သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား အဆိပ်ဓါတ်ငွေ့ တိုက်ခိုက်မှု နိုင်ငံတကာရှုံချ


Abdul-Hamid Alyousef, 29, holds his twin babies who were killed during a suspected chemical weapons attack, in Khan Sheikhoun in the northern province of Idlib, Syria, April 4, 2017.
Abdul-Hamid Alyousef, 29, holds his twin babies who were killed during a suspected chemical weapons attack, in Khan Sheikhoun in the northern province of Idlib, Syria, April 4, 2017.

ဆီးရီးယားအစိုးရရဲ့ မသင်္ကာဖွယ်ရာ ဓါတုလက်နက်နဲ့ တိုက်ခိုက်ခဲ့တဲ့ ဆီးရီးယားသမ္မတ Bashar al-Assad ကို ထောက်ပံ့ပေးမှုတွေအတွက် ဗြိတိန်၊ ပြင်သစ်နဲ့ အမေရိကန်ပြည်ထောင်စုတို့က ရုရှားနိုင်ငံကို ဗုဒ္ဓဟူးနေ့မှာ ပြင်းထန်စွာ ပြစ်တင် ရှုတ်ချလိုက်ကြပါတယ်။

ဆီးရီးယားနိုင်ငံ Idlib ပြည်နယ်၊ Khan Sheikhoun မြို့မှာ ခြေကုတ်ယူထားတဲ့ သူပုန်အဖွဲ့တွေအပေါ် ပြုလုပ်ခဲ့တဲ့ ဆီးရီးယား အစိုးရရဲ့ တိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သားပြည်သူ ရာနဲ့ချီ သေဆုံးခဲ့ကြရတဲ့အတွက် နိုင်ငံတကာက အမျက် ဒေါသထွက်ခဲ့ကြပါတယ်။

ထိခိုက် သေဆုံးသူတွေဟာ ဓါတု အဆိပ်ဓါတ်ငွေ့ ထိထားခံထားရသူတွေရဲ့ လက္ခဏာတွေနဲ့တူကြောင်း WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးကလည်း ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ အနောက်နိုငိငံတွေက အကူအညီပေးရေး အဖွဲ့တွေ စုစည်း ဖွဲ့စည်းထားတဲ့ ညွန့်ပေါင်းအဖွဲ့ရဲ့ အဆိုအရ သေဆုံးသူ အရေအတွက်ဟာ ၁၀၀ ခန့်ရှိပြီး နောက်ထပ် လူ ၃၅၀ လောက်လည်း အဲဒီ ဓါတု အဆိပ်ငွေ့ ထိမှန်ခံထားရတယ်လို့ ဆိုပါတယ်။

ဒီ တိုက်ခိုက်မှုဟာ လူသားမျိုးနွယ်ကို စော်ကားတဲ့ တိုက်ခိုက်မှုဖြစ်တဲ့အတွက် သည်းခံနိုင်စရာ အကြောင်းမရှိဘူးလို့ သမ္မတ အိမ်ဖြူတော်မှာ ဂျော်ဒန်ဘုရင် Abdullah နဲ့ အတူ ပူးတွဲ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သမ္မတ Donald Trump က ပြောပါတယ်။ သူ့အနေနဲ့ ဒီကိစ္စကို စစ်ရေးအရ တုန့်ပြန်သွားဖို့ ရှိသလားလို့ မေးတဲ့အခါမှာတော့ - ဘယ်နည်းနဲ့ တုန့်ပြန် လုပ်ဆောင်မယ်ဆိုတာကို မပြောလိုကြောင်း သမ္မတ Trump က မရေမရာ ဖြေကြားသွားပါတယ်။

ဂျော်ဒန်ဘုရင် Abdullah ကတော့ ဒါဟာ ဆီးရီးယား ပြဿနာကို နိုင်ငံတကာက သံတမန်ရေးနည်းလမ်းနဲ့ မဖြေရှင်းနိုင်ခြင်းရဲ့ ရလဒ်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG