သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား Kurds တွေကို တူရကီ တိုက်ခိုက်မှု တိုးမြှင့်


ဆီးရီးယားနိုင်ငံမြောက်ပိုင်းက Kurd လူမျိုးအများစုနေထိုင်တဲ့ Afrin မြို့ကို တူရကီက သိမ်းပိုက်ခဲ့ပြီးနောက် ဆီးရီးယားက Kurd တွေ အခိုင်အမာ တပ်စွဲထားတဲ့ နေရာတွေအပေါ် စစ်ဆင်ရေးတိုးလုပ်မယ်လို့ တူရကီသမ္မတ Recep Tayyip Erdogan ကတနင်္လာနေ့က အခိုင်အမာပြောကြားခဲ့ပါတယ်။

Euphrates အရှေ့ဖက် တူရကီ ဆီးရီးယားနယ်စပ်တလျှောက်က ဆီးရီးယားမြို့တွေဖြစ်တဲ့ Manbij။ Kobani နဲ့ တခြားမြို့တွေကို တူရကီတပ်တွေက ပြစ်မှတ်ထား စစ်ဆင်သွားမယ်လို့ သမ္မတ Erdogan ကပြောပါတယ်။

အဲဒီနယ်စပ်ဒေသကို အမေရိကန် အထောက်အပံ့ပေးထားတဲ့ ဆီးရီးယား Kurd တပ်တွေက ထိန်းချုပ်ထားတာဖြစ်သလို IS စစ်သွေးကြွတွေကို အမြစ်ဖြတ်နိုင်ရေးအတွက် အမေရိကန်တပ်တွေက Manbij မြို့မှာ တပ်စွဲထားပါတယ်။ ဒါကြောင့် တူရကီဖက်က တိုက်ခိုက်လာမယ်ဆိုရင် အမေရိကန်နဲ့ ပဋိပက္ခတွေဖြစ်လာနိုင်ပါတယ်။ အမေရိကန်တပ်တွေ အဲဒီဖက်မှာ ရှိနေတယ်ဆိုတာကို အမေရိကန်က ရှင်းရှင်းလင်းလင်းပြောထားတယ်လို့ Pantegon စစ်ဌာနချုပ်ပြောခွင့်ရသူက တနင်္လာနေ့က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

အမေရိကန်ကာကွယ်ရေးတာဝန်ရှိသူတွေနဲ့ တူရကီကာကွယ်ရေးတာဝန်ရှိသူတွေကြား အနီးကပ် ဆက်သွယ်မှုရှိတယ်လို့လည်း ပြောပါတယ်။ တူရကီတို့ သိမ်းပိုက်ခဲ့တဲ့ Afrin မြို့မှာ အရပ်သားတွေ သောက်ရေမရတော့ဘူးဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာနေတာကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေ ဆိုးလာနေတဲ့အပေါ်လည်း စိုးရိမ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG