သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီယားဓါတုလက်နက်ကိစ္စ လုပ်ကြံဖန်တီးမှု ဆီးရီယားသမ္မတငြင်းဆန်


ဆီးရီးယား သမ္မတ Bashar al-Assad
ဆီးရီးယား သမ္မတ Bashar al-Assad

ဆီးရီးယား နိုင်ငံတွင်း ပြီးခဲ့တဲ့ သတင်းပတ်က ဓာတုလက်နက်သုံး တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဒီစွပ်စွဲချက်တွေက ရာနှုန်းပြည့် လုပ်ကြံ ဖန်တီးမှု ဖြစ်တယ်လို့ ဆီးရီးယား သမ္မတ Bashar al-Assad က ဒီကနေ့ ပြောဆိုပါတယ်။

ဆီးရီးယား စစ်တပ်က ဓာတုလက်နက် အားလုံကို စွန့်လွှတ်ခဲ့ပြီး ဖြစ်တယ်လို့ AFP သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုသွားတာပါ။ ဓာတုလက်နက်တွေနဲ့ တိုက်ခိုက်ခဲ့ရာ ပင်မ ဌာနေ တခုအဖြစ် အမေရိကန် အစိုးရက ယုံကြည်ထားတဲ့ ဆီးရီးယား လေတပ် အခြေစိုက် စခန်းကို ပြီးခဲ့တဲ့ သတင်းပတ်ကဘဲ အမေရိကန်တို့က ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တာပါ။

ဆီးရီးယား စစ်တပ်က Idlib ပြည်နယ်တွင်းက အရပ်သားတွေကို ဓာတုလက်နက်နဲ့ တိုက်ခိုက်ခဲ့ပြီး အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် အတော်များများ သေဆုံးခဲ့ရတာလို့ အမေရိကန် ပြည်ထောင်စုက ပြောဆိုတာ ဖြစ်ပါတယ်။

ဆီးရီးယား အစိုးရက တရားမဝင် ဓာတုလက်နက်သုံး တိုက်ခိုက်မှုဟာဆိုရင် ကမ္ဘာကို ခြိမ်းခြောက်မှု ဖြစ်တယ်ဆိုပြီးလည်း အမျိုးသား လုံခြုံရေး ကောင်စီက ဒီသတင်းပတ် အစောပိုင်းမှာ ထုတ်ပြန်တာပါ။

ဆီးရီယားဓါတုလက်နက်ကိစ္စ လုပ်ကြံဖန်တီးမှု ဆီးရီယားသမ္မတငြင်းဆန်
please wait

No media source currently available

0:00 0:00:53 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG