သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား မှာ "စစ်ရှိန်လျှေ့ာချရေး နယ်မြေ" ဖော်ဆောင်ဖို့ ရုရှား-တူရကီ သဘောတူ


A truck carries a barn as Armenian refugees leave the village of Nor Maragha near Agdam.
A truck carries a barn as Armenian refugees leave the village of Nor Maragha near Agdam.

ဆီးရီးယားပြည်တွင်းစစ်ရပ်စဲရေးအထောက်အကူဖြစ်စေဖို့အတွက် ဆီးရီးယားနိုင်ငံ မြောက်ပိုင်းအချက်အချာကျတဲ့ Idlib ဒေသမှာ စစ်ဆင်လျော့ချရေး နယ်မြေသစ်ဖန်တီးဖို့အတွက် ရုရှား သမ္မတ Vladimir Putin နဲ့တူရကီသမ္မတ Recep Tayyip Erdogan တို့ ကြာသပတေးနေ့က သဘောတူလိုက်ကြပါတယ်။

အခုလက်ရှိမှာဂျီဟတ် တိုက်ခိုက်ရေးသမားတွေရဲ့ ထိန်းချုပ်မူအောက်ရောက်နေတဲ့ Idlib ဒေသမှာ စစ်ဆင်လျော့ချရေး နယ်မြေဖော်ဆောင်မယ့်ကိစ္စကို ပိုမိုအရှိန်မြင့်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သဘောတူညီမူရပြီး တူရကီသမ္မတ Erdogan ကပြောကြားလိုက်ပါတယ်။ ဒီသဘောတူညီချက်ဟာ ဆီးရီးယားပြည်တွင်းစစ်ရပ်ဆိုင်းရေး နဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် စတင်နိုင်ဖို့အတွက် အဓိက ဆောင်ရွက်ချက်ဖြစ်တယ်လို့လဲ သုံးသပ်သူတွေက ရှုမြင်ကြပါတယ်။

ရုရှား သမ္မတ Putin ကလည်း ဆီးရီးယားစစ်ပြီးဆုံးသွားဖို့အတွက် လိုအပ်နေတဲ့အခြေအနေတွေအားလုံး ဖန်တီးပြီးဖြစ်တယ်လို့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။ ဆီးရီးယား ရုရှား ၂ နိုင်ငံ ဆက်ဆံရေးဟာ ၂၀၁၅ မှာ ရုရှား တိုက်လေယာဉ်တစင်း တူရကီ ဂျက်လေယာဉ်တွေကို ပစ်ချခဲ့ပြီးတဲ့နောက် တင်းတင်းမာမာဖြစ်သွားခဲ့တာပါ။ အခုလို ၂ နိုင်ငံ ဆက်ဆံရေးဟာ ပြန်လည်သင့်မြတ်လာတယ်ဆိုပေမယ့် သိပ်ခိုင်ခိုင်မာမာ မဟုတ်သေးဘူးလို့ သုံးသပ်သူတွေက သတိထားပြောဆိုနေပေမယ့် ခေါင်းဆောင် ၂ ဦးကတော့ သူတို့ ဆက်ဆံရေးဟာ အင်မတန်အရေးကြီးလေးနက်ကြောင်း ပြောကြားသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG