သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား Drone ကို ကန် တိုက်လေယာဉ် ပစ်ချ


မှတ်တမ်းဓာတ်ပုံ - အမေရိကန် လေတပ် F-15E Strike Eagles ဆီးရီးယား နိုင်ငံတွင်း လေကြောင်းတိုက်ခိုက်မှု အပြီး အီရတ်ကို ပြန်လည် ပျံသန်းစဉ်။
မှတ်တမ်းဓာတ်ပုံ - အမေရိကန် လေတပ် F-15E Strike Eagles ဆီးရီးယား နိုင်ငံတွင်း လေကြောင်းတိုက်ခိုက်မှု အပြီး အီရတ်ကို ပြန်လည် ပျံသန်းစဉ်။

ဆီးရီးယားနိုင်ငံမှာ တောင်ပိုင်းက ညွန့်ပေါင်းတပ်ဖွဲ့တွေရှိရာ အနီးကို ချဉ်းကပ်လာနေတဲ့ ဆီးရီးယား အစိုးရလိုလားတဲ့ တပ်ဖွဲ့ပိုင် လက်နက်တပ်ဆင်ထားတဲ့ Drone ယာဉ်ကို အမေရိကန် တိုက်လေယာဉ်က အင်္ဂါနေ့မှာ ပစ်ချလိုက်တယ်လို့ စစ်ဘက်ဆိုင်ရာ အရာရှိတွေက ပြောပါတယ်။

Al-Tanf မြို့အနီးက IS အစ္စလာမ္မစ် စစ်သွေးကြွတွေနဲ့ ရင်ဆိုင် တိုက်ခိုက်နေတဲ့ ညွန့်ပေါင်း တပ်စခန်းအနီးကို ချဉ်းကပ်လာနေတဲ့ အီရန်လုပ် Shahed 129 အမျိုးအစား အဲဒီ ဒရုန်းယာဉ်ကို အမေရိကန် တိုက်လေယာဉ် F-15E Strike Eagle က ဒေသစံတော်ချိန် ညသန်းခေါင်ကျော် ၁၂ နာရီခွဲလောက်မှာ ပစ်ချလိုက်တာလို့ အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်ရဲ့ ပြောခွင့်ရ ရေတပ်ဗိုလ်မှူးကြီး Jeff Davis က ပြောပါတယ်။ အဲဒီ ညွန့်ပေါင်းတပ်တွေကို အမေရိကန်က သင်တန်း ပို့ချပေးနေတာပါ။

အင်္ဂါနေ့က ပစ်ချလိုက်တဲ့ ဒရုန်းယာဉ်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့ ပစ်ချခံလိုက်ရတဲ့ အီရန်လုပ် ဒရုန်းယာဉ်နေရာမှာ ရှိနေခဲ့တာလို့ Davis က ပြောပါတယ်။

ဆီးရီးယားနိုင်ငံအတွင်း IS စစ်သွေးကြွတွေကို တိုက်ခိုက်နေတာကလွဲလို့ ဆီးရီးယားအစိုးရနဲ့ ပဋိပက္ခ မဖြစ်လိုကြောင်း၊ ဒါပေမယ့် မိမိကိုယ်ကို ခုခံကာကွယ်တာနဲ့ အမေရိကန်ရဲ့ မဟာမိတ်တွေကို ချက်ချင်း ခုခံကာကွယ်သွားမှာ ဖြစ်ကြောင်း Jeff Davis က သတင်းထောက်တွေကို ပြောပါတယ်။

လေကြောင်း စစ်ဆင်ရေးတွေမှာ တဖက်နဲ့တဖက် နားလည်မှု လွဲပြီး မှားယွင်း ပစ်ခတ်မှုတွေ မရှိရအောင် အမေရိကန်နဲ့ ရုရှားအကြား ပဋိပက္ခ ဖြေလျော့ရေး တယ်လီဖုန်းလိုင်းဖွင့်ထားပြီး အပြန်အလှန် ကြိုတင် အသိပေးတာမျိုး လုပ်ဆောင်ကြတဲ့ အစဉ်အလာ ရှိပေမယ့်လည်း အင်္ဂါနေ့က ပစ်ခတ်မှုမှာတော့ အရေးပေါ် ဖြစ်လာတဲ့အတွက် မပစ်ခင် ကြိုတင် အသိပေးနိုင်ခဲ့ခြင်း မရှိခဲ့ဘူးလို့ Davis က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG