သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-တူရကီ ဆက်ဆံရေးနိမ့်ကျမှု NATO အတွက်စိုးရိမ်ဖွယ်


တူရကီ သမ္မတ Recep Tayyip Erdogan (NOV, 2017)
တူရကီ သမ္မတ Recep Tayyip Erdogan (NOV, 2017)

အမေရိကန်ပြည်ထောင်စုရဲ့ ဆီးရီးယားဆိုင်ရာ မူဝါဒနဲ့ IS တို့ကို တိုက်ခိုက်နေကြတဲ့ ဆီးရီးယန်းကဒ် ပြည်သူ့စစ်တွေကို ထောက်ခံအားပေး နေတဲ့အတွက် တူရကီသမ္မတက အပြင်းအထန် ဝေဖန်တိုက်ခိုက် လိုက်ပါတယ်။ အဲဒီ ပြည်သူ့စစ်တွေဟာ တူရကီနိုင်ငံတွင်းက ကဒ်သောင်းကျန်း သူတွေကို ပံ့ပိုးနေသူတွေ ဖြစ်တယ်လို့လဲ စွပ်စွဲထားတာပါ။ ဒီအရေးကြောင့် NATO အဖွဲ့ဝင် ၂နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ တူရကီတို့ရဲ့ ဆက်ဆံရေး ယိုယွင်းစရာ ဖြစ်လာပါတယ်။ VOA သတင်းေးထာက် Dorian Jones အစ္စတန်ဘူးမြို့က ပေးပို့တဲ့ သတင်းလွှာကို ဦးကျော်ဇံသာက တင်ပြပါမယ်။

တူရကီသမ္မတ အာဒိုဝန်ဟာ ပါတီဝင်အရာရှိတွေကို သောကြာနေ့က မိန့်ခွန်းပြောရင်း အမေရိကန်ရဲ့ ဆီးရီးယားဆိုင်ရာ မူဝါဒကို ပြင်းပြင်းထန်ထန် ထိုးနှက် တိုက်ခိုက်လိုက်ပါတယ်။ ဆီရီးယားမှာ အမေရိကန်တွေ ဆီးရီးယားမှာ ပါဝင်စွက်ဖက် နေသလဲဆိုပြီး ပွင့်ပွင့်လင်းလင်း မေးခွန်းထုတ် လိုက်ပါတယ်။

“ အမေရိကန်ပြည်ထောင်စုဟာ သူတို့နဲ့ ကီလိုမီတာ ၁၂,၀၀၀ ဝေးတဲ့ နိုင်ငံတခုမှာ ဘာကြောင့် လာရောက် ပတ်သက်နေ ရတာလဲ၊ ဒီမေးခွန်းကို ဒေသတွင်း လူအများအပြား မေးကြပါတယ်၊ အခု ကျနော်တို့က မေးပါရစေ။”

ဒါ့အပြင် အမေရိကန်ဟာ သူ့ရဲ့တာဝန်ယူမှုတွေ ကတိတွေကို ဖောက်ဖျက်တယ်၊ သူအပေါ် လှည့်စားဖို့ ကြိုစားနေတယ်လို့လဲ ဆိုပါတယ်။ အမေရိကန် အစိုးရအနေနဲ့ IS တွေကို တိုက်ခိုက်ရာမှာ PYD ခေါ် ဆီရီးယားနိုင်ငံထဲက Kurds ကဒ်တွေကို လက်နက်ထောက်ပံ့ နေတဲ့ အတွက် တူရကီနဲ့ ဆက်ဆံရေး အဖုအထစ် ဖြစ်လာနေတာပါ။ PYD တွေဟာ တူရကီနိုင်ငံထဲက ကဒ်သောင်းကျန်း သူတွေနဲ့ ဆက်စပ်နေ တယ်လို့လဲ စွပ်စွဲထားပါတယ်။

ဒီအငြင်းပွါးမှုကြောင့် ယုံကြည်မှုကင်းမဲ့မှု ဘယ်အဆင့်ထိရောက်သွားသလဲဆိုရင် အမေရိကန်ပြည်ထောင်စုဟာ IS တို့ဆီကို ငွေသား အမြောက်အများ ပေးပို့နေတယ်လို့တောင် သမ္မတ Erdogan က စွပ်စွဲလာတဲ့ အထိပါပဲ။

“ IS တွေကို လက်နက်တပ်ဆင် ပေးထားသူတွေဟာ အကြမ်းဖက်အဖွဲ့ကို တိုက်ခိုက် နေတယ်ဆိုတဲ့ သူတွေပဲ ဖြစ်ပါတယ်။”

IS တွေအပေါ်ဆင်နွဲတဲ့ ထိုးစစ်တွေကိုအမေရိကန်က ဖျက်လိုဖျက်ဆီးနှောက်ယှက်တယ်၊ ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်သမားတွေကို ဖန်တီးပေးတဲ့သူတွေ PYD Kurd သောင်းကျန်းမှုကိုလဲ ဖန်တီးပေးထားတယ်လို့လဲ Erdogan ကဆက်ပြောပါတယ်။ တူရကီအစိုးရကို ထောက်ခံတဲ့ မီဒီယာတွေမှာတော့ IS တွေရဲ့နောက်မှာ အမေရိကန်အစိုးရ ရှိနေတယ်လို့ ထပ်ကာတလဲလဲ စွပ်စွဲနေတာပါ။ ဝိုင်းပိတ်မိထားတဲ့ Raqqa မြို့က IS တိုက်ခိုက်ရေးသမား ရာပေါင်းများစွာကို သူတို့ မိသားစုတွေနဲ့အတူ ထွက်ခွာနိုင်ငံအောင် Syria-Kurds ပြည်သူ့စစ်တွေနဲ့ အမေရိကန် တပ်ဖွဲတွေက ခွင့်ပြုလိုက်တဲ့ အတွက်လဲ ဒီလို တွေးဆမှုတွေ အားကောင်းလာတာ ဖြစ်ပါတယ်။

နိုင်ငံတကာဆက်ဆံရေးပါမောက္ခ Huseyin Bagci ကတော့ အမေရိကန်အပေါ် တူရကီသဘောထား ပိုမိုတင်းမာလာတာဟာ အကျိုးဆက်တွေ ရှိလာနိုင်တယ်လို့ သတိပေးထားပါတယ်။

“ အမေရိကန်ဟာ တူရကီအစိုးရအပေါ် ဖိအားပိုပေးလာလိမ့်မယ် ဆိုတာတွေ့နေ ရပါတယ်။ ဒါပေမဲ့ သမ္မတ Erdogan က ဒါကို ဘယ်အတိုင်းအတာအထိ တုံ့ပြန်နိုင်မလဲ ဆိုတာတော့ မေးစရာပါပဲ။”

တူရကီနယ်စပ်က ဆီးရီးယားနယ်မြေ Afrin မှာရှိနေတဲ့ Syrian-Kurds တပ်ဖွဲ့တွေ ဖယ်ရှားပေးဖို့ သောကြာနေ့မှာ သမ္မတ Erdogan က ထပ်မံတောင်းဆိုလိုက်တဲ့ အတွက်လည်း တူရကီ-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး ပိုတင်းမာ လာနိုင်ပါတယ်။ Afrin ကို ထိုးစစ်ဆင် မယ်လို့လည်း Erdogan က မကြာခဏ သတိပေးနေတာပါ။

ဒါပေမဲ့ ဒီလိုထိုးစစ်ဆင်မယ်ဆိုရင် ရုရှားရဲ့သဘောတူညီချက် လိုအပ်လိမ့်မယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။ စစ်သားတွေလဲ အဲဒီမှာ ရှိနေပါတယ်။ သမ္မတ Erdogan ကတော့ ဒီကိစ္စအတွက် သူဟာ ရုရှားသမ္မတ Vladimir Putin နဲ့ ဖုန်းဆက်စကား ပြောခဲ့ပြီလို့ ဆိုပါတယ်။ အကျိုးရှိတဲ့ ဆွေးနွေးမှုလို့ ဆိုပါတယ်။

နောက်အပတ်ကျရင် သမ္မတ Erdogan ၊ ရုရှားသမ္မတ Putin နဲ့ အီရန်သမ္မတတို့ ထိပ်သီး ၃ ဦး ဆီးရီးယားအရေး ဆွေးနွေးကြဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့နှစ်က ဒီ ၃ နိုင်ငံဆက်ဆံရေး သိသိသာသာ တိုးတက်လာတာဟာ တူရကီရဲ့ နေတိုးမဟာမိတ် တွေအတွက် စိုးရိမ်စရာကြီးပါ။

ဒါ့အပြင် NATO စစ်ရေးလေ့ကျင့်မှုကနေ တူရကီတပ်ဖွဲ့တွေ နှုတ်ထွက်မယ်လို့လဲ သမ္မတ Erdogan က ကြေညာ လိုက်ပါသေးတယ်။ စစ်ရေးလေ့ကျင့်ရာမှာ ပါဝင်တဲ့ တခြားနိုင်ငံက စစ်သားတွေ သူနဲ့ တူရကီနိုင်ငံ တည်ထောင်ခဲ့သူ Mustafa Kemal Ataturk ကို မလေးမစား လုပ်တဲ့အတွက် တုံ့ပြန်တာလို့ဆိုပါတယ်။ ဒါမျိုး လုပ်ရင်တော့ မဟာမိတ်ဆိုတာ ရှိတော့မှာ မဟုတ်ဘူးလို့လဲ သတိပေး လိုက်ကြောင်းပါခင်ဗျား။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG