သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS-Afghan ပြောခွင့်ရ ကန်ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံး


အာဖဂန်နိုင်ငံ Nangarhar ခရိုင်အတွင်း ကန် ဗုံးကြဲစဉ်
အာဖဂန်နိုင်ငံ Nangarhar ခရိုင်အတွင်း ကန် ဗုံးကြဲစဉ်

အမေရိကန်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အာဖဂန်နစ်စတန်နိုင်ငံက အိုင်အက်စ် စစ်သွေးကြွအဖွဲ့ခွဲ ပြောခွင့်ရ သေဆုံးသွားကြောင်း အတည်ပြုနိုင်ခဲ့သလို အာဖဂန်ကအိုင်အက်စ် အဖွဲ့ခွဲကို ခြေမှုန်းဖို့ ကြိုးစားမှုတွေမှာ အောင်မြင်မှုတွေ ပိုရနေတယ်လို့ အမေရိကန်က ပြောပါတယ်။

အာဖဂန်ကအိုင်အက်စ် အဖွဲ့ခွဲပြောခွင့်ရ Sultan Aziz Azam ဟာ ဒီဇင်ဘာလ ၂၃ ရက် တနင်္ဂနွေနေ့က အာဖဂန်နိုင်ငံ Nangarhar ခရိုင် လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးခဲ့ကြောင်း အမေရိကန်စစ်တပ်အရာရှိတဦးက ကြာသပတေးနေ့မှာ ပြောပါတယ်။ ဒီလေကြောင်း တိုက်ခိုက်မှုမှာ နောက်ထပ် အိုင်အက်စ် စစ်သွေးကြွ တဦးပါ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုကို အာဖဂန်အရာရှိတွေက ပထမဆုံးအကြိမ်အဖြစ် လူသိရှင်ကြား သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပြီး ဒီတိုက်ခိုက်မှု ကြောင့် အရပ်သား သေဆုံးမှုမရှိဘူးလို့လည်း ပြောပါတယ်။

Azam ဟာ သူ့ရဲ့ ကိုယ်ရံတော် ၃ ယောက်နဲ့အတူ သေဆုံးခဲ့တာ ဖြစ်ကြောင်း အာဖဂန်နစ်စတန်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရက VOA ကို ပြောပါတယ်။ ဒါ့အပြင် Azam ဟာ အရပ်သားတွေကို တိုက်ခိုက်ဖို့ လူသစ်စုဆောင်းမှု အတွက် တာဝန်ရှိသူတဦးလို့လည်း ပြောပါတယ်။

IS-Khorasan ခေါ် ISIS-K လို့ခေါ်တဲ့ ဒီအကြမ်းဖက်အဖွဲ့ကို အမေရိကန်နဲ့ အာဖဂန်တပ်ဖွဲ့ တွေရဲ့ ခြေမှုန်းမှုမှာ တိုးတက်မှုတွေ ရှိနေကြောင်း အမေရိကန် လွှတ်တော်အမတ်တွေကို ပင်တာဂွန်စစ်ဌာနချုပ်က တင်သွင်းတဲ့ ၄ လပတ် အစီရင်ခံစာ ထွက်လာခဲ့ပြီးတဲ့ နောက်မှာ အခုလို လေကြောင်း တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်ကစပြီး အမေရိကန်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် IS – K အဖွဲ့က ထိပ်ပိုင်းခေါင်းဆောင် ၃ ဦးနဲ့ ထိပ်ပိုင်း အရာရှိတွေ သေဆုံးခဲ့ရပါတယ်။

IS-Afghan ပြောခွင့်ရ ကန်ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံး
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG