးဖို့ အခွင့်အလန်း ရစေတယ်လို့ အမေရိကန်အကူအညီပေးထားတဲ့ SDF ဆီးရီးယား ဒီမိုကရက်တစ် တပ်ဦးအဖွဲ့က တပ်မှုး Adnan Afrin က VOA ကို ပြောပါတယ်။ ရာနဲ့ချီတဲ့ အရပ်သားတွေ ခြေကျင်ထွက်ပြေးနိုင်ခဲ့သလို တချို့တိုက်ခိုက်ရေးသမားတွေကိုလည်း ဖမ်းမိခဲ့တယ်လို့ ပြောပါတယ်။

Baghuz မှာ IS တိုက်ခိုက်ရေးသမား ရာနဲ့ချီကျန်နေအုံးမယ်လို့ ယုံကြည်ကြောင်း SDF နဲ့ မဟာမိတ်တပ်ဖွဲ့ အရာရှိတွေက ပြောပါတယ်။ သူတို့ဟာ အရပ်သားတွေကို လူသားဒိုင်းသဖွယ် အကာကွယ်ယူပြီး ပုန်းခိုနေနိုင်တယ်လို့လည်း ပြောပါတယ်။

IS လက်ကျန်တွေက လက်နက်ချဖို့ ငြင်းဆိုနေသလို သူတို့ဖမ်းထားတဲ့ အရပ်သားတွေကို ပြန်လွှတ်ပေးဖို့ ညှိနှိုင်းမှုတွေကလည်း နှေးကွေးနေတာ ဖြစ်ပါတယ်။ IS တိုက်ခိုက်ရေးသမားတွေက ထွက်ပြေးတဲ့ အရပ်သားတွေကို လိုက်လံပစ်ခတ်ခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG