သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓာတုလက်နက်သုံးတိုက်ဖို့ ဆီးရီးယားပြင်နေကြောင်း ကန်စွပ်စွဲ


မေလအတွင် းSyria နိုင်ငံ Homs မြို့တွင်ပေါက်ကွဲမှုဖြစ်စဉ်
မေလအတွင် းSyria နိုင်ငံ Homs မြို့တွင်ပေါက်ကွဲမှုဖြစ်စဉ်

ဆီးရီးယားနိုင်ငံမြောက်ပိုင်းမှာ ဧပြီလကတိုက်ခိုက်မှုနဲ့ အလားသဏ္ဍာန်တူတဲ့ ဓာတုလက်နက်သုံး တိုက်ခိုက်မှုတခုလုပ်ဖို့ ဆီးရီးယားအစိုးရက ပြင်ဆင်နေပုံရတာကို သိရှိထားတယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောလိုက်ပါတယ်။ ဧပြီလ တိုက်ခိုက် မှုဖြစ်ပြီးချိန်မှာ အမေရိကန်က လက်တုန့်ပြန် တိုက်ခိုက်ခဲ့တာပါ။

ဆီးရီးယားအစိုးရတပ်တွေက ဓာတုလက်နက်သုံးတိုက်ခိုက်မှု ထပ်လုပ်မယ်ဆိုရင် ဆီးရီးယားသမ္မတ ဘာရှာ အယ်လ်-အာဆဒ်နဲ့ သူ့ရဲ့စစ်ဘက်ဟာ တန်ဖိုးကြီးကြီး ပြန်ပေးဆပ်ရလိမ့်မယ်လို့ သမ္မတအိမ်ဖြူတော်ပြောခွင့်ရ Sean Spicer ရဲ့ တနင်္လာနေ့ နှောင်းပိုင်း ထုတ်ပြန်ချက်တခုမှာ သတိပေးထားပါတယ်။ ဒီလိုပြင်ဆင်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်ပြီး တိကျတဲ့ သတင်း အချက်အလက် ဒါမှမဟုတ် အထောက်အထားတွေကို တော့ ထုတ်ပြောမထားပါဘူး။ ဆီးရီးယားတာဝန်ရှိသူတွေကတော့ ဒီစွပ်စွဲ ချက်ကို ငြင်းပါတယ်။

ဆီးရီးယားအရပ်သားတွေအပေါ် နောက်ထပ် ဘယ်လိုတိုက်ခိုက်မှုမျိုးအတွက်မဆို သမ္မတအာဆဒ်မှာ သာမက ကိုယ့်လူထုကို ပြန် သတ်နေတဲ့ သမ္မတအာဆဒ်ကို ထောက်ခံပံ့ပိုးနေတဲ့ ရုရှားနဲ့အီရန်တို့မှာပါ တာဝန်ရှိလိမ့်မယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley က Twitter မှာရေးပါတယ်။

ရုရှားနဲ့အီရန်တို့ဟာ သမ္မတအာဆဒ်ကို ထောက်ခံပံ့ပိုးနေတဲ့ အဓိကနိုင်ငံတွေဖြစ်ပြီး သူပုန်တွေကိုရော၊ IS စစ်သွေးကြွတွေကိုပါ ရင်ဆိုင်နေရတဲ့ ရှုပ်ထွေးတဲ့တိုက်ပွဲတွေ အတွက် စစ်ရေး အထောက်အပံ့တွေ ပေးထားကြတာပါ။ ဆီးရီးယားခေါင်းဆောင်ပိုင်းကို ခြိမ်းခြောက်တာဟာ လက်ခံနိုင်ဖွယ်ရာ မရှိဘူးလို့ ရုရှားသမ္မတပြောခွင့်ရ Dmitry Peskov က သတင်းထောက်တွေကို ဒီကနေ့မှာ ပြောပြီး ဓာတုလက်နက်သုံး တိုက်ခိုက် မှုဆိုင်ရာ ဘယ်လိုသတင်းမျိုးမှ သူ သိမထားဘူးလို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG