သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓါတုလက်နက် ဆီးရီးယားငြင်းချက် ရုရှားထောက်ပြမှု ကန်ပါယ်ချ


Victims of the chemical weapons attack lie on the ground in Khan Sheikhoun, in the northern province of Idlib, Syria, April 4, 2017.
Victims of the chemical weapons attack lie on the ground in Khan Sheikhoun, in the northern province of Idlib, Syria, April 4, 2017.

ဆီးရီးယားမှာ လွန်ခဲ့တဲ့သီတင်းပါတ်က ဆီးရီးယားပြည်သူတွေ သေဆုံးခဲ့ရတဲ့ အဆိပ်ဓါတ်ငွေ့တွေဟာ သူပုန်တွေရဲ့ လက်နက်တိုက်အပေါ် လေကြောင်းတိုက်ခိုက်မှုက ပျံ့လာတာဖြစ်တယ်လို့ ရုရှားရဲ့ အပြောကို အမေရိကန်က ပြတ်ပြတ်သားသားပယ်ချခဲ့ပြီး ဒါဟာ အရပ်သားတွေအပေါ် ဆီးရီးယားတပ်တွေရဲ့ တမင်တိုက်ခိုက်မှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဆီးရီးယားပြည်သူတွေအပေါ် ဓါတုလက်နက်နဲ့တိုက်ခိုက်ခဲ့တာနဲ့ပါတ်သက်လို့ ကမ္ဘာကမျက်စိလည်အောင် ဆီးရီးယားအစိုးရနဲ့ ရုရှားတို့က ကြိုးစားနေတယ်လို့ အင်္ဂါနေ့မှာ ထုတ်ပြန်လိုက်တဲ့ အမျိုးသားလုံခြုံရေးကောင်စီ NSC အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ ဆီးရီးယားက ဓါတုလက်နက်အသုံးပြုတာကို လက်ခံနိုင်စရာမရှိသလို ဒါဟာ အမေရိကန်နဲ့ ကမ္ဘာအတွက် အန္တရာယ်ဆိုတာ ရှင်းတယ်လို့ NSC ကပြောထားပါတယ်။

ဒီလုပ်ရပ်မျိုးကို သည်းခံမှာမဟုတ်ဘူးဆိုတာ နိုင်ငံတကာအသိုင်းအဝိုင်းက ပြသဖို့လည်း တောင်းဆိုပါတယ်။ နောက်ထပ်လုပ်မယ်ဆိုရင် ဘယ်လိုအကျိုးဆက်တွေ ရှိလာနိုင်သလဲဆိုတာကိုတော့ အစီရင်ခံစာထဲမှာ ပြောမထားပါဘူး။ ဆီးရီးယားသမ္မတ Bashar al-Assad ရဲ့မဟာမိတ် ရုရှားအစိုးရဟာ အဆိပ်ဓါတ်ငွေ့နဲ့ တိုက်ခိုက်တဲ့ကိစ္စ ဘယ်သူ့လက်ချက်လည်းဆိုတာ အမြင်ရှုပ်အောင်လုပ်နေတာ ရှင်းတယ်လို့ အိမ်ဖြူတော်သတင်းစာရှင်းပွဲမှာ အမျိုးသားလုံခြုံရေးတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ April လ ၄ ရက်နေ့က ဓါတုလက်နက်တွေဟာ အဆောက်အဦးပေါ်ကျတာမဟုတ်ဘဲ လမ်းမပေါ်ကျခဲ့တာဖြစ်တယ်လို့ ရှင်းလင်းပြောပြခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG